မိုးကုတ် – ၂၀၂၁ ဒီဇင်ဘာ ၄ (မော်ကွန်း)
မန္တလေးတိုင်းမိုးကုတ်မြို့မှာ ဒီဇင်ဘာ မနေ့ညနေပိုင်းက အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်မှာရှိတဲ့ ခဲခွဲစက်လုပ်ငန်း နေရာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး နှစ်ဦးကို ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” သူတို့က အပြစ်မရှိဘူး။ ဘာကြောင့်ပစ်ခံရတာလဲမသိဘူး။ စစ်သားတွေက ပစ်ပြီးတော့ ဆိုင်ကယ်၊မီးစက်၊ ကျောက်သွေးခုံကအစ အကုန် ကားနဲ့တင်သွားတာ”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ပစ်သတ်ခံရသူတွေအပြင် ဖမ်းဆီးခံထားရသူတွေရှိတယ်လို့ နီးစပ်သူ တွေဆီကသိရပါတယ်။
မိုးကုတ်မြို့မှာ ဒီကနေ့လည်း စစ်ကောင်စီတပ်တွေက ရပ်ကွက်တွေအတွင်း အင်အားအလုံးအရင်းနဲ့ဝင်ရောက်ရှာဖွေတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
#Dailynews

