ဆားလင်းကြီး – ၂၀၂၂ ဒီဇင်ဘာ ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ နံနက်မိုးမလင်းခင် အာဏာသိမ်းစစ်တပ်တွေ ဝင်ရောက်စစ်ကြောင်းထိုးလာလို့ ကျေးရွာတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပိ(နမခ) ကနေ ဆားလင်းကြီးက ကြေးနီထုတ်လုပ်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီဆီ အင်အားအများအပြားနဲ့ ဝင်ရောက်လာတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒီလိုဝင်ရောက်လာလို့ ပုသိမ် – မုံရွာလမ်းမဘေး၊ ယင်းမာပင်အရှေ့ခြမ်း၊ ဆားလင်းကြီးမြောက်ခြမ်းက ရွာတွေဖြစ်တဲ့ အောင်မိုး၊ မြပင်စီ၊ အုံတုံပင်၊ မြရွှေစည်၊ ဘိန်းနွယ်ချောင်၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်း ကျေးရွာကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးလာရင် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ၊ နေအိမ်တွေက အဖိုးတန်ပစ္စည်းတွေ၊ စားနပ်ရိက္ခါတွေကို ခိုးယူတာတွေ၊ မီးရှိ့တာတွေ လုပ်လေ့ရှိတာကြောင့် ခုလို ဒေသခံတွေထွက်ပြေးကြရတာဖြစ်ပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

