၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ ဒိုင်ယာရီဖြစ်ပါသည်။
ခင်မောင်မြင့် ရေးသည်။
က်္ဘာ့နိုင်ငံတော်တော်များများမှာ ပုံနှိပ် မီဒီယာတွေ ကျဆုံးနေချိန် မြန်မာနဲ့ နယ်နိမိတ် ချင်း ထိစပ်နေတဲ့ က်္ဘာ့လူဦးရေ အများဆုံး
ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့
အိန္ဒိယနိုင်ငံမှာတော့ ပုံနှိပ်မီဒီယာဟာ မျက်နှာပန်း လှနေတုန်းပါပဲ။
နေ့စဉ်သတင်းစာတွေဟာလည်း
စောင်ရေ သိန်း၊ သန်းနဲ့ချီပြီး ပုံနှိပ်
ထုတ်ဝေနေရတုန်းပါပဲ။
Photo-Khin Maung Myint O.K.D သုတေသနဌာနတွင်ရခိုင်အရေးနှင့် ပတ်သက်ပြီးဆွေးနွေးနေကြစဉ်
အဲဒီလို ပုံနှိပ်မီဒီယာသတင်းစာတွေ ရှင်သန်နေတဲ့ အိန္ဒိယ နိုင်ငံ အရှေ့မြောက်ဘက်က ပြည်နယ်တချို့ကို သွားရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ခရီးစဉ်ကတော့ ရန်ကုန်သတင်းစာ ပညာကျောင်း Yangon Journalism School – YJS က စီစဉ်တဲ့ နယ်စပ်ဖြတ်ကျော် သတင်းရေးသားနည်းသင်တန်းပါ။
ခရီးစဉ်ကို ရန်ကုန်ကနေ ကာလကတ်္တား (KOLKATA)၊ ကာလကတ်္တားကနေ ဂူဝါဟာတီ (GUWAHATI)၊ ဂူဝါဟာတီကနေ (IMPHAL) အင်ဖာမြို့၊ အင်ဖာကနေ မိုရေး(MOREH)၊ မိုရေးမြို့က တစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီးထဲက နယ်စပ်မြို့ဖြစ်တဲ့ တမူး မြို့ကို ဖြတ်ပြီး ရန်ကုန်ကို ပြန်ဝင်ဖို့ စီစဉ်ထားတာပါ။
ဒါပေမဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့်ရဖို့ နေပြည်တော် ထိ စာတင်ရမှာ ဖြစ်တဲ့အပြင် ခွင့်ပြုမိန့်ကျဖို့လည်း တစ်လခန့် ကြာမြင့်နိုင်တဲ့အတွက် နယ်စပ်ဖြတ်ကျော်မယ့် အစီအစဉ်ကို ဖျက်လိုက်ကြပြီး အသွားလမ်းကြောင်းအတိုင်းပဲ ပြန်လာဖို့ YJS က စီစဉ်လိုက်ရပါတယ်။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံသား တစ် ယောက်အနေနဲ့ ကိုယ့်နိုင်ငံထဲကို တရားဝင်လမ်းကြောင်းကနေ ပြန်ဝင်မယ်ဆိုရင်တောင် မလွယ်ကူတာကို တွေ့ရပါတယ်။
သင်တန်းဆရာအဖြစ် ဦးဆောင်သူကတော့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာနေထိုင်တဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ်လင့်တ်နာ (BERTIL LINTNER) ပါပဲ။ သူက ကျွန်တော် တို့နဲ့အတူ ရန်ကုန်ကနေ ထွက်ခွာတာမဟုတ်ဘဲ ထိုင်းနိုင်ငံကနေ အိန်္ဒိယကို တိုက်ရိုက်သွားတာပါ။ ဂူဝါဟာတီကျမှ ကျွန်တော်တို့ သင်တန်းသားတွေနဲ့ ဆုံပါတယ်။
သင်တန်းသားတွေထဲမှာ မီဒီယာ ၁၀ တိုက်က သတင်း ထောက်တစ်ယောက်စီ ပါဝင်ပါတယ်။ ခရီးကလည်း အသွား အပြန် ဆယ်ရက်ကြာမြင့်မှာပါ။ YJS က အကြံပေးဘုတ်အဖွဲ့ဝင် ဆရာအောင်ထွန်းဦးက အဖွဲ့ကို ဦးဆောင်သူအနေနဲ့ရော ဘာ သာပြန်အနေနဲ့ပါ လိုက်ပါဆောင်ရွက်ပြီး YJSရဲ့ ရုံးအဖွဲ့ဝင်နှစ်ဦး လည်း ပါဝင်ပါတယ်။ အားလုံးခရီးစဉ်မှာ လိုက်ပါတဲ့ သူက ၁၃ ဦးပါ။
ခရီးစဉ်စတင်
နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီကျော်မှာ ရန်ကုန် မင်္ဂလာ ဒုံ လေဆိပ်ကနေ ကာလကတ်္တားကို AIR INDIA လေကြောင်း လိုင်းနဲ့ စတင်ထွက်ခွာပါတယ်။ လေယာဉ်ပေါ်မှာ မြန်မာနိုင်ငံက နေ အိန်္ဒိယကို ဘုရားဖူးသွားကြတဲ့ လူကြီးပိုင်းတွေလည်း ပါ တယ်။ ဘုရားဖူးဧည့်သည်တွေက ဂါယာလေဆိပ်မှာ ဆင်းသွား ကြပါတယ်။ ကျွန်တော်တို့က ကာလကတ်္တားကို ခရီးဆက်ခဲ့ကြ ပါတယ်။
အိန်္ဒိယစံတော်ချိန် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကာလ ကတ်္တားကို ရောက်ပါတယ်။ ကာလကတ်္တားဆိုတာ အိန်္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်ပါတယ်။ အာသံပြည်နယ်က ဂူဝါဟာတီမြို့ကို ခရီးဆက်ဖို့ ကာလကတ်္တား လေဆိပ်မှာ လေးနာရီကျော်ထိ စောင့်ကြရပါသေးတယ်။
ညနေ ၅ နာရီကျော်မှာ ကျွန်တော်တို့ ကာလကတ်္တားကနေ အာသံပြည်နယ်ရဲ့ မြို့တော် ဂူဝါဟာတီကို လေယာဉ်နဲ့ ခရီး ဆက်ခဲ့ကြပါတယ်။ ပျံသန်းချိန်က တစ်နာရီကြာမြင့်ပါတယ်။ ဂူဝါဟာတီကို ရောက်တော့ ကျွန်တော်တို့ကို ဟိုတယ်လိုက်ပို့မယ့် ကားက အဆင်သင့် လာကြိုနေတယ်။
ဟိုတယ်ကို ရောက်တာနဲ့ သင်တန်းဆရာ ဘာတေးလ် လင့်တ်နာနဲ့ ဂူဝါဟာတီမြို့ ဒေသခံသတင်းစာဆရာ မစ်္စတာ ရာဂျစ်ဗ် ဘတ်တာချာရ်ရာ (RAJEEV BHATTACHARYYA)တို့က ဆီးကြိုနှုတ်ဆက်ပါတယ်။ သတင်းစာဆရာ ရာဂျစ်ဗ်ကတော့ ကျွန်တော်တို့ ဂူဝါဟာတီမှာ ရှိနေစဉ်တစ်လျှောက်လုံး လိုက်ပါ ကူညီ ဆောင်ရွက်ပေးမယ့်သူလည်း ဖြစ်ပါတယ်။
ခရီးကလည်း အနည်းငယ် ပင်ပန်းလာ၊ နောက်နေ့မနက်မှာ လည်း သင်တန်းရှိနေတာကြောင့် ကျွန်တော်တို့ဟာ ဟိုဟိုဒီဒီ လျှောက်မလည်တော့ဘဲ အိပ်လိုက်ပါတော့တယ်။
နောက်နေ့ မနက်စာစားပြီးတဲ့နောက် နံနက် ၁၀ နာရီမှာ တော့ သင်တန်းဆရာ ဘာတေးလ်လင့်တ်နာရဲ့ ဟိုတယ်က အိပ် ခန်းမှာပဲ သင်တန်းလုပ်ပါတယ်။ ဘာတေးလ်လင့်တ်နာက သူ့မှာ ပါတဲ့ အိန္ဒိယအရှေ့မြောက်ဘက်ဒေသရဲ့ မြေပုံကို နံရံမှာ ကပ် ထားပြီး ဒေသရဲ့ပထဝီအနေအထားတွေ၊ ပြည်နယ်တွေမှာ စစ် မက်ဖြစ်ပွားခဲ့တာတွေ၊ မြန်မာနဲ့ အိန်္ဒိယ နယ်စပ်မှာရှိတဲ့ သူပုန် လက်နက်ကိုင်အကြောင်း၊ မြန်မာ-အိန်္ဒိယ ကုန်သွယ်ရေးအခြေ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာတဲ့သူ တွေရဲ့ အကြောင်းတွေကို ရှင်းပြပါတယ်။ သင်တန်းသားတွေက လည်း သိချင်တာတွေကို မေးမြန်းကြပါတယ်။
Photo-Khin Maung Myint News Live ရုပ်သံ သတင်းဌာန
ဘာတေးလ်လင့်တ်နာက ““အိန္ဒိယနိုင်ငံအရှေ့မြောက် ဘက်မှာ ဖြစ်ခဲ့တဲ့ ပဋိပက်္ခတွေ၊ ပြဿနာတွေကို အိန်္ဒိယအစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တွေ ပေးပြီး ဖြေရှင်းနိုင်ခဲ့တယ်””လို့ သူက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာတော့ လွတ်လပ်ရေးရပြီးကတည်းက ဖြစ် လာတဲ့ ပြည်တွင်းစစ်မီးကို အခုအချိန်ထိ အဆုံးမသတ်နိုင်သေး ပါဘူး။ အမြောက်သံ၊ သေနတ်သံနဲ့ ယမ်းငွေ့တလူလူ ထွက်နေတဲ့ ကျည်ဆန်တွေကြားထဲမှာ အပြစ်မဲ့ပြည်သူတွေ အသက်လုပြီး ပြေးနေကြရဆဲပါ။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ကံကြမ်္မာကိုယ် ဖန်တီးခွင့်ဆိုတာလည်း အလှမ်းဝေးကွာနေဆဲ ဖြစ်ပါတယ်။
၁၉၇၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီလူမျိုးတချို့ဟာ အာသံပြည် နယ်ထဲကို ဝင်ရောက်လာခဲ့ကြပါတယ်။ အာသံပြည်နယ်ထဲကို ရောက်ဖို့ ဗြဟ်္မပုတ်္တရမြစ်ကြောင်းအတိုင်း လှေတွေနဲ့ ခိုးဝင်လာ တာရှိသလို ကုန်းလမ်းကိုအသုံးပြုပြီး အာသံပြည်နယ်နဲ့ ကပ် လျက် ပြည်နယ်တစ်ခုဖြစ်တဲ့ မက်ဂါလာယာ (MEGHALAYA)ဆိုတဲ့ ပြည်နယ်ကိုဖြတ်ပြီး ခိုးဝင်လာကြတာတွေ လည်းရှိတယ်လို့ ဘာတေးလ်လင့်တ်နာက ဆက်လက် ပြောပြတယ်။
ဘာတေးလ်လင့်တ်နာ ရှင်းပြပြီးတဲ့နောက်မှာတော့ မစ်္စတာရာဂျစ်ဗ်ကလည်း သူတို့ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေ၊ ဒေသက မီဒီယာတွေရဲ့ အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင် လာသူတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းပြ ပါတယ်။
သူတို့ပြည်နယ်မှာလည်း ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာသူ တွေနဲ့ ဆိုင်တဲ့ ပြဿနာကို ရင်ဆိုင်နေရတာပါ။ မစ်္စတာရာဂျစ်ဗ် ဆိုရင် ရခိုင်ပြည်နယ်မှာ သြဂုတ် ၂၅ ရက်က ရဲစခန်းသုံးဆယ်ကို ARSA အဖွဲ့က တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်ပိုင်း မောင်တော ဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသကို ထွက်ပြေး သွားကြတဲ့ ဘင်္ဂါလီဒုက်္ခသည်စခန်းတွေကို သွားပြီး သတင်းယူ ခဲ့ပါသေးတယ်။ သူဟာ မြန်မာနိုင်ငံ နာဂတောင်တန်းဒေသကို သွားရောက်ကာ အိန်္ဒိယအစိုးရကို တိုက်ခိုက်နေတဲ့ UNITED LIBERATION FRONT OF ASOM (ULFA) သူပုန်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဓRENDEZVOUS WITH REBELSဓ (သူပုန်များနဲ့ တွေ့ ဆုံခြင်း)ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။
မစ်္စတာရာဂျစ်ဗ်က ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ပတ်သက်ပြီး ““ဒီနာမည်က နိုင်ငံရေးအရ တည်ဆောက်ထားတဲ့ နာမည်ပါ။ သူ တို့ဟာ ဘင်္ဂလားဒေ့ရှ်က လူတွေနဲ့ ဘာသာစကား၊ ယဉ်ကျေးမှု အားလုံးဟာ အတူတူပါပဲ””လို့ သူ့အမြင်ကို ပြောပါတယ်။
Photo-Khin Maung Myint ပြဟ္မပုတ္တရမြစ်မြင်ကွင်း
ဂူဝါဟာတီ PRESS CLUB ကို သွားဖို့ရှိသေးတဲ့အတွက် မွန်းလွဲတစ်နာရီဝန်းကျင်မှာ သင်တန်းကို ရပ်နားလိုက်ပါတယ်။ ထမင်းစားပြီးတဲ့နောက် ဂူဝါဟာတီ PRESS CLUB ကို သွားကြပါ တယ်။ PRESS CLUB ကို ရောက်တော့ စာအုပ်မိတ်ဆက်ပွဲ ရှိနေ တဲ့အတွက် ကျွန်တော်တို့ ၁၅မိနစ်လောက် စောင့်လိုက်ရပါတယ်။ စာအုပ်မိတ်ဆက်ပွဲ ပြီးတဲ့နောက်မှာ PRESS CLUB က လူကြီးပိုင်း တွေ၊ အဖွဲ့ဝင်တွေဟာ ကျွန်တော်တို့နဲ့ တွေ့ဆုံပါတယ်။ တွေ့ဆုံပွဲ မှာ ဘာတေးလ်လင့်တ်နာပါတဲ့အတွက် သတင်းထောက်တွေ လည်း တက်ရောက်ကြပါတယ်။
သူတို့က မြန်မာနိုင်ငံက မီဒီယာတွေရဲ့ အခြေအနေ၊ သတင်း စာလွတ်လပ်ခွင့်တွေကို မေးမြန်းကြပါတယ်။ မြန်မာနိုင်ငံမှာက မီဒီယာဥပဒေကို ရေးဆွဲခဲ့ပြီးဖြစ်သော်လည်း ပြီးပြည်စုံခြင်း မရှိ သေးတာ၊ အဲဒီအပြင် သတင်းထောက်တွေ တရားစွဲခံရတာတွေ၊ အစိုးရဆီက သတင်းအချက်အလက်ရရှိရေးမှာလည်း ခက်ခဲနေ သေးတာတွေကို ဆရာဦးအောင်ထွန်းဦးက ရှင်းပြပါတယ်။
(ကျွန်တော်အိန်္ဒိယက ပြန်လာပြီး တစ်ပတ်လောက်အကြာ မှာ ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံး(ခေါ်)သက် ဦးမောင်နဲ့ ကိုကျော်စိုးဦး(ခေါ်) မိုးအောင်တို့နှစ်ဦးကို မောင်တော ဒေသနဲ့သက်ဆိုင်တဲ့ ရဲအစီရင်ခံစာ၊ လုံခြုံရေးစခန်းမြေပုံတွေနဲ့အတူမိတယ်ဆိုပြီး မြန်မာနိုင်ငံလျှို့ဝှက်ချက်များအက်ဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးတာခံရပါတယ်။
ဒီဖြစ်စဉ်မှာ သူတု့ိနှစ်ယောက်ဟာ ထောင်ချောက်ဆင် အဖမ်းခံရတာမျိုးလို့ သုံးသပ်ကြတာတွေလည်း ရှိပါတယ်။ ဒါ ဟာ သတင်းမီဒီယာကို ခြိမ်းခြောက်လိုက်တဲ့ သဘောလည်း ဖြစ် ပါတယ်။ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဆိုတာ ဟာလည်း အင်္ဂလိပ်ကိုလိုနီအစိုးရ လက်ထက်ကတည်းက ပြဋ္ဌာန်းထားခဲ့တဲ့ဥပဒေပါ။ အဲဒီအပြင် သတင်းထောက်တွေကို သတင်းတွေပေးနေတဲ့ သတင်းရင်းမြစ်တွေကိုလည်း ကြောက် လန့်သွားအောင် လုပ်လိုက်တဲ့ သဘောလည်း သက်ရောက်ပါတယ်။
ဘာတေးလ်လင့်တ်နာကတော့““သတင်းမီဒီယာတွေ အနေနဲ့ ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ သတင်းတွေကို အဆက် မပြတ် ဖော်ပြရမယ်။ ဒီလိုဖမ်းဆီးတာဟာ အစိုးရအတွက် ရှက် စရာကောင်းတယ်ဆိုတာကို ပြောရမယ်။ သူတို့ပြန်လွှတ်ပေးဖို့ ဖိအားတွေပေးဖို့ လိုအပ်တယ်””လို့ ဒီဇင်ဘာ ၂၁ ရက်က YJS မှာ အိန်္ဒိယကို သွားခဲ့တဲ့ သင်တန်းသားတချို့နဲ့ ပြန်လည်တွေ့ဆုံစဉ် ပြောဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေကို သတင်းသွား ယူတဲ့ သတင်းသမားတွေကိုလည်း တပ်မတော်က တရားစွဲဆို ခဲ့တာ ရှိပါသေးတယ်။ အဲဒီအပြင် ရခိုင်အရေးနဲ့ ပတ်သက်ပြီး ရသေ့တောင်မြို့နယ်ထဲက ကျေးရွာတစ်ရွာကို သတင်းသမား တွေ သတင်းသွားယူတဲ့အခါ ကျေးရွာသားတွေရဲ့ ခြိမ်းခြောက်မှု ခံခဲ့ရတဲ့အပြင် သူတို့ရဲ့ ဆိုင်ကယ်၊ ကွန်ပျူတာ၊ ဖုန်း၊ မှတ်ပုံတင် တွေကအစ သိမ်းဆည်းတာကို ခံခဲ့ရပါသေးတယ်။)
အာသံပြည်နယ်မှာလည်း သတင်းထောက်တွေ ပဋိပက်္ခ တွေ ဖြစ်နေတဲ့နေရာတွေကို သတင်းသွားယူတဲ့အခါ စစ်တပ်က တားဆီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလိုစစ်တပ်က ဖိနှိပ်မှုတွေ လုပ်တဲ့အခါ စစ်တပ်နဲ့ သက်ဆိုင်တဲ့ သတင်းတွေ သတင်းမီဒီယာတွေက မဖော်ပြဖို့ ဆုံးဖြတ်ကြတာတွေရှိကြောင်း နဲ့ အဲဒီလို သတင်းတွေ မဖော်ပြတဲ့အခါ စစ်တပ်ဘက်ကနေ ပြန် ပြီး သတင်းမီဒီယာသမားတွေနဲ့ ဆက်ဆံရေးအဆင်ပြေဖို့ လုပ် လာတာတွေ ရှိတယ်လို့ သတင်းမီဒီယာသမားတွေက ပြော ပါတယ်။
Photo-Khin Maung Myint နယ်လီကိုသွားရာလမ်းတွင် တွေ့ဆုံခဲ့သည့် ဆင်အုပ်
ကျွန်တော်တို့နဲ့ တွေ့ဆုံခဲ့တဲ့ မီဒီယာသမားတွေ၊ အရပ် ဘက်အဖွဲ့အစည်းက လူတွေ စိတ်ဝင်စားတာဟာမြန်မာနိုင်ငံရဲ့ မီဒီယာအခင်းအကျင်းထက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ် နေတဲ့ ဘင်္ဂါလီ (ရိုဟင်ဂျာ)ပြဿနာပါ။ဘာတေးလင့်တ်နာက တော့ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး သူတို့မေးသမျှကို သမိုင်းနဲ့ချီပြီး ရှင်းပြပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာဟာ ခုမှဖြစ်ပေါ်လာ တဲ့ ပြဿနာမဟုတ်ကြောင်း၊ လွတ်လပ်ရေးမရခင်ကတည်းက ဖြစ်ပေါ်နေတဲ့ ပြဿနာဖြစ်ကြောင်း၊ အခုအချိန်မှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာတဲ့အထိ ဖြစ်လာကြောင်း၊ သိန်းနဲ့ချီတဲ့ လူ တွေဟာ ဒုက်္ခရောက်နေကြကြောင်း၊ ဒီပြဿနာကို ချဉ်းကပ်တဲ့ အခါ သမိုင်းဆိုင်ရာအချက်အလက်တွေကိုလည်း ထည့်သွင်းစဉ်း စားဖို့ လိုအပ်ကြောင်း သူက ရှင်းပြပါတယ်။
ကျွန်တော်တို့ သင်တန်းသားတွေထဲက FRONTIER MYANMAR မှ အကြီးတန်းသတင်းထောက် ကိုမြတ်ကျော်သူက ဝင်ပြီး ဆွေးနွေးပါတယ်။ ရခိုင်ပြည်နယ်က ပြဿနာကို ၂၀၁၂ ပဋိပက်္ခဖြစ်ပြီး နောက်ပိုင်း နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာ ကြကြောင်း၊ နိုင်ငံတကာကိုရောက်နေတဲ့ ရိုဟင်ဂျာအရေး လှုပ် ရှားနေသူတွေလည်း ပိုပြီး လှုပ်ရှားလာကြကြောင်း၊ တကယ့် အောက်ခြေမှာ သွားပြီး သတင်းရယူတဲ့အခါ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို မသိတဲ့သူတွေ ရှိကြောင်း၊ ရခိုင်ပြဿနာဟာ တကယ် ရှုပ်ထွေးတဲ့ အခြေအနေမှာ ရှိနေကြောင်း သူက ဆွေးနွေးခဲ့ ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပြဿနာကို အိန်္ဒိယက သတင်း ထောက်တွေရဲ့ ရှုမြင်ပုံဟာ အနောက်တိုင်းက သတင်းထောက် တွေရဲ့ ရှုမြင်ပုံနဲ့ မတူတာကိုတွေ့ရပါတယ်။ သူတို့က လူသားချင်း စာနာထောက်ထားမှုဆိုတဲ့ ရှုထောင့်ထက် လုံခြုံရေး ရှုထောင့်က နေ ကြည့်ကြတာကိုတွေ့ရပါတယ်။ အကြောင်းကတော့ သူတို့ဆီ မှာလည်း ဘင်္ဂလားဒေ့ရှ်ကနေ သိန်းနဲ့ချီပြီး ခိုးဝင်လာတဲ့ ဘင်္ဂါလီ တွေရှိနေပါတယ်။ ခိုးဝင်လာတဲ့သူတွေက တစ်နေ့နေ့ တစ်ချိန်ချိန် မှာ နိုင်ငံရေးအရ အခွင့်အရေး တောင်းဆိုလာမှာ၊ ဒေသရဲ့ လုံခြုံ ရေးကို ထိခိုက်လာမှာကို စိုးရိမ်နေကြတယ်နဲ့ တူပါတယ်။
ဘာတေးလ်လင့်တ်နာကတော့ ““တရားမဝင် ဝင်ရောက် လာတဲ့သူတွေကို ဒေသခံ အာသံလူမျိုး ဟိန်္ဒူဘာသာဝင်တွေပဲ လက်မခံတာ မဟုတ်ဘူး။ ဒီဒေသခံ မွတ်ဆလင်တွေလည်း လက် မခံကြပါဘူး။ တဖြည်းဖြည်း ဒေသခံလူမျိုးတွေ နည်းသွားမှာကို ကြောက်ကြတယ်။ တစ်ဖက်မှာလည်း ဒေသလုံခြုံရေးနဲ့ ပတ် သက်လို့လည်း စိုးရိမ်ကြတယ်”” လို့ သူက ပြောပါတယ်။
နောက်တစ်နေ့မနက်မှာတော့ ကျွန်တော်တို့ဟာ ဆုံနေကျ အတိုင်း ဘာတေးလင့်တ်နာရဲ့ အခန်းမှာ ဆုံကြပါတယ်။ မနေ့က သွားလာခဲ့တာတွေကို ပြန်ပြီး ပြောကြဖို့အတွက်ပါ။ အဲဒီနောက် မှာတော့ ကျွန်တော်တို့ THE ASSAM TRIBUNE နေ့စဉ်ထုတ် သတင်းစာတိုက်ကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီ သတင်း စာတိုက်ရဲ့ အဆောက်အအုံဟာ နှစ်ထပ်တိုက်ဖြစ်ပြီး အဝါနု ရောင် ဆေးသုတ်ထားပါတယ်။ ပထမဆုံးအနေနဲ့ သတင်းစာ တိုက်ပိုင်ရှင်နဲ့ တွေ့ပါတယ်။ သူက မြန်မာနိုင်ငံရဲ့မီဒီယာ လွတ် လပ်ခွင့် အခြေအနေတွေကို မေးပါတယ်။
Photo-Khin Maung Myint ၁၉၈၃ ခုနှစ်က အာသံဒေသခံများနှင့် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများ ပဋိပက္ခဖြစ်ပွားခဲ့သည့်နေရာ
THE ASSAM TRIBUNE သတင်းစာဆိုရင် ထုတ်ဝေတဲ့ သက်တမ်းက ၇၇နှစ် ရှိပြီဖြစ်ပါတယ်။ ကိုယ်ပိုင်ပုံနှိပ်စက်လည်း ရှိပါတယ်။ ပုံနှိပ်စက်က တစ်နာရီမှာ စောင်ရေ ၃၆,၀၀၀ ရိုက် နှိပ်နိုင်ပါတယ်။ ဖြန့်ချိတဲ့စောင်ရေကတော့ အင်္ဂလိပ်ဘာသာနဲ့ တစ်သိန်းကျော် ထုတ်ဝေပြီး အာသံဘာသာနဲ့ ကိုးသောင်းကျော် ထုတ်ဝေပါတယ်။ သတင်းထောက်တွေ အပါအဝင် ဝန်ထမ်း စုစုပေါင်း ၄၀၀ ခန့်ရှိပါတယ်။ မြန်မာနိုင်ငံအပါအဝင် တစ် က်္ဘာလုံးက ပုံနှိပ်ထုတ်ဝေတဲ့ သတင်းစာတွေ စောင်ရေ ကျဆင်း နေတဲ့အချိန်၊ သေဆုံးနေကြတဲ့အချိန်မှာ အိန်္ဒိယနိုင်ငံ ပြည်နယ် တစ်ခုက ပုံနှိပ်သတင်းစာတစ်စောင်ရဲ့ စောင်ရေကတော့ တော် တော်အားကျစရာကောင်းပါတယ်။ မွန်းလွဲ နှစ်နာရီဝန်းကျင်မှာ သတင်းစာတိုက်ကနေ ဟိုတယ်ကို ပြန်လာခဲ့ကြပါတယ်။
ညနေပိုင်း ၇ နာရီလောက်မှာ NEWS LIVE ရုပ်သံသတင်း ဌာနကို သွားရောက်လေ့လာဖု့ိ ရှိပါသေးတယ်။ ဒီကြားထဲမှာ အချိန်အနည်းငယ် ရသေးတဲ့အတွက် ဟိုတယ်ကနေ လမ်း လျှောက်ပြီး အနီးဝန်းကျင်ကို လေ့လာကြည့်ပါတယ်။ လမ်းဘေး က ပလက်ဖောင်းပေါ်မှာ လက်ဖက်ရည်ရောင်းနေတဲ့သူတွေကိုလည်း တွေ့ရပါတယ်။ ဂူဝါဟာတီမြို့ရဲ့ လမ်းမပေါ်မှာ လူတွေ ပျားပန်းခပ်မျှ သွားလာလှုပ်ရှားနေကြပါတယ်။ လမ်းပေါ်မှာ သေ နတ်တွေကိုင်ပြီး လုံခြုံရေးယူနေတဲ့ ရဲဝန်ထမ်းတွေကို တွေ့ရပါ တယ်။ အမျိုးသားရဲဝန်ထမ်းတွေတင်မက ရဲမေတွေကိုပါ တော် တော်များများ တွေ့ရပါတယ်။
ကားလမ်းကျပ်တာကလည်း ရန်ကုန်မြို့လိုပါပဲ။ ဘယ်နေ ရာသွားသွား ကားလမ်းပိတ်တာကို ကြုံရတာပဲ။ ညနေ အလုပ်ရုံ ဆင်းချိန်မှာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဘတ်စ်ကားတွေပေါ်မှာ လူ တွေက ပြည့်ကျပ်လို့ပါ။ ကားရပ်ဖို့ သတ်မှတ်ထားတဲ့ မှတ်တိုင် တွေမှာလည်း ခရီးသည်အတင်အချလုပ်ကြသလို မှတ်တိုင် မဟုတ်တဲ့ နေရာက ခရီးသည်တားရင်လည်း ကားပေါ်ကို ဆွဲတင် သွားကြပါတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ စည်းကမ်းမဲ့ မောင်း နေကြတာကို တွေ့ရပါတယ်။
ကားလမ်းဖြတ်ကူးတဲ့အခါမှာလည်းတော်တော် သတိ ထားပြီး ကူးရပါတယ်။ ကားတွေ၊ ဆိုင်ကယ်တွေဟာ လူတွေ ကား လမ်း ဖြတ်ကူးနေတာကို တွေ့ပေမယ့် ရပ်မပေးပါဘူး။ မီးပွိုင့်မိတဲ့ အချိန်နဲ့ ကားလမ်းကြောင်းရှင်းတဲ့ အချိန်မှသာ လမ်းဖြတ်ကူးကြ ရတယ်။
ညနေ ၇ နာရီမှာတော့ ဂူဝါဟာတီ အခြေစိုက် NEWS LIVE ရုပ်သံသတင်းဌာနကို သွားကြပါတယ်။ သတင်းခန်းထဲမှာ တော့ တီဗီငါးလုံးရှိပါတယ်။ အဲဒီတီဗီ ဖန်သားပြင်မှာတော့ သူ တို့ရဲ့ သတင်းဌာနက ထုတ်လွှင့်နေတဲ့ ရုပ်သံသတင်းအပြင် အခြားသော ရုပ်သံသတင်းဌာနတွေရဲ့ ထုတ်လွှင့်နေမှုကိုလည်း စောင့်ကြည့်နေကြတာဖြစ်ပါတယ်။
ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ သစ်တောကြိုးဝိုင်း ဧရိယာအတွင်းမှာ ကျူးကျော်ဝင်ရောက်နေထိုင်ကြတဲ့သူတွေရဲ့ နေအိမ်တွေကို အစိုးရက ဆင်တွေအသုံးပြုပြီး ဖြိုဖျက်နေတဲ့ သတင်းကို ထုတ်လွှင့်နေတာတွေ့ရပါတယ်။ သတင်းထဲမှာတော့ ဆင်တွေက သူတို့ရဲ့ နှာမောင်းနဲ့ အိမ်တွေကို ဖြိုဖျက်နေပြီး လူ တွေကတော့ အထုပ်အပိုးတွေထုပ်ပြီး ပြေးသူကပြေးနဲ့ပါ။ ရန် ကုန်မြို့မှာဆိုရင် ကျူးကျော်အိမ်တွေကို အစိုးရက ဖြိုဖျက်တဲ့ အခါ ဘတ်ဟိုးကြီးတွေ၊ ဘူဒိုဇာကြီးတွေနဲ့ အောက်ခြေကနေ လှန်ပစ်တာပါပဲ။
NEWS LIVE က အယ်ဒီတာချုပ် ဆာဟိဇာရာဟူစိန် (SYED ZARIR HUSSAIN) နဲ့ တွေ့ဆုံ စကားပြောခွင့်ရပါတယ်။ သူ ဟာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး စကားပြောတဲ့ အခါလည်း သွက်သွက်လက်လက် ပြုံးပြုံးရွှင်ရွှင်ပါပဲ။ သူတို့ လုပ် နည်းကိုင်နည်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သင်တန်းသား တွေ မေးသမျှ အကုန်ရှင်းပြပါတယ်။
Photo-Khin Maung Myint Kangla ခံတပ်ကို သွားရောက်လေ့လာ
စိတ်ဝင်စားစရာ ကောင်းတာတစ်ခုက သူတို့သတင်းဌာန မှာ ကြော်ငြာရရှိရေးအတွက် မားကတ်တင်းဌာန မထားဘူးလို့ ဆိုပါတယ်။ ကြော်ငြာရရှိရေးအတွက် BROADCAST AUDIENCE RESEARCH CONUCIL (BARC) ဆိုတဲ့ အွန်လိုင်း ဝက်ဘ်ဆိုက် တစ်ခုရှိပါတယ်။ အဲဒီဝက်ဘ်ဆိုက်မှာ ရုပ်သံသတင်းဌာနတစ်ခု ချင်းစီရဲ့ ကြည့်ရှုတဲ့ လူအရေအတွက် အပတ်စဉ်ထုတ်ပြန်ပေးပါ တယ်။ စီးပွားလုပ်ငန်းရှင်တွေကလည်း အဲဒီဝက်ဘ်ဆိုက်ကို ဝင် ကြည့်ပြီးမှ သူတို့ကြော်ငြာချင်တဲ့ သတင်းဌာနမှာ ကြော်ငြာထည့် ကြတာလို့ သူ့ရှေ့မှာ ရှိနေတဲ့ ကွန်ပျူတာက BARC ဝက်ဘ် ဆိုက်ကို ဖွင့်ပြီး ရှင်းပြပါတယ်။
ပြီးတော့ သူတို့နိုင်ငံမှာ ရုပ်သံသတင်းဌာနတစ်ခု လုပ်ကိုင် ဖို့ အစိုးရဆီမှာ လိုင်စင်လျှောက်ရတာ လွယ်ကူပြီး ကန့်သတ် ပိတ်ပင်ထားတာတွေ သိပ်မရှိဘူးလို့ သူက ဆက်လက် ပြောပါတယ်။
ဗြဟ္မပုတ်္တရမြစ်ကို ဆန်တက်
ဂူဝါဟာတီမြို့ကို ရောက်ပြီး လေးရက်မြောက်နေ့မှာတော့ သင်တန်းသားတွေအတွက် ဗြဟ်္မပုတ်္တရမြစ်မှာ လှေစီးတဲ့ အစီ အစဉ်လေးတစ်ခု ပါဝင်ပါတယ်။ နံနက် ၁၀ နာရီလောက်မှာ ဟိုတယ်ကနေ ဆိပ်ကမ်းကို ထွက်လာခဲ့ကြပြီး စက်လှေတစ်စီး ငှားလိုက်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ စက်လှေရဲ့ ခေါင်မိုး ပေါ်မှာ ထိုင်ကြပါတယ်။
နောက်ကျိကျိ မြစ်ရေဟာ တသွင်သွင် စီးဆင်းလို့ နေပါ တယ်။ ခရီးသည် အပြည့်တင်ဆောင်ပြီး သွားလာနေကြတဲ့ စက် လှေတွေကို တွေ့ရပါတယ်။ မြစ်ရေပြင်ကို ဖြတ်ပြီး တိုက်ခတ်လာ တဲ့ လေအေးတွေကြောင့် ခန်္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားရပါတယ်။
သတိထားပြီး ကြည့်မိသလောက် မြစ်ထဲမှာ ပလတ်စတစ် အိတ်တွေ၊ အမှိုက်သရိုက်တွေ စီးမျောနေတာကို မတွေ့ရပါဘူး။ မြစ်ထဲကို အမှိုက်မပစ်ဖို့ တော်တော်လေး ထိန်းချုပ်ထားပုံရပါ တယ်။ မြန်မာနိုင်ငံမှာဆိုရင် လူတွေအသုံးပြုပြီး စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်အိတ်တွေ၊ စွန်ပစ်ပစ်္စည်းတွေကို မြစ်ထဲကို သွားပစ် ကြတာကို တွေ့ရမှာပါ။
စက်လှေကို နာရီဝက်ခန့် မောင်းပြီးတဲ့နောက် မြစ်ဘေးက သဲသောင်ပြင်တစ်ခုမှာ ဆိုက်ကပ်လိုက်ပါတယ်။ သဲသောင်ပြင်ရဲ့ တစ်ဖက်မှာ စိမ်းစိမ်းစိုစို တောအုပ်တွေကို တွေ့ရပြီး တောအုပ်ရဲ့ တစ်ဖက်မှာ တောင်ကုန်းတောင်တန်းတွေကို တွေ့ရပါတယ်။
မစ်္စတာရာဂျစ်ကတော့ မြင်နေရတဲ့ တောအုပ်၊ တောင် တန်းတွေရဲ့ တစ်ဖက်မှာ ၁၉၇၁ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီလူမျိုးတွေနေထိုင်ကြတာဖြစ်တယ်လို့ ပြော ပါတယ်။ သူတို့ဟာ အိန်္ဒိယနိုင်ငံသား မှတ်ပုံတင်ကတ် ကိုင်ဆောင် ခွင့် ရထားပါတယ်။ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ ပညာသင်ယူ ခွင့်တွေမှာလည်း အပြည့်အဝရတဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့က အာသံပြည်နယ်အတွင်းမှာသာ လွတ်လွတ်လပ်လပ် သွားလာခွင့် ရကြပေမယ့် တခြားသော နယူးဒေလီတို့ စတဲ့ မြို့ကြီးတွေကို တော့ သွားလာခွင့် ကန့်သတ်ခံထားရတယ်လို့ သူက ရှင်းပြ ပါတယ်။
ခိုးဝင်လာတဲ့သူ အရေအတွက်ကို တိတိကျကျ သိနိုင်ဖို့ ခက်ခဲပါတယ်။ အာသံပြည်နယ်တစ်ခုလုံး အတိုင်းအတာနဲ့ဆို ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာတဲ့သူ အရေအတွက် ငါးသန်းဝန်း ကျင်ရှိနေတယ်လို့ သူက ရှင်းပြပါတယ်။ သူတို့ဟာ နိုင်ငံသား စိစစ်ရေး ဆောင်ရွက်တဲ့ နေရာမှာလည်း ပူးပေါင်းပါဝင်မှု မရှိပါ ဘူး။ ရဲတွေ၊ လုံခြုံရေးဝန်ထမ်းတွေလည်း အလွယ်တကူ သွားလာ ဖို့ ခက်ခဲတဲ့အတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆောင် ရွက်တဲ့အခါ အခက်အခဲတွေ ရှိတယ်လို့ ရာဂျစ်က ရှင်းပြပါတယ်။
သူက ဆက်လက်ပြီး ““ဒီဒေသမှာပဲ သူတို့ကို လှောင်ပိတ် ထားတော့ လူဦးရေက တဖြည်းဖြည်းများလာတာကို ဒေသခံတွေ က စိုးရိမ်နေကြတယ်။ တစ်ဖက်မှာလည်း ရွေးကောက်ပွဲမှာ မဲပေး ခွင့်ရကြတော့ တစ်ချိန်ချိန်မှာ နိုင်ငံရေးအရ အခွင့်အရေးတွေ တောင်းဆိုလာမှာကို စိုးရိမ်ကြတယ်””လို့ ရှင်းပြပါတယ်။
၁၉၈၃ က အာသံပြည်နယ်၊ နယ်လီ(NELLIE)ဒေသမှာ အာသံဒေသခံတိုင်းရင်းသားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးဝင် လာသူတွေကြား သတ်ကြဖြတ်ကြတဲ့အထိ ဖြစ်ပွားခဲ့တာတွေ ရှိခဲ့ ပါတယ်။ နောက်နေ့မနက်မှာ ပြဿနာဖြစ်ပွားခဲ့တဲ့ နေရာတွေကို သွားရောက်လေ့လာဖို့ အစီအစဉ်ရှိတယ်လို့ မစ်္စတာရာဂျစ်ဗ်က ပြောပါတယ်။ ကျွန်တော်တို့ဟာ စက်လှေ စီးရာကနေ ပြန်လာကြ ပြီး စာအုပ်ဆိုင်တန်းကို ဝင်ကာ စာအုပ်ဝယ်တဲ့သူက ဝယ်ကြပါတယ်။
Photo-Khin Maung Myint အင်ဖာမြို့မှ ရေးမြို့ကိုသွားသည့်လမ်းတွင် တွေ့ရသည့် အသံရိုင်ဖယ်တပ်ရင်း၏စစ်ဆေးရေးဂိတ်
အဲဒီနေ့ညနေဘက်မှာပဲ O.K.D. INSTITUTE OF SOCIAL CHANGE AND DEVELOPMENT သုတေသန အဖွဲ့ရဲ့ ရုံးမှာ ရခိုင် အရေး သွားရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဘာတေးလ်လင့်တ် နာ၊ မစ်္စတာရာဂျစ်ဗ်နဲ့ ကိုမြတ်ကျော်သူတို့က ဆွေးနွေးကြ ပါတယ်။
ဘာတေးလ်လင့်တ်နာကတော့ ရခိုင်အရေးနဲ့ ပတ်သက် လာရင် မီဒီယာတွေမှာ ပြောနေကျအတိုင်း သမိုင်းနဲ့ချီပြီး ဆွေး နွေးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရခိုင်ပြည် နယ်မှာ မွတ်ဆလင်တွေ ရှိခဲ့ကြောင်း၊ အင်္ဂလိပ်ကိုလိုနီလက်ထက် မှာ ရခိုင်ပြည်နယ်က ဘင်္ဂါလီအလုပ်သမားတွေ ခေါ်သွင်းလာ ခဲ့ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ် ရေးရပြီး နောက်ပိုင်းမှာလည်း မွတ်ဆလင်တွေ လက်နက်ကိုင် သောင်းကျန်းခဲ့ကြောင်း၊ အဲဒီ အချိန် မွတ်ဆလင်လက်နက်ကိုင်တွေဟာ ရိုဟင်ဂျာဆိုတဲ့ အမည် ကို မသုံးဘဲ မူဂျာဟစ်ဒင်အမည်သာ သုံးခဲ့ကြောင်း၊ ၁၉၇၀ ဝန်း ကျင်မှသာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ ပေါ်လာကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်မှာ တိုက်ခိုက်ခဲ့တဲ့ ARSA အဖွဲ့ဟာလည်း ံမေေုေ့ ဗူ့ဆေနနည (ယုံကြည်မှုအရ လှုပ်ရှားမှု)ဆိုတဲ့ ဘာ သာရေးအခြေခံတဲ့အဖွဲ့နာမည်နဲ့ လှုပ်ရှားခဲ့ကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေ အခက်အခဲတွေ ရှိနေတယ် ဆိုတာလည်း မှန်ကန်ကြောင်း သူက ဆွေးနွေးပါတယ်။
ဘာတေးလ်လင့်တ်နာ ဆွေးနွေးပြီးတဲ့နောက်မှာတော့ မစ်္စတာရာဂျစ်ဗ်က ဆွေးနွေးပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မှာ သြဂုတ် ၂၅ တိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက်ပိုင်း ဘင်္ဂလားဒေ့ရ်ှ ဘက်ကို ထွက်ပြေးသွားကြတဲ့ မွတ်ဆလင်တွေဆီကို မစ်္စတာ ရာဂျစ်ဗ်ဟာ နိုဝင်ဘာလထဲမှာ သွားရောက် သတင်းယူခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာ ARSA အကြမ်းဖက် သမားတွေ သင်တန်းတက်နေတဲ့ နေရာထိ သွားရောက်ပြီး သတင်းယူခဲ့တဲ့ အတွေ့အကြုံတွေ၊ ရခိုင်ဘက်က ထွက်ပြေးသွား တဲ့သူတွေ ဘင်္ဂလားဒေ့ရ်ှဘက်မှာ ကျပ်ကျပ်တည်းတည်း နေထိုင် နေကြရတာတွေ၊ ARSA အဖွဲ့နဲ့ ပါကစ်္စတန်နိုင်ငံမှာ ရှိနေတဲ့ အကြမ်းဖက်သမားတွေနဲ့ အချိတ်အဆက်ရှိတယ်ဆိုတဲ့ အကြောင်းတွေကို ပရိုဂျက်တာနဲ့ ပြပြီး ဆွေးနွေးပါတယ်။
နိုဝင်ဘာ ၂၉ ရက်ဟာ ကျွန်တော်တို့ ဂူဝါဟာတီမှာ နေရ မယ့်နောက်ဆုံးရက်ပါပဲ။ ခရီးစဉ် ငါးရက်မြောက်နေ့လည်း ဖြစ်ပါ တယ်။ အဲဒီနေ့မှာပဲ ကျွန်တော်တို့ဟာ ၁၉၈၃ က အာသံ ဒေသခံ တိုင်းရင်းသားတွေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်ရောက်လာတဲ့သူ တွေကြား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တဲ့ နေရာ ကို သွားကြည့်ကြပါတယ်။
ဂူဝါဟာတီကနေ မနက် ၁၀ နာရီလောက်မှာ ကားနဲ့ စထွက်ပါတယ်။ ကားနဲ့ တစ်နာရီကျော်မောင်းပြီးတဲ့နောက် လမ်း မှာ သစ်တောဌာနဝတ်စုံ ဝတ်ထားတဲ့ ဝန်ထမ်းတွေ စီးလာတဲ့ ဆင်ခြောက်ကောင်ကို တွေ့ပါတယ်။
ကျွန်တော်တို့ ဓာတ်ပုံရိုက်တာကို ဆင်စီးလာတဲ့ သစ်တော ဝန်ထမ်းတွေက မြင်တော့ မရိုက်ဖို့ တားတယ်နဲ့ တူပါတယ်။ အဲဒီ မှာ မစ်္စတာရာဂျစ်ဗ်နဲ့ သစ်တောဝန်ထမ်းတွေ စကားစများတော့ ပါပဲ။ သူတို့ဘာသာစကားနဲ့ပြောကြတော့ ကျွန်တော်တို့လည်း ဘာမှ နားမလည်ပါဘူး။ သူတို့ ပြောဆိုနေကြတဲ့ ပုံစံကြည့်ရတာ တကယ်ထိုးကြ ကြိတ်ကြတော့မယ့်အတိုင်းပါပဲ။
မစ်္စတာရာဂျစ်ဗ်က ဆင်ပေါ်က လူတွေကို ဆင်းလာခဲ့ဖို့ စကားကျယ်ကျယ်ပြောပြီး လက်ဟန်ပြခေါ်ပါတယ်။ ဆင်ပေါ်က လူတွေကလည်း ရာဂျစ်ဗ်ကို ခင်ဗျားလာခဲ့ဆိုတဲ့ပုံစံမျိုးနဲ့ လက် ဟန်ပြပြီး ခေါ်ပါတယ်။ ဆင်ပေါ်က လူတွေကလည်း ဆင်းမလာ ဘဲ သူတို့လမ်းအတိုင်း လျှောက်သွားပါတယ်။ ကားပေါ်ရောက် တော့ ရာဂျစ်ဗ်ကို ဘာဖြစ်ကြတာလဲလို့ မေးကြပါတယ်။
မစ်္စတာရာဂျစ်ဗ်က ““ဆင်ကို ဓာတ်ပုံမရိုက်ဖို့ တားတယ်။ ကျွန်တော်က ရိုက်တော့ ဘာဖြစ်လဲ၊ ဆင်ကို ဓာတ်ပုံ မရိုက်ရ ဘူးလို့ ဥပဒေ ပြဋ္ဌာန်းထားတာ ရှိလား၊ ဘယ်မှာလဲ ဥပဒေလို့ မေး လိုက်တော့ အဲဒီမှာ စငြိကြတာပဲ”” လု့ိ သူက ရှင်းပြပါတယ်။ ကျွန် တော်တို့နိုင်ငံမှာသာ အဲဒီလို ဝန်ထမ်းတွေရဲ့ ဟန့်တားတာကို သတင်းသမားတွေက ခံပြောမယ်ဆိုရင် တာဝန်ဝတ်္တရား နှောင့် ယှက်မှုနဲ့ တရားစွဲ ခံရကောင်းခံရနိုင်ပါတယ်။
လမ်းတစ်လျှောက် တွေ့ရတဲ့ မွတ်ဆလင်ကျေးရွာတွေဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင် တွေ နေထိုင်ကြတာနဲ့ တူနေတာကိုတွေ့ရပါတယ်။ အိမ်တွေက မြေစိုက် တစ်ထပ်အိမ်လေးတွေပါ။ အိမ်ကို ကာရံထားတဲ့ ခြံစည်း ရိုးတွေက မောင်တောဒေသက မွတ်ဆလင်အိမ်တွေမှာ ကာရံ ထားတဲ့ ခြံစည်းရိုးတွေအတိုင်းပါပဲ။ အိမ်ကို ရှင်းရှင်းလင်းလင်း မမြင်ရအောင် ဝါးခြမ်းပြားတွေကို စေ့နေအောင် ရက်လုပ်ပြီး ကာထားတာပါ။ လမ်းတစ်လျှောက်မှာလည်း မွတ်ဆလင် အမျိုး သားတွေကိုသာ တွေ့ရပြီး မွတ်ဆလင်အမျိုးသမီးတွေကို မတွေ့ရ ပါဘူး။
မစ်္စတာရာဂျစ်ဗ်က လမ်းဆုံတစ်ခုမှာ သူ့အသိမိတ်ဆွေ သတင်းသမားတစ်ယောက်ကို ဝင်ခေါ်ပါတယ်။ အဲဒီနောက် ပဋိပက်္ခဖြစ်ခဲ့တဲ့ နေရာတွေကို ခရီးဆက်ခဲ့ကြပါတယ်။ ကားလမ်း ဘေးတစ်လျှောက်က လယ်ကွင်းတွေမှာ မုန်ညင်းပွင့်တွေ၊ ရင့် မှည့်နေတဲ့ စပါးခင်းတွေဟာ နေရောင်အောက်မှာ ဝင်းလို့ပါ။
မွန်းလွဲ ၁း၃၀ လောက်မှာ ပဋိပက်္ခဖြစ်ခဲ့တဲ့ နေရာတွေကို ရောက်ပါတယ်။ အခုအချိန်မှာတော့ အဲဒီနေရာတွေဟာ လယ် ကွင်းပြင်တွေ၊ အုတ်ဖုတ်လုပ်ငန်းတွေ လုပ်နေတာကို တွေ့ရ ပါတယ်။
ပဋိပက်္ခဖြစ်တဲ့အချိန်တုန်းက အာသံဒေသခံ တိုင်းရင်းသား တွေဟာ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေ နေထိုင်တဲ့ရွာတွေမှာ ယောက်ျားတွေ အလုပ်လုပ်နေတဲ့အချိန် ကျေးရွာထဲမှာ ရှိနေတဲ့ အမျိုးသမီးတွေ၊ ကလေးတွေကို ဓား၊ တုတ်၊ လှံတွေနဲ့ တိုက်ခိုက်သတ်ဖြတ်ကြပါတယ်။ ကလေး၊ လူကြီး၊ မိန်းမ လူသေအလောင်းတွေဟာ လယ်ကွင်းတွေမှာ ပြန့်ကျဲနေပြီး အလောင်းတချို့ကို မြေမြှုပ်တာမြှုပ်၊ တချို့ကို ချောင်းထဲကို ပစ်ချလိုက်တယ်လို့ ရာဂျစ်ဗ်က ရှင်းပြပါတယ်။
သူက ဆက်လက်ပြီး ““ဒီနားမှာရှိတဲ့ မြစ်ကို လူသတ်မြစ် (ုငူူငညါ ျွငလနမ)လို့တောင် ခေါ်ကြတယ်။ အဲဒီအချိန်က ဒီဒေသ က လူတွေ ချောင်းထဲက ငါးတွေကို မစားကြဘူး””လို့ ပြော ပါတယ်။
အစိုးရထုတ်ပြန်ချက်အရ သေဆုံးသူစာရင်း ၁,၇၀၀ကျော် သာ ရှိခဲ့ပေမယ့် ဒေသခံတွေ ပြောပြတဲ့ စာရင်းအရ တကယ့် သေဆုံးတဲ့သူဦးရေ သုံးထောင်ကျော် ရှိခဲ့တယ်လို့ ဆိုတယ်။ အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့သူတွေကိုလည်း အစိုးရက အရေး ယူခဲ့တာ မရှိပါဘူး။ အသက်မသေဘဲ ကျန်ခဲ့တဲ့ မွတ်ဆလင်တွေကို လည်း အစိုးရက အဲဒီအနီးပတ်ဝန်းကျင်မှာပဲ ပြန်လည်နေရာချ ထားပေးလိုက်တယ်လို့ သူက ဆက်လက်ပြောပါတယ်။ ကျွန် တော်တို့လည်း ကားပေါ်ကသာ ပဋိက်္ခဖြစ်ခဲ့တဲ့ နေရာတွေကို ကြည့်ရှုခဲ့ရပြီး ဂူဝါဟာတီကို ပြန်လှည့်လာခဲ့ကြပါတယ်။
အဲဒီနေ့က ဂူဝါဟာတီမှာ နေရမယ့် နောက်ဆုံးရက် ဖြစ်တဲ့ အတွက် မစ်္စတာရာဂျစ်ဗ်က သူ့ရဲ့ အိမ်ကို ဖိတ်ခေါ်ပြီး အိန်္ဒိယ အစားအစာနဲ့ ဧည့်ခံကျွေးမွေးပါတယ်။ သူ ရေးသားထားတဲ့ ဓRENDEZVOUS WITH REBELSဓ ဆိုတဲ့ စာအုပ်ကို တစ်ယောက် တစ်အုပ်စီ လက်ဆောင်ပေးပါတယ်။ အဲဒီနောက်မှာတော့ ဂူဝါ ဟာတီမြို့ရဲ့ သတင်းတွေကို အဓိက ရေးသားပြီး ထုတ်ဝေနေတဲ့ G PLUS အပတ်စဉ်ထုတ် သတင်းစာတိုက်ကို သွားကြပါတယ်။
G PLUS သတင်းစာဟာ ဂူဝါဟာတီမြို့က သတင်းတွေကို အဓိကထားပြီး ရေးသားထုတ်ဝေတာပါ။ စောင်ရေက တစ် သောင်းကျော် ရှိပါတယ်။ ဂျာနယ် စပြီးထုတ်ဝေချိန် တစ်နှစ်၊ နှစ်နှစ်မှာ ရပ်တည်ဖို့ အခက်အခဲတွေ ရှိခဲ့ပေမယ့် အခုအချိန် မှာတော့ အနည်းငယ် အဆင်ပြေလာခဲ့ပါတယ်။ အခု မာတီမီဒီ ယာအပိုင်းကိုလည်း လုပ်ကိုင်နေပြီ ဖြစ်တယ်လို့ အယ်ဒီတာ တစ် ယောက်က ရှင်းပြပါတယ်။
အဲဒီနောက် အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တွေ ရေးသားထုတ် ဝေနေသူတွေ ဖွဲ့စည်းထားတဲ့ စာရေးဆရာအသင်းက ဖိတ်ခေါ် ထားတဲ့အတွက် သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဝီစကီ၊ ဗော့ဒ်ကာ အရက်တွေနဲ့ ဧည့်ခံသလို ညနေစာကိုပါ သူတို့ကပဲ ဧည့်ခံကျွေး မွေးပါတယ်။ နောက်တစ်နေ့မှာတော့ မဏိပူရပြည်နယ်ရဲ့ မြို့ တော် အင်ဖာမြို့ကို (IMPHAL)ဆက်ရပါဦးမယ်။
အင်ဖာမြို့ကို ခရီးဆက်
ဂူဝါဟာတီကနေ အင်ဖာကိုသွားမယ့် လေယာဉ်က နေ့လယ် ၁၂ နာရီကျော်မှ ထွက်ခွာမှာ ဖြစ်ပေမယ့် ကားလမ်းတွေ ပိတ်တဲ့အတွက် မနက် ၉ နာရီကျော်ကတည်းက ဟိုတယ်ကနေ စထွက်ကြပါတယ်။ လမ်းမှာ မစ်္စတာရာဂျစ်ဗ်ကို ဝင်ပြီးနှုတ်ဆက် ကြပါတယ်။
မွန်းလွဲ ၂ နာရီထိုးခါနီးမှ အင်ဖာကို ရောက်ပါတယ်။ လေ ယာဉ်ကွင်းမှာ သေနတ်တွေ ကိုင်ဆောင်ထားတဲ့ အာသံရိုင်ဖယ် တပ်က စစ်သားတွေကို တွေ့ပါတယ်။ စစ်ကားတစ်စီးရဲ့ ခေါင်မိုး ပေါ်မှာ ကျည်ဆန်အတွဲလိုက် တပ်ဆင်ထားတဲ့ စက်သေနတ်တစ် လက်ကို တွေ့ရပါတယ်။
အင်ဖာမြို့ကို ရောက်တော့ လိုက်ပါကူညီဆောင်ရွက်ပေး မယ့် ဒေသခံအမျိုးသမီးသတင်းထောက် ချီထရာအဟန်သန်မ် (CHITRA AHANTHEM)နဲ့ တွေ့ဆုံပါတယ်။ စရောက်တဲ့ ညနေဘက် မှာပဲ ဒေသခံတွေက BURMA MARKET လို့ ခေါ်တဲ့ ဈေးကို သွား ကြပါတယ်။ ဈေးရဲ့ နာမည်အမှန်က PAONA INTERNATIONAL MARKET ပါ။ ဈေးမှာ ရောင်းချနေတဲ့ လျှပ်စစ်ပစ်္စည်း၊ အင်္ကျီ၊ စောင် စတဲ့ကုန်ပစ်္စည်း တော်တော်များများဟာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ပစ်္စည်းတွေ ဖြစ်ပါတယ်။ အဲဒီပစ်္စည်းတွေဟာ မြန်မာ-တရုတ်နယ်စပ်ဖြစ်တဲ့ မူဆယ်-မ်္တလေး-ကလေး-တမူး လမ်းကြောင်းအတိုင်း ဝင်ရောက်လာကြတာပါ။ ပစ်္စည်းတွေဟာ မြန်မာနိုင်ငံကို ဖြတ်ပြီး ဝင်လာတဲ့အတွက် BURMA MARKET လို့ခေါ်တာဖြစ်ပါတယ်။
BURMA MARKET ကနေ ပြန်ထွက်လာတော့ အမျိုးသမီး တွေပဲ သီးသန့်ရောင်းတဲ့ WOMEN MARKET သွားကြပါတယ်။ WOMEN MARKET လို့ ဖြစ်လာတာလည်း သမိုင်းနဲ့ ချီပြီး ဖြစ် လာတာပါ။ အဲဒီဒေသမှာ အုပ်ချုပ်ခဲ့တဲ့ ဘုရင်တွေ လက်ထက်က တည်းက အမျိုးသားတွေဟာ ဘုရင်ထံမှာ စစ်မှုထမ်းရပါတယ်။ စစ်မထွက်ရတဲ့ အချိန်တွေမှာ အမျိုးသားတွေဟာ လမ်း၊ တံတား ဆောက်လုပ်တဲ့ အလုပ်တွေ လုပ်ကြရပါတယ်။
အမျိုးသားတွေ စစ်ထွက်နေရတဲ့အချိန်၊ လမ်း၊ တံတားတွေ ဆောက်လုပ်နေရတဲ့အတွက် အမျိုးသမီးတွေက လယ်ယာစိုက် ခင်းက ကောက်ပဲသီးနှံတွေကို စိုက်ပျိုးတာတွေ၊ ရိတ်သိမ်းတာ တွေ အပါအဝင် ရောင်းချတာကိုပါ လုပ်ရပါတယ်။ အဲဒီလို အမျိုး သမီးတွေပဲ ရောင်းချကြရာကနေ လက်ဆင့်ကမ်းလာခဲ့ကြရာမှ အခုအချိန်မှာ အမျိုးသမီးဈေးဆိုပြီး ဖြစ်လာတာပါ။
နောက်နေ့မနက်မှာ KANGLA အမည်ရတဲ့ ခံတပ်ကို သွား ကြပါတယ်။ အင်္ဂလိပ်တွေ မသိမ်းပိုက်ခင်က အိန်္ဒိယစော်ဘွား တွေရဲ့ နန်းတော်ဖြစ်ခဲ့တဲ့နေရာပါ။ ခံတပ်ကို မ်္တလေးနန်းတော် လိုပဲ ပတ်ပတ်လည်ကျုံးတွေနဲ့ ကာရံထားပါတယ်။ အင်္ဂလိပ်စစ် သားငါးယောက် အသတ်ခံရပြီးနောက်ပိုင်း ၁၈၉၁ မှာ အင်္ဂလိပ် တွေဟာ ခံတပ်ကို သိမ်းပိုက်လိုက်ပြီး နန်းတော်ရဲ့ ဘယ်ဘက် အခြမ်းကို အင်္ဂလိပ်တွေက သူတို့နေထိုင်ဖို့ အဆောက်အအုံတွေ ဆောက်လုပ်ခဲ့ပါတယ်။
အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကြီး WILLIAM SLIM နေထိုင်ခဲ့တဲ့ တစ်ထပ်တိုက်အိမ်လေး ရှိပါသေးတယ်။ ညာဘက်အခြမ်းကို တော့ မူလအတိုင်း ထားပေးထားပါတယ်။ အခုအချိန်မှာတော့ တချို့အဆောက်အအုံတွေဟာ ငလျင်ဒဏ်တွေကြောင့် ပျက်စီး လာတဲ့အတွက် အိန်္ဒိယက ပညာရှင်တွေဟာ မူလလက်ရာ ပျောက်ပျက်မသွားရအောင် ပြန်လည် မွမ်းမံထားတာတွေလည်း ရှိပါတယ်။
နေ့လယ်စာ စားပြီးတဲ့နောက် THE INDIA PEACE MEMORIAL လို့ ခေါ်တဲ့ အိန်္ဒိယအစိုးရနဲ့ ဂျပန်အစိုးရတို့ ပူးပေါင်း ပြီး ၁၉၉၄ခု မှာ ဆောက်လုပ်ထားကြတဲ့ ငြိမ်းချမ်းရေးအမှတ်တရ ကျောက်တိုင်ကို သွားရောက်ခဲ့ကြပါတယ်။ အင်္ဂလိပ်လက် အောက်ကနေ အိန်္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့ အိန်္ဒိယအမျိုးသားခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ နာတာဂျီဆူဘတ်ချန်ထရာဘို့ (NATAJI SUBHASH CHANDRA BOSE) ရဲ့ ပြတိုက်နဲ့ LOKTAK LAKE (လောတတ်)ရေကန်ကြီးကို သွားရောက် လေ့လာခဲ့ပါတယ်။ LOKTAK ရေကန်ကြီးဟာ မြန်မာ နိုင်ငံမှာဆို အင်းလေကန်လိုပါပဲ။ ရေကန်ကြီးထဲမှာ ကျွန်းမျော တွေလည်း ရှိပါတယ်။ ဟင်းသီးဟင်းရွက်တွေလည်း စိုက်ပျိုးကြ ပါတယ်။ ခရီးသွားဧည့်သည်တွေအတွက် ဆွဲဆောင်စရာ နေရာ တစ်ခု ဖြစ်နေပါတယ်။
အဲဒီရေကန်ကြီးကနေ ပြန်လာပြီးနောက် အင်ဖာမြို့မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေနေတဲ့ IMPHAL Free Press နေ့စဉ်သတင်းစာတိုက်ကို သွားကြပါတယ်။ ဘာတေးလ်လင့်တ် နာ ပါလာတဲ့အတွက် သတင်းစာဆရာတွေ တက်ရောက်ကြပြီး မေးခွန်းတွေ မေးမြန်းကြပါတယ်။ သူတို့မေးမြန်းတာ မဏိပူရ ဒေသက သူပုန်တွေအကြောင်းလည်း ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့လည်း မေးမြန်းကြပါတယ်။ သတင်းစာတိုက် ကနေ ဟိုတယ်ကို ပြန်လာတော့ ည ၈ နာရီကျော်နေပြီဖြစ်ပါတယ်။
နောက်နေ့မနက်မှာ အင်ဖာကနေ ကားနဲ့ သုံးနာရီကျော် လောက် မောင်းရတဲ့ မိုရေးမြို့ကို သွားကြပါတယ်။ မိုရေးမြို့ကို မရောက်ခင်အထိ အာသံရိုင်ဖယ်စစ်တပ်ကနေ တာဝန်ယူစစ် ဆေးတဲ့ စစ်ဆေးရေးဂိတ် (CHECKPOINT) သုံးဂိတ် ရှိပါတယ်။ ပထမဆုံး တွေ့တဲ့ စစ်ဆေးရေးဂိတ်က သိပ်ပြီး စစ်ဆေးမေးမြန်း တာ မရှိပါဘူး။ ဒုတိယတွေ့တဲ့ စစ်ဆေးရေးဂိတ်ကတော့ အထောက်အထားတွေ တောင်းပါတယ်။ ဒီခရီးစဉ်အတွက် ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးကနေ ထောက်ခံပေးလိုက်တဲ့ စာ ရွက်ကို ပြတာတောင် သူတို့က အလွယ်တကူ သွားလာခွင့် မပြု ပါဘူး။ အဲဒီဂိတ်မှာကို ဖောင်ဖြည့်၊ လိုအပ်တာတွေ လုပ်ရင်းနဲ့ နာရီဝက်ကျော်ကျော် ကြာသွားပါတယ်။
ကျွန်တော်တို့နဲ့ အတူပါလာတဲ့ အမျိုးသမီးသတင်းစာ ဆရာမ ချီထရာအဟန်သန်မ်က ယခုလိုမျိုး စစ်ဆေးတာဟာ စစ် တပ်က လုပ်နေကျအတိုင်းဖြစ်ပြီး အဲဒီလို စစ်ဆေးတာကို ကြည် ကြည်ဖြူဖြူ လက်မခံလို့ စစ်တပ်က ပစ်သတ်လိုက်ရင်တောင် စစ်တပ်ကို တရားစွဲဆိုလို့ မရဘူးလို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ စစ်တပ်ကို အခွင့်အာဏာပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အထူးအက်ဥပဒေ (ARMED FORCES SPECIAL POWER ACT) ရှိနေလို့ပဲ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
မိုရေးမြို့ကို မွန်းလွဲ နှစ်နာရီလောက်မှာ ရောက်ပြီး နေ့ လယ်စာ စားကြပါတယ်။ စားပြီးတာနဲ့ မြန်မာနိုင်ငံဘက်အခြမ်းက တမူးမြို့နယ်မှာရှိတဲ့ နန်းဖာလုံဈေးကို သွားကြပါတယ်။ ဈေးတစ် ဈေးလုံးဟာ တရုတ်က ထုတ်တဲ့ ကုန်ပစ်္စည်းတွေနဲ့ ပြည့်နှက်နေ ပါတယ်။ အနွေးထည်အင်္ကျီ၊ စောင်၊ မွေ့ရာကအစ ပလတ်စတစ် ဘူးခွံလေးတွေအထိ ကုန်ပစ်္စည်းအစုံ ရှိပါတယ်။
ဘာတေးလ်လင့်တ်နာကိုတော့ အိန္ဒိယနပ်စပ်စစ်ဆေးရေး ဂိတ်က မြန်မာဘက်အခြမ်းကို ဝင်ခွင့်မပြုတဲ့အတွက် အိန်္ဒိယနယ် စပ်ဂိတ်အနီးမှာပဲ နေခဲ့ရပါတယ်။ မြန်မာနိုင်ငံသားတွေနဲ့အိန်္ဒိယနိုင်ငံသားတွေကတော့ အဲဒီနယ်စပ်က ဂိတ်မှာ အစစ်အဆေးမရှိ သွားလာနေကြပါတယ်။ ကျွန်တော်တို့အဖွဲ့ဆိုရင်လည်း ပတ်စ်ပို့ စာအုပ်တောင် ထုတ်မပြခဲ့ရပါဘူး။ အလုပ်သမားတွေဆိုရင်လည်း ကုန်ပစ်္စည်းတွေကို အစစ်အဆေးမရှိ တွန်းလှည်းတွေနဲ့ အသယ် အပို့ လုပ်နေကြပါတယ်။
နန်းဖာလုံဈေးမှာ တစ်နာရီခန့် လေ့လာကြပြီး မိုရေးမြို့ကို ပြန်ဝင်လာခဲ့ကြပါတယ်။ အဲဒီလမ်းကြောင်းက မနက် ၆ နာရီက နေ ညနေ ၄း၃၀ အထိသာ သွားလာခွင့်ပြုတဲ့အတွက် စောစော ထွက်ခဲ့ကြရပါတယ်။ ဖြတ်လာတဲ့ စစ်ဆေးရေးဂိတ်တွေ ပိတ်သွား ရင် ခရီးသည်တွေဟာ တောင်ပေါ်မှာပဲ ညအိပ်ရပါတယ်။
ပြန်အလာမှာတော့ ကျွန်တော်တို့ မိုရေးအသွားတုန်းက နာရီဝက်ကျော် ကြာခဲ့တဲ့ စစ်ဆေးရေးဂိတ်မှာ ကုန်ကားတွေ တန်းစီပြီး ပိတ်ဆို့နေပါတယ်။ ကားတွေကို အသေးစိတ်စစ်ဆေး နေတဲ့အတွက်ပါ။ ကုန်ကားတွေဆိုပေမယ့် ၁၂ ဘီးကား၊ ဆယ်ဘီး ကားကြီးတွေ သိပ်မတွေ့ရပါဘူး။ ဟိုင်းလတ်ကားအရွယ်အစား လောက်သာရှိတဲ့ ကားအသေးတွေမှာ ကုန်ပစ်္စည်းတွေကိုတင်ပြီး သွားလာနေတာကို တွေ့ရပါတယ်။
အဲဒီလမ်းကြောင်းဟာ မြန်မာနဲ့ အိန်္ဒိယနိုင်ငံရဲ့ အဓိက ကုန်သွယ်မှုလမ်းကြောင်းလည်း ဖြစ်ပါတယ်။ ဘာတေးလင့်တ် နာကတော့ အိန်္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုမှာ တရုတ်နိုင်ငံကို လိုက်မီဖို့ မလွယ်တော့ဘူးလို့ ပြောပါတယ်။ အကြောင်းကတော့ အိန်္ဒိယနဲ့ မြန်မာနယ်စပ်တစ်လျှောက်မှာ ရှိ တဲ့ သူပုန်အဖွဲ့တွေက ကုန်သည်တွေဆီကနေ ဆက်ကြေး ကောက်တာတွေ၊ အိန္ဒိယဘက်အခြမ်းမှာ စစ်ဆေးရေးဂိတ်တွေ များများထားပြီး တင်းကျပ်ထားတာတွေ၊ တခြား အဆောက် အအုံတွေနဲ့ ကုန်ထုတ်လုပ်မှုပိုင်းမှာလည်း တရုတ်ကို လိုက်မမီ တော့တဲ့အတွက်ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
အင်ဖာမြို့က သတင်းစာတွေ ပြောတာကတော့ မြန်မာ နိုင်ငံနဲ့ ကုန်သွယ်မှု မြန်ဆန်အောင် ကုန်ပစ်္စည်းတွေကို တစ် နေရာတည်းမှာ စစ်ဆေးနိုင်တဲ့ စစ်ဆေးရေးဂိတ်တစ်ခု (Integrative CHECKPOINT)ကို အိန္ဒိယအစိုးရက ဆောက်လုပ်နေပြီး ၂၀၁၈ မှာ ပြီးစီးနိုင်တယ်လို့ ပြောဆိုကြပါတယ်။
ညမိုးချုပ်မှ အင်ဖာမြို့ကို ပြန်ရောက်ပါတယ်။ နောက် တစ်နေ့မှာတော့ မြန်မာနိုင်ငံကို ပြန်လာကြမှာပါ။ ကျွန်တော်တို့ က အင်ဖာကနေ ကာလကတ်္တား၊ ကာလကတ်္တားကနေ ရန်ကုန်ကို တန်းပြီး ပြန်လို့ရပေမယ့် လေယာဉ်လက်မှတ်ဖြတ်တဲ့အခါ အခက်အခဲအချို့ ရှိခဲ့တဲ့အတွက် အင်ဖာကနေ ကာလကတ်္တား၊ ကာလကတ်္တားကနေ ဘန်ကောက်ဒွန်မောင်းလေဆိပ်က တစ် ဆင့် ရန်ကုန်ကို ပြန်လာဖို့ဖြစ်သွားပါတယ်။
နောက်နေ့ အင်ဖာကနေ လေယာဉ်နဲ့ မွန်းလွဲ တစ်နာရီ ခွဲလောက်မှာ ထွက်လာပြီး ကာလကတ်္တားလေဆိပ်ကို ရောက် တော့ ညနေ ၄ နာရီထိုးနေပြီဖြစ်ပါတယ်။ ဘန်ကောက်ကို ဆက် သွားဖို့ ၁၀ နာရီလောက် စောင့်ဆိုင်းရမှာဖြစ်တဲ့အတွက် ကာလ ကတ်္တားမြို့က CITY CENTRE ကုန်တိုက်ကို ကျွန်တော်တို့ အုပ်စု လိုက် သွားလည်ကြပါတယ်။ ဈေးဝယ်တဲ့သူက ဝယ်ကြပါတယ်။
လေဆိပ်ကနေ ကုန်တိုက်ကို တက်္ကစီငှားတော့ လွယ်လွယ် ကူကူပါပဲ။ ဒါပေမဲ့ ပြန်အလာမှာတော့ လက်တားပြီး ငှားပေမယ့် တစ်စီးမှ လာမရပ်ကြပါဘူး။ ကျွန်တော်တို့ အုပ်စုလိုက် လမ်း လျှောက်နေတော့ ဘတ်စ်ကားအိုကြီးတစ်စီး လာရပ်ပါတယ်။ ကျွန်တော်တို့ကို သူတို့ဘာသာစကားနဲ့ လိုက်မှာလားလို့ မေးဟန်တူပါတယ်။ လေဆိပ်ကို ရောက်မရောက် သေချာမသိတဲ့ အတွက် လိုက်မသွားလိုက်ဘဲ လမ်းဆက်လျှောက်ကြပါတယ်။ နောက်ထပ် ဘတ်စ်ကားတစ်စီး လာရပ်ပါတယ်။ ကျွန်တော်တို့ လည်း တက်္ကစီငှားလို့ မရတဲ့အတူတူ ဘတ်စ်ကားနဲ့ပဲ သွားရ အောင်ဆိုပြီး ကားပေါ် တက်လိုက်ကြပါတယ်။ အဲဒီကားက လေ ဆိပ်ကို ရောက်ပါတယ်။
ည ၂ နာရီမှာတော့ ကာလကတ်္တားကနေ ဘန်ကောက် ဒွန် မောင်းလေဆိပ်ကို ထွက်လာခဲ့ကြပါတယ်။ ဒွန်မောင်းလေဆိပ်မှာ ၁၀ နာရီ ထပ်စောင့်ရပါသေးတယ်။ တစ်ညလုံး အိပ်ရေးပျက်လာ တဲ့ ကျွန်တော်တို့ လေဆိပ်က ထိုင်ခုံပေါ်မှာပဲ တရေးတမော အိပ် လိုက်ကြပါတယ်။ ညနေ ၅ နာရီလောက်မှာ ဒွန်မောင်းလေဆိပ် က ထွက်လာပြီး ရန်ကုန်ကို ၆ နာရီမထိုးခင် ရောက်ပါတယ်။
ဒီခရီးစဉ်မှာ အာသံ၊ မဏိပူရဒေသက အောင်မြင်နေကြတဲ့ ပုံနှိပ်မီဒီယာရဲ့ အခန်းကဏ္ဍကို ထိတွေ့ ခွင့်ရခဲ့ပါတယ်။ သတင်း သမားအချင်းချင်းအကြား ချစ်ခင်ရင်းနှီးမှုကို ရခဲ့ကြပါတယ်။ အဲဒီဒေသရဲ့ နိုင်ငံရေး၊ စီးပွားအခြေအနေကိုလည်း အနည်း အကျဉ်း လေ့လာခွင့်ရခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ကျွန်တော့် အတွက် အတွေ့အကြုံတွေ အများကြီး ရစေပါတယ်။