မြဝတီ – ၂၀၂၄ စက်တင်ဘာ ၁၁ (မော်ကွန်း)
ထိုင်း-မြန်မာနယ်စပ်ကြားက သောင်ရင်းမြစ်ရေတွေ မြင့်တက်လာပြီး မြဝတီမြို့ပေါ်မှာ နေအိမ်တွေပါ နစ်မြုပ်တဲ့အထိ ရေကြီး၊ ရေလျှံမှုတွေဖြစ်နေကြောင်း မြို့ခံတွေဆီကသိရပါတယ်။
မြဝတီလိုပဲ သောင်ရင်းမြစ်တစ်ဘက်ကမ်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ချစ်ကြည်ရေးတံတားအနီးတဝိုက်မှာလည်း ရေကြီး၊ ရေလျှံမှုတွေဖြစ်နေပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အောက်ကနေ အထက်ကို စက်တင်ဘာ ၈၊ ၉၊ ၁၀ ရက်တွေမှာ လျှင်မြန်စွာမြင့်တက်လာတာကို ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၀ ရက် မနက်ပိုင်းကစလို့ သောင်ရင်းမြစ်နဲ့နီးတဲ့ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)ရပ်ကွက်တွေကို ရေစဝင်ပြီး နေအိမ်တွေ ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ဒီနေ့ မြဝတီဒေသခံကို ဆက်သွယ်မေးမြန်းရာမှာ“ပြည်သူတွေက ရေဘေးရှောင်နေရတယ်၊ ဘုန်းကြီးကျောင်းတို့၊ အမျိုးအိမ်တို့မှာ သွားနေကြပါတယ်၊ ရေကမကျဘဲနဲ့ ရေကထပ်တက်နေတယ်လို့” ဒေသခံက ပြောပါတယ်။
မြဝတီမြို့လိုပဲ ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်နယ်၊ အရှေ့ပိုင်းက ကျိုင်းတုံ၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တို့မှာလည်း မယ်ဆိုင်ချောင်း ရေလျှံတာကြောင့် ရေကြီးမှုတွေဖြစ်ပေါ်နေကာ နေအိမ်တွေလည်းနစ်မြုပ်နေပါတယ်။
တောင်ပိုင်းဒေသ ပဲခူးအရှေ့ခြမ်းက စစ်တောင်း၊ ရွှေကျင်၊ ပဲခူး၊ ဘီးလင်း၊ သံလွင်မြစ်တွေလည်း မြစ်ရေတွေတိုးလာပြီး စိုးရိမ်ရေအမှတ်အထက်ရောက်နေတာကို မိုးဇလရဲ့ ဒီနေ့မွန်းလွဲပိုင်း ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။


ပုံစာ – မြဝတီမြို့ ရေကြီးမှုမြင်ကွင်းနဲ့ မိုးဇလထုတ်ပြန်ချက်
ဓါတ်ပုံ – Supplied
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

