ရန်ကုန်-၂၀၂၄ ဇူလိုင် ၂၇ (မော်ကွန်း)
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဒီနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် လမ်းမကြီးတွေပေါ်မှာ ရေလျှံမှုတွေဖြစ်ပေါ်နေပါတယ်။
“နှစ်ရက်ရှိပြီ၊ ညလုံးပေါက် မိုးတွေရွာတာ။ ဒီနေ့မနက်ဆို မြန်မာ့ဂုဏ်ရည်လမ်းနဲ့ သိမ်ဖြူလမ်းထောင့်နားရေလျှံနေတာ ဒူးအထိမြုပ်တယ်”လို့ မင်္လာတောင်ညွန့်မြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်အပြင် တာမွေ၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့မြို့နယ်တွေထဲက နေရာတချို့မှာလည်း မိုးများလို့ ရေလျှံမှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
“တစ်ညလုံးမိုးကောင်းလို့ အိမ်ထဲတောင်ရေတွေဝင်နေပြီ” လို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်သူတစ်ဦးကလည်းပြောပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက်ထုတ်ပြန်ချက်အရ ရန်ကုန်မြို့နဲ့အနီးတဝိုက်မှာ ဒီနေ့ညနေအထိ နေရာကွက်ပြီး မိုးကြီးနိုင်သလို နောက်နှစ်ရက်အတွင်း မိုးအသင့်အတင့် ထစ်ချုန်းရွာမယ်လို့ ဆိုထားပါတယ်။
အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ မြစ်ရေတက်နေလို့ လူဦးရေတစ်ထောင်ဝန်းကျင် ရေဘေးဒုက္ခကြုံနေရသလို မနေ့ကလည်း ကွမ်းခြံကုန်းမြို့နယ်ထဲမှာ လေဆင်နှာမောင်းတိုက်လို့ ကျေးရွာနှစ်ရွာက အိမ်ခြေခုနစ်ဆယ်ပျက်စီးပြီး လူဦးရေသုံးရာကျော် လေဘေးဒုက္ခကြုံနေရပါတယ်။
ဒီလလယ်ပိုင်းက စတင်ရွာသွန်းနေတဲ့မိုးကြောင့် နိုင်ငံအနှံ့အပြားမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေပါတယ်။ ဧရာဝတီ၊ ပဲခူး၊ ကရင်၊ ကရင်နီ၊ မွန်၊ မကွေး၊ စစ်ကိုင်းနဲ့ ရခိုင်လို ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်နေပြီး လယ်တွေရေမြုပ်တာ၊ အိုးအိမ်တွေရေလွှမ်းပျက်စီးတာနဲ့ လမ်းပိုင်းတွေပြတ်တောက်တာတွေလည်း ဖြစ်ပွားနေပါတယ်။
ပုံစာ-မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာ ဒီနေ့မနက်က ရေလျှံနေတဲ့မြင်ကွင်းတချို့။
ဓာတ်ပုံ-mawkun
Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
Telegram
https://t.me/MawkunMM
Facebook
https://facebook.com/mawkunmagazine
Youtube
https://youtube.com/@mawkunmagazine494/community
TikTok
https://tiktok.com/@mawkunmagazine
X
https://x.com/MawKunMM
Substack
https://mawkunmagazine.substack.com/
Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

