အောင်ပိုင်
ရန်ကုန် – သြဂုတ် ၆၊ ၂၀၂၀ (မော်ကွန်း)
မဲဆန္ဒရှင်စာရင်း ကြေညာရက်ကို တစ်ပတ်ထပ်တိုးတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ တွေက တာဝန်ရှိသူတွေက ဒီနေ့ညနေပိုင်းမှာ မော်ကွန်းကို ပြောပါတယ်။
စာရင်းမှားယွင်းမှုတွေ ပြင်ဆင်ချိန်ပိုရအောင်နဲ့ ကြည့်ရှုချိန်ပိုရအောင်လို့ အခုလိုသက်တမ်း တိုးပေးတာလို့ ရန်ကုန်တိုင်းဒေသကြီး၊ ကော်မရှင်အဖွဲ့ခွဲက အတွင်းရေးမှူး ဦးတင်မောင်အေး က ပြောပါတယ်။
ယခင်ကြေညာချက်အရ မဲဆန္ဒရှင်စာရင်းစစ်ဆေးရက်ဟာ မနက်ဖြန်မှာ ကုန်ဆုံးမှာ ဖြစ် ပေမယ့် အခုသက်တမ်းတိုးမြှင့်ပေးမှုကြောင့် သြဂုတ် ၁၄ ရက်အထိ စိစစ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရဲ့ ဥက္ကဌဖြစ်သူ ဒေါ်တင်လှိုင်ကလည်း မဲဆန္ဒရှင်စာရင်းစစ်ဆေးရက်ကို ထပ်တိုးမြှင့်ပေးတဲ့ ခွင့်ပြုစာကို ဒီနေ့ပဲ လက်ခံရရှိတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက တိုက်ပွဲတွေ ဖြစ်ပွားနေရာ ကျေးရွာအုပ်စု ၁၅ စုမှာ မဲဆန္ဒရှင်စာရင်း မကြေညာနိုင်သေးဘူးလို့လည်း သူက ဆိုပါတယ်။
Image – UEC
#Dailynews