ကျော်ဇေယျ
ရန်ကုန်- ၂၀၂၀ မေ ၁၄ (မော်ကွန်း)
အရွယ်ရောက်ပြီးသူတွေထက် အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေဟာပိုပြီး အဓမ္မမှု ကျူးလွန်ခံနေရတယ်လို့ တရားရုံးနှစ်စဉ်အစီရင်ခံစာမှာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မုဒိန်းမှုပေါင်း ၃,၇၃၈ မှု ဖြစ်ပွားခဲ့ရာမှာ အဲဒီထဲက ၆၀ ရာခိုင်နှုန်းနီးပါး (၂,၁၇၀) ဟာ သက်ငယ်မုဒိန်းမှုတွေလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ တရားရုံးနှစ်စဉ်အစီရင်ခံစာတွေမှာ ဖော်ပြတယ်။
၂၀၁၉ တရားရုံးနှစ်စဉ်အစီရင်ခံစာအရ သက်ငယ်မုဒိန်းမှုပေါင်း ၁,၀၅၀ မှုဖြစ်ပွားခဲ့ပြီး အရွယ်ရောက်သူတွေ အပေါ် ကျူးလွန်တဲ့ အမှုက ၇၆၆ မှုလို့ ဖော်ပြတယ်။ ဒါဟာ ၂၀၁၈ တုန်းက ဖြစ်ပွားခဲ့တဲ့ မုဒိန်းမှု အရေအတွက်နဲ့ ယှဉ်ရင် အနည်းငယ် လျော့ကျလာခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၁၈ မှာ သက်ငယ်မုဒိန်းမှုပေါင်း ၁,၁၂၀ မှု ဖြစ်ပွားခဲ့ပြီး အရွယ်ရောက်သူတွေအပေါ် ကျူးလွန်တဲ့ အမှုက ၈၀၂ မှုဖြစ်ခဲ့တယ်လို့ တရားရုံးအစီရင်ခံစာမှာ ဖော်ပြတယ်။
#Dailynews