ထက်မြတ်အောင်
ဒီဇင်ဘာ ၂၄
တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် မြောက်ဦးမြို့သို့ ခရီးသွားဝင်ရောက်မှု အခြေအနေမှာ ရပ်ဆိုင်းလုနီးပါးရှိနေပြီဟု မြောက်ဦးမြို့ ခရီးသွားလုပ်ငန်းရှင်များက မော်ကွန်းကို ပြောသည်။
မြောက်ဦးမြို့သို့ နိုင်ငံခြားခရီးသွား ဝင်ထွက်မူကို ရပ်ဆိုင်းထားပြီး လက်ရှိတွင် ပြည်တွင်း NGO အဖွဲ့အစည်း အနည်းငယ် သာအစည်းအဝေးများ လာရောက်ပြုလုပ်ကြသည်ဟု မြောက်ဦးမြို့ ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။
မြောက်ဦးနဝရတ်ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက “တချို့ ပြည်တွင်းခရီးသွားတွေ ဝင်နေသေးတာတော့ရှိတယ် လုံးချင်း ပိတ်ပြစ် လိုက်တာမရှိဘူး လူအရေအတွက်က အရင်က ထက်စာရင်အဝင်နည်းသွားတာတော့ရှိတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ ခရီးသာွးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ကလည်း ” အရင်တုန်းကဆိုရင် မြောက်ဦးကို သွားဖို့အတွက် စစ်တွေကနေ တစ်ဆင့် ပြည်တွင်းလေကြောင်းလိုင်းတွေပြေးဆွဲကြတယ်။ ပြည်တွင်းလေကြောင်းလိုင်း တွေလည်း နိုင်ငံခြားခရီးသွားတွေဆီကရတဲ့ဝင်ငွေနဲ့ ပြည်တွင်းခရီးသည်တွေဆီက ရတဲ့ဝင်ငွေရှိတယ်။ ခုကျတော့ ပြည် တွင်းခရီးသည်တွေရဲ့ ဝင်ငွေပေါ်မှာပဲ ရပ်တည်နေရတဲ့အတွက် နိုင်ငံခြားဝင်ငွေရရှိမူ နည်းပါးသွားတယ်”ဟု ဆိုသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်း ခရီးစဉ်အလိုက် ခွင့်ပြုချက်လိုအပ်သော ဒေသများအဖြစ် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်၊ပေါက်တော၊ကျောက်တော်၊မြေပုံ၊ကျောက်ဖြူ၊ရမ်းဗြဲ၊ပုဏားကျွန်း၊မြောက်ဦး၊မင်းပြားနှင့် ရခိုင်ပြည်နယ်နှင့်နယ်နမိတ်ထိနေသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့အား သတ်မှတ်ထားသည်။
မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ထုက္ကန့်သိမ် ပုထိုးတော်ကြီး
#mawkun #magazine #chronicle #dailynews