ကျော်ဇေယျ
ရန်ကုန်၊ဖေဖော်ဝါရီ-၁၃၊၂၀၂၀
မြေလွတ်၊မြေလပ်နှင့်မြေရိုင်းလုပ်ပိုင်ခွင့်ရသူတွေထံက အခွန်ကောက်ခံရာမှ ပြည့်မှီအောင် မကောက်ခံနိုင် ခဲ့ဘူးလို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းက ပြောပါတယ်။
၂၀၁၈-၁၉ဘဏ္ဍာနှစ်၊ ဒုတိယခြောက်လအတွင်း အခွန်အကောက်ရရှိမှု အခြေအနေကို ပြည်ထောင်စုလွှတ် တော်ကို ရှင်းလင်းရာမှာ သူက ပြောခဲ့တာပါ။
ဒီလိုဖြစ်ရတာဟာ မြေခွန်ပေးသွင်းရမယ့်သူတွေကို အခွန်ကောက်ခံရမယ့်တာဝန်ရှိတဲ့ဌာနက မဆက်သွယ်နိုင် တာ၊ ဆက်သွယ်ရရှိသူတွေဟာလည်း ပေးရန်ရှိတဲ့ ဒီမြေခွန်တွေကို လာရောက်ပေးသွင်းမှုမရှိတာတွေကြောင့် ဒီကဏ္ဍမှာ အခွန်လျာထားချက် မပြည့်မှီခဲ့တာလို့ သူက ရှင်းပြပါတယ်။ မြေလုပ်ပိုင်ခွင့်ရရှိသူတွေထံက အခွန် ကောက်ယူဖို့ တာဝန်ရှိတဲ့ဌာနက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဦးစီးဌာနအောက်က လယ်ယာမြေစီမံ ခန့်ခွဲမှုနဲ့စာရင်းအင်းဦးစီးဌာနဖြစ်တယ်လို့လည်း သူက ရှင်းပြတယ်။
ဒီ ဒုတိယခြောက်လအတွင်း မြေလွတ်၊မြေလပ်နှင့်မြေရိုင်းလုပ်ပိုင်ခွင့်ရရှိသူတွေထံက ကျပ် တစ်ဘီလီယံ ကျော်လောက် အခွန်ရဖို့ လျာထားခဲ့ပေမယ့် တကယ်ကောက်ခံရရှိတဲ့အခွန်က ကျပ်သန်း ၇၀၀ ကျော်သာ ရှိတယ်လို့ သူက ဆိုပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့အနီးမှာ တွေ့ရတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း အဖြစ် လျှောက်ထားရယူခဲ့သည့် မြေကွက်တစ်ခု။ ဓါတ်ပုံ- မော်ကွန်း။
#Dailynews