မုံရွာ – ၂၀၂၂ အောက်တိုဘာ ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်၊ ရွှေလှံကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုဟာ ဒီကနေ့မနက် ၄:၀၀ ဝန်းကျင်က ဝင်ရောက်စီးနင်းခံခဲ့ရပြီး နှစ်ဦးသေဆုံးကာ ၁၁ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
ပုလဲ မြို့နယ်၊ ပုထိုးသာကျေးရွာမှာမနေ့ညပိုင်းကတပ်စွဲသွားတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေဟာ ဒီမနက်အစောပိုင်းမှာ ရွှေလှံကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ပြောပါတယ်။
“မနက်လေးနာရီဆိုတော့ အကုန်လုံးအိပ်ပျော်နေကြတာ၊ အဲ့ချိန်စခန်းဝင်စီးခံလိုက်ရတာ၊နှစ်ယောက်ကျတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
ဒဏ်ရာရထားတဲ့ ၁၁ယောက်ဖမ်းဆီးခံထားရတယ်လို့သိရပြီး အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဟာ ရွှေလှံကျေးရွာမှာယခုချိန်အထိ ရှိနေသေးတယ်လို့သူကပြောပါတယ်။
ရွှေလှံကျေးရွာက ဒေသခံပြည်သူတွေထွက်ပြေးနေရပြီး ဖမ်းဆီးခံထားရသူ အချို့လည်းရှိတယ်လို့ သူကပြောပါတယ်။
#Dailynews

