၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။
“ဘဝသံသရာ xxx ရှည်လျား ထွေပြား xxx မနေမနား တစ်သွား တည်းသွားကြတာ xxx ခရီး ပန်း တိုင် xxx မရောက်မချင်း တစ် ယောက်ဆင်း တစ်ယောက်တက် xxx ဆက်လက်ထွက်ခွာ”
မယ်ဒလင်အသံနဲ့အတူ အသံမြင့်မြင့်နဲ့ မပီမသ သီဆို လိုက်တဲ့ သီချင်းသံဟာ ရထားတွဲ ထဲမှာ စူးခနဲ ထွက်ပေါ်လာပါတယ်။ အရောင်ခပ်မှိန်မှိန် အင်္ကျီအပြာ ရောင် အကွက်စိပ်စိပ်ကို ဝတ်ဆင် ထားတဲ့ သူ့ပုံစံက အသားဖြူဖြူ အရပ်ခပ်ပုပုနဲ့ ကချင်လွယ်အိတ် တစ်လုံးကို ဘေးတစ်စောင်း လွယ်ထားပါတယ်။
ညာဘက်မှာတော့ မျက်မမြင်တွေအသုံးပြုတဲ့ ကြိုးတပ် ထားတဲ့ လမ်းလျှောက်တုတ်တစ်ချောင်းကို ပခုံးမှာ ချိတ်ထားပါ တယ်။ ပုဆိုးခါးပုံစမှာ စတီးတစ်လုံးချိုင့်ကို ပိုက်ဆံထည့်ဖို့ ချိတ် ဆွဲထားပါတယ်။ မယ်ဒလင်ကို သေနတ်လွယ်ထားသလို ရင်မှာ ပြားပြားအပ်ပြီး ရထားတွဲလှုပ်ရှားမှုနဲ့အတူ တီးလိုက် ဆိုလိုက်နဲ့ ခပ်မှန်မှန် လမ်းလျှောက်နေပါတယ်။
ရထားစီးခရီးသည်အချို့က သူ့စတီးချိုင့်ထဲကို ပိုက်ဆံတွေ ထည့်ပေးကြပါတယ်။ သူကတော့ သီချင်းဆိုရင်း လူကြားထဲ တိုး တဲ့အခါ တိုးမိတိုက်မိတဲ့သူတွေကိုလည်း ““ကန်တော့ပါဗျာ””လို့ တောင်းပန်လိုက်သေးတယ်။ သူက မြို့ပတ်ရထားတွေပေါ်မှာ မယ်ဒလင်တီး သီချင်းဆိုကာ အလှူခံစားတဲ့ ဦးကျင်တိတ်ပဲ ဖြစ် ပါတယ်။
အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့သူ့ကို ရင်းနှီးတဲ့သူတွေက ဦးတရုတ်ကြီးလို့ ခေါ်ကြသလို အဘ ဦးကျင်တိတ်လို့လည်း ခေါ်ကြပါတယ်။ တစ်ခေါင်းလုံးဖွေးနေတဲ့ ဆံပင်ခပ်တိုတိုနဲ့ ဇရာရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ပါးရေနားရေတွေဟာ သူ့မျက်နှာပြင် ပေါ်မှာ အထင်အရှား အမှတ်အသားတွေ ဖြစ်နေပါပြီ။

Photo-Thet Oo Man မျက်မမြင်များ အသုံးပြုသည့် အသံထွက်သော နာရီ
သူနေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်ငမိုးရိပ်ဘူတာနား သွပ်ဝိုင်းကြီးရပ်ကွက်ကနေ ငမိုးရိပ်ဘူတာကို မနက် ၇နာရီဆို ထွက်လာပါပြီ။ အဲဒီကနေ ပုဇွန်တောင်ဘူတာကို မနက် ၇ နာရီခွဲ ရထားနဲ့တစ်ကြောင်း၊ ပုဇွန်တောင်ကနေ မြောက်ဥက်္ကလာ တံတားလေးဘူတာကို တစ်ကြောင်း၊ တံတားလေးဘူတာကနေ မလွှကုန်းဘူတာ၊ အဲဒီကတစ်ဆင့် သူစထွက်ရာ ငမိုးရိပ်ဘူတာ ကို ပြန်ရောက်လာပြီး နံနက် ၁၁ နာရီကျော်မှာ သူ့ရဲ့ နိစ်္စဓူ၀ အလှူခံခြင်း ခရီးစဉ်အဆုံးသတ်ပါတယ်။
ယခင်ကတော့ ရထားပေါ်မှာ တစ်နေ့လုံးနီးပါး မယ်ဒလင် တီး သီချင်းဆိုကာ ဝမ်းစာအတွက်ရှာဖွေပေမယ့် အသက် အရွယ်ရလာတာကြောင့် ယခုအခါ နေ့တစ်ပိုင်းသာ လုပ်ကိုင်ပါ တော့တယ်။ သူက ဒီလိုရထားပေါ်မှာ အလှူခံစားသောက်နေ တာဟာ နှစ်ပေါင်းလေးဆယ်နီးပါး ရှိခဲ့ပါပြီ။
သူလမ်းပေါ်ထွက်လာတာ ဘာကြောင့်လဲ။ မျက်စိမမြင်တာ ဟာမွေးရာပါလား ။ အရင်တုန်းက ဘယ်လို ဘဝမှာ နေထိုင်ခဲ့ တာလဲ။ ဒီအလုပ်ကို ငယ်စဉ်ကတည်းက ရွေးချယ်ခဲ့တာလား စတာတွေကို စိတ်ဝင်စားမိတဲ့အတွက် သူ့ဘဝအကြောင်းကို မေး မြန်းခဲ့ပါတယ်။
ဗိနေ်္ဓာဆရာ ကုသခြင်း
ဦးကျင်တိတ်က ရန်ကုန်ဇာတိတော့ မဟုတ်ပါဘူး။ မွေးရပ် မြေက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကပါ။ သူ မျက်စိ မမြင်တာ မွေးရာပါတော့ မဟုတ်ဘူး။ သူ အသက် ခြောက်နှစ်သား အထိ မျက်စိမြင်ပါသေးတယ်။
ခြောက်နှစ်သားအရွယ်မှာ သူမျက်စိနာရောဂါ ဖြစ်ပါ တယ်။ ၁၉၅၀ လောက်က ဆေးရုံ၊ ဆေးခန်းတွေ သိပ်မထွန်းကား သေးချိန် အရပ်အခေါ် ဗိနေ်္ဓာဆရာတွေကိုသာ အားကိုးရပါတယ်။ သူ့အမေကလည်း မျက်စိနာတာကို ကုပေးဖို့ ဗိနေ်္ဓာဆရာကို ပင့် လိုက်ပါတယ်။ ဆရာက သူ့မျက်စိထဲကို ငါးဖယ်ခြစ်တဲ့ ဂုံးကောင်ရဲ့ အခွံကို သွေးပြီး ဝါးပြောင်းနဲ့ မှုတ်ထည့်ပြီး ကုသလိုက်ပါတယ်။
““ပုရွက်ဆိတ်အုံ ထည့်လိုက်သလိုပဲ မနေနိုင် မထိုင်နိုင်ဖြစ် သွားတာ””လို့ အဲဒီအချိန်က ခံစားရပုံကို ပြန်ပြောပြပါတယ်။

Photo – Kaung Htet San ဦးကျင်တိတ်
အဲဒီလိုကုသပြီး မျက်စိနာတာ ပျောက်မသွားတဲ့အပြင် မျက်စိ တဖြည်းဖြည်းရောင်လာပါတယ်။ ဂုံးအခွံ အမှုန့်တွေဟာ မျက်ဆန်ကို စားသွားပြီး မျက်လုံးနှစ်လုံးဟာ တဖြည်းဖြည်းနိမ့် ဝင်လာကာ လုံးဝမမြင်ရတော့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဦးကျင် တိတ်က ဆိုပါတယ်။
ငယ်စဉ်ကတော့ အလင်းကွယ်ခြင်းရဲ့ ဒုက်္ခကို သူအနေနဲ့ သတိမထားမိခဲ့သေးဘူး။ ကလေးအရွယ်မို့ ပုံမှန်အတိုင်း အဆော့ မပျက်၊ အစားမပျက်ခဲ့ပါဘူး။ ဒါပေမဲ့ အသက်အရွယ် ရလာတဲ့ အခါမှာတော့ အမှောင်ဖုံးတဲ့ဘဝဟာ ဘယ်လောက် ဆိုးရွားတယ် ဆိုတာ သိလာခဲ့ရတယ်လို့ သူက ဆိုပါတယ်။
အခုအချိန်မှာတော့ သူမျက်စိမမြင်ရတဲ့ ဒုက်္ခကို ဗုဒ်္ဓ ဘာသာ အယူအဆအရ အတိတ်က ဝဋ်ကြွေးကြောင့်ဖြစ်ပြီး အရင်ဘဝက ““သူများအလင်းကို ခွင်းခဲ့တာကိုး အမှောင်ထုဖုံး သွားတာ ဒီဘဝမှာ”” လို့ သူက ယူဆထားပါတယ်။
မျက်စိကွယ်ပြီး နောက်တစ်နှစ် သူ့အသက် ခုနစ်နှစ်မှာ သူ့အမေနဲ့အတူ အဖေအလုပ်ရှိရာ ရန်ကုန်ကိုအပြီး ပြောင်းရွှေ့ လာခဲ့ပါတယ်။ သူ့အဖေကတော့ သူတို့ရောက်ပြီး တစ်နှစ်အကြာ မှာ ဆုံးပါးသွားခဲ့ပါတယ်။ သူ့အမေက သူ့ကို ရန်ကုန်မှာရှိတဲ့ ကြည့်မြင်တိုင်က ကျောင်းအိပ်ကျောင်းစားနေရတဲ့ မျက်မမြင် ကျောင်းမှာ အပ်ပေးပါတယ်။

Photo-Kaung Htet San အလှူခံနေတဲ့ ဦးကျင်တိတ်
အဲဒီမှာ ကျောင်းစာအပြင် လက်မှုပညာတွေလည်း သင်ရ ပါတယ်။ အခြား အနုပညာအနေနဲ့ ဂစ်တာ၊ မယ်ဒလင် စတာတွေ ကို သင်ရပါတယ်။ လေးတန်းအောင်တော့ အပြင်က အတန်း ကျောင်းမှာ ပြောင်းတက်ရပါတယ်။ သူများတွေက အမြင်အာရုံနဲ့ စာသင်သလို သူက အကြားအာရုံနဲ့ မှတ်ယူ သင်ကြားပါတယ်။ အဲဒီကျောင်းမှာ ၅ တန်းကနေ ၁၀ တန်း အောင်သည်အထိ နေခဲ့ပါတယ်။
၁၀ တန်းအောင်ပေမယ့် အဲဒီအချိန်က မဆလအစိုးရက အလုပ်မပေးတဲ့အတွက် အလုပ်မရခဲ့ပါဘူး။ လုပ်မယ်ဆိုရင် မျက် မမြင်ကျောင်းတွေမှာ ကျောင်းဆရာအဖြစ် လုပ်ကိုင်လို့ရပါတယ်။ အရင်ကတော့ အဲဒီလိုအလုပ်ပေးပေမယ့် သူတို့ခေတ်ကျတော့ အလုပ်မရတော့ဘူးလို့ဆိုပါတယ်။
အလုပ်မရတာနဲ့ ပတ်သက်ပြီး သူ့ဆရာကို ““ကျွန်တော် တို့က သရက်သီးစားချင်လို့ သရက်ပင်စိုက်တယ်၊ စိုက်တဲ့ သရက် ပင် ကိုယ်မစားရတော့ဘူးဆိုတော့ ဘာလုပ်လို့ရမှာလဲလို့ ပြော လိုက်တယ်””လို့ သူက ဆိုပါတယ်။
လိုတရဘဝ
သူ ၈ တန်းနှစ်မှာတော့ သူ့အမေက ဆုံးပါးသွားခဲ့ပါတယ်။ သူ့ကို အရမ်းအလိုလိုက်ပြီး လိုချင်တာ မှန်သမျှ ဖြည့်ဆည်း ပေး တဲ့ အမေဆုံးပါးသွားခဲ့တာဟာ ““ငရဲအိုးထဲ ထိုးကျသွားသလိုပဲ”” လို့ ဦးကျင်တိတ်က ဆိုပါတယ်။
သူ့အမေဟာ သူ့ကို အရမ်းချစ်ပြီး တစ်နှစ်တစ်ခါ ကျောင်း ပိတ်ချိန် အိမ်ပြန်လာတိုင်း ပိုက်ဆံဆိုလည်း အပြည့်အစုံ၊ လိုချင် တာမှန်သမျှလည်း ဝယ်ပေးနဲ့ အစစ အရာရာ ဂရုစိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သူ မျက်စိကွယ်ပြီးကတည်းက သူ့ကို ရိုက်ဖို့ အသာ ထား တစ်ခါမှတောင် မဆူခဲ့ဖူးဘူးလို့ ဦးကျင်တိတ်က ဆိုပါတယ်။
အဲဒီအချိန်က သူတို့အိမ်ရဲ့ စီးပွားရေးက အတော် ဖြစ်ထွန်း ခဲ့ပါတယ်။ သူ့အဆိုအရ သူ့မိဘတွေဟာ ရန်ကုန်မြို့ လမ်းမတော် သံဈေးနားမှာ ဝက်သားဆိုင် သုံးလေးဆိုင်နဲ့ ကုန်စုံဆိုင်ကြီးတစ်ဆိုင်ပိုင်ပါတယ်။ အဲဒီအချိန်ကတော့ သူ့ဘဝရဲ့ အကောင်းဆုံး သော နေ့ရက်တွေပါပဲ။ အပူအပင်ဆိုတာကို မသိခဲ့ဘူးလို့ ဦးကျင် တိတ်က ဆိုပါတယ်။
““တော်တော်စီးပွားဖြစ်ခဲ့တာ။ သာယာငြိမ့်ညောင်းစွာနဲ့ နေခဲ့ရပါတယ်။ ကားတွေ တိုက်တွေနဲ့”” လို့ သူက ပြန်ပြောပြတယ်။
အမေဆုံးပြီးနောက် အိမ်ရဲ့စီးပွားရေးကို အစ်ကိုဖြစ်သူကပဲ ဦးစီးဦးဆောင် လုပ်ကိုင်ပါတယ်။ သူ့မှာမောင်နှမ ခုနစ်ယောက် ရှိကာ ငယ်စဉ်ကတည်းက ကျန်တဲ့ မောင်နှမတွေ ဆုံးပါးကုန်ပြီး အစ်မအကြီးဆုံးနဲ့ အစ်ကိုလတ်ဖြစ်သူသာ ကျန်တော့တာပါ။ အစ်မအကြီးဆုံးကတော့ သူ့အမေ မဆုံးခင်ကတည်းက အိမ် ထောင်ကျကာ တရုတ်ပြည်ကို ပြောင်းရွှေ့သွားပါတော့တယ်။
၁၀ တန်းအောင်တော့ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းကနေ ထွက်လာခဲ့ပါတယ်။ အလုပ်အကိုင်မရှိ သူ့ကို ဂရုစိုက်မယ့် အမေဖြစ်သူလည်း မရှိတော့တဲ့အတွက် အိမ်ကိုလည်း သိပ်မကပ် ဖြစ်ပါဘူး။ သူငယ်ချင်းတွေနဲ့ပဲ လှည့်ပတ်နေထိုင်စားသောက်ပါ တယ်။ ပိုက်ဆံကုန်ရင်တော့ အစ်ကိုဖြစ်သူဆီက လာတောင်း ပါတယ်။

Photo-thet Oo Mon ဦးကျင်တိတ်နေအိမ်သို့ သွားရာ လမ်းကျဉ်းကလေး
ပိုင်ဆိုင်သမျှ စွန့်ခွာခဲ့
အဲဒီ ၁၉၇၀ ကျော်ကာလမှာ သူငယ်ချင်းတွေဆီ လှည့်ပတ် သွားလိုက် ပိုက်ဆံကုန်ရင် အစ်ကိုဖြစ်သူဆီက လာတောင်းလိုက် နဲ့ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းနေခဲ့ပါတယ်။ အိမ်ကိုလည်း သိပ်မပြန်ဖြစ်ဘူးလို့ ဆိုပါတယ်။
သူမပြန်ဖြစ်တဲ့ ကာလတွေမှာလည်း အိမ်မှာ အပြောင်း အလဲတွေ စဖြစ်နေတာကို သူမသိခဲ့ပါဘူး။ သူ့အမေ သူ့ကို အမွေ ပေးထားခဲ့တဲ့ တိုက်ကြီးမှာ သူ့အစ်ကို မိန်းမရဲ့ အမျိုးတွေက နေရာယူထားပါပြီ။ အဲဒီအခါကျမှ သူလည်း သတိထားမိပြီး သူ ပိုင်တဲ့အိမ်နဲ့ မိဘတွေထားခဲ့တဲ့ ပစ်္စည်းဥစ်္စာတွေကို မရီးဖြစ်သူ အပိုင်သိမ်းတော့မလား စိုးရိမ်စပြုလာပါတယ်။
ခါတိုင်း သူပြန်လာချင်တဲ့အချိန်ပြန်လာတိုင်း မငြူစူခဲ့ပေ မယ့် အဲဒီနောက်ပိုင်းမှာတော့ မရီးနဲ့ သူ့အမျိုးတွေက ငြိုငြင်လာ တယ်လို့ ဆိုပါတယ်။ သိသာတာက သူ့သူငယ်ချင်းတွေကို ခါတိုင်း လိုပဲ အိမ်ခေါ်လာပြီး ကျွေးမွေးတဲ့အခါမှာပါ။ သူက မျက်စိမမြင်လို့ လူတွေရဲ့ မျက်နှာရိပ် မျက်နှာကဲကို မသိပေမယ့် မျက်စိမြင်တဲ့ သူငယ်ချင်းတွေကတော့ ငြူစူတာကို သိနေပြီး သူ့ကိုပြန်ပြောပါ တယ်။ သူတို့ကလည်း ဦးကျင်တိတ်ဆီမလာတော့ပါဘူး။
အဲဒီအချိန်မှာတော့ ဦးကျင်တိတ်တစ်ယောက် ဒေါသ ထွက်ပြီး အစ်ကို၊ မရီးဖြစ်သူနဲ့ စကားအကြီးအကျယ် များပါတော့ တယ်။ သူ့အတွက် ထားခဲ့တဲ့ သူ့အမေရဲ့ အမွေတွေကို ဒီလို အမျိုး တွေနဲ့ သုံးစားနေတာကို ကန့်ကွက်ပြီး သူ့အစ်ကိုကိုလည်း ရန် တွေ့ ပြောဆိုလိုက်ပါတယ်။
အဲဒီလိုဖြစ်ပြီး အိမ်မှာလည်း နေရတာ အဆင်မပြေတော့ ပါဘူး။ သူစိတ်ထဲလည်း ပစ်္စည်းဥစ်္စာတွေထက် စိုးရိမ်တဲ့ အရာ တစ်ခုပေါ်လာပါတယ်။ အဲဒါကတော့ အမွေတွေလိုချင်တဲ့အတွက် သူ့ကို အဆိပ်တွေ ဘာတွေကျွေးပြီး လုပ်ကြံမလားလို့ ပူပန်တာ ပါ။ အိမ်မှာနေရတာလည်း မလုံခြုံမှုကို ခံစားလာရပါတယ်။ သူ့ကို ထမင်းလည်း သိပ်မကျွေးချင်၊ ပိုက်ဆံလည်း မပေးချင်တော့သလို စကားလည်း မပြောကြတော့ဘူးလို့ သူကဆိုပါတယ်။
““သူတို့က လိုချင်တဲ့သူဆိုတော့ ဘယ်လို ဒုက်္ခပေးမယ်ဆို တာ ပြောမရဘူး။ အစ်ကိုကတော့ မိန်းမစကား ယုံမှာပေါ့လေ””
သူက မျက်စိမမြင်တဲ့အတွက် အဲဒီလို လုပ်လိုက်ရင် သူ လည်း မတတ်နိုင်ဘဲ သူသေဆုံးတာတောင် လူမသိသူမသိ သေ ဆုံးရမှာကို ထိတ်လန့်လာပါတယ်။ အဲဒါကြောင့် သူဟာ လူ့ အသက်နဲ့ ပစ်္စည်းဥစ်္စာ ဘယ်ဟာကိုရွေးမလဲ စဉ်းစားရင်း သူပိုင် တဲ့ ငါးထပ်တိုက်၊ ကုန်စုံဆိုင် အမွေတွေကို စွန့်ခွာပြီး အိမ်ပေါ်ကနေ ဆင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
““ဥစ်္စာကံစောင့် အသက်ကို ဉဏ်စောင့်ဆိုတဲ့အတိုင်း ငါ့ အသက်ကို ဉဏ်နဲ့ စောင့်မယ်ဆိုပြီး”” အိမ်က အပြီးအပိုင် ဆင်းလာခဲ့တယ်လို့ သူက ဆိုပါတယ်။
သူထွက်သွားပြီး မကြာပါဘူး။ သူ့အစ်ကိုနဲ့ မရီးဖြစ်သူဟာ သူပိုင်တဲ့ အမွေပစ်္စည်းတွေကို ထုခွဲရောင်းချပြီး တရုတ်ပြည်ကို ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အလှူခံခြင်း ပညာ
အိမ်ပေါ်က ဆင်းလာတော့ ၁၉၇၉ မှာပါ။ သူ့သူငယ်ချင်းဆီ သွားနေပါတယ်။ အဲဒီသူငယ်ချင်းက ငယ်စဉ် မျက်မမြင်ကျောင်း မှာကတည်းက အတူကျောင်းတက်ခဲ့သူပါ။ အဲဒီသူငယ်ချင်းက တော့ ရထားပေါ်မှာ မယ်ဒလင်တီးပြီး အလှူခံစားတာ ၁၀ နှစ် နီးပါး ရှိနေတဲ့သူပါ။ ကျောင်းက ထွက်ကတည်းက မိဘဆွေမျိုး မရှိတဲ့အတွက် အဲဒီအလုပ်ကို စတင်လုပ်ကိုင်ပြီး ကြည့်မြင်တိုင်မှာ အိမ်ငှားနေတာပါ။
သူငယ်ချင်းက သူ့ကိုအားပေးပါတယ်။ သူ့ကိုလည်း ကျွေး မွေးထားပါတယ်။ အဲဒီမှာ သူနဲ့နေရင်း အဲဒီအလုပ်ကို လုပ်ဖို့ သူ စိတ်ဝင်စားခဲ့ပါတယ်။ ယခင်လို ပိုက်ဆံတောင်းလို့ရမယ့် အိမ် လည်း မရှိတော့တဲ့အတွက် ကိုယ့်ဘဝကို ကိုယ်ရုန်းကန်ဖို့ ဒီ အလုပ်ကို ရွေးချယ်လိုက်တယ်လို့ ဦးကျင်တိတ်က ဆိုပါတယ်။
““ငါအလုပ်လုပ်ရင် ငါ့ပိုက်ဆံနဲ့ သူငယ်ချင်းအပေါင်း အသင်းတွေနဲ့ တွေ့ရင် ကျွေးမယ် မွေးမယ် စိတ်ချမ်းသာတယ် ဆိုပြီး ရွေးမိသွားတာ။ အဲဒီခေတ်တုန်းကလည်း ကိုယ်က ပညာ တတ်ပေမယ့် အစိုးရက ပြန်လုပ်ပေးတာမဟုတ်တော့ အဲဒီဘ၀ ကို ရောက်သွားတာပေါ့”” လို့ ဦးကျင်တိတ်က ဆိုပါတယ်။
စစချင်းတော့ မယ်ဒလင်တီးသင်ရပါတယ်။ သီချင်းသုံး လေးပုဒ်ကို သူ့သူငယ်ချင်းက သင်ပေးပါတယ်။ ဂစ်တာလည်း ကျွမ်းကျွမ်းကျင်ကျင် တီးတတ်တဲ့အပြင် မျက်မမြင်ကျောင်းမှာ လည်း မယ်ဒလင်ကို အခြေခံ သင်ခဲ့ဖူးတဲ့သူ့အတွက် သိပ်တော့ မခက်ခဲပါဘူး။
သူ့သူငယ်ချင်းအပြင် နောက်ထပ် ဒီအလုပ်လုပ်စားကြတဲ့ ဆရာတွေဆီမှာ မယ်ဒလင်ပညာနဲ့ သီချင်းတွေ ဆက်သင်ပါ တယ်။ ကက်ဆက်နဲ့ သီချင်းတွေနားထောင်ပြီး ပြန်အတီးကျင့်ရင်း နဲ့ သီချင်းတွေတော်တော်များများရလာခဲ့ပါတယ်။ သူကတော့ ဒီလို စနစ်တကျ သင်တာဟာ မတီးတတ်ဘဲ လိမ်ပြီး အသံထွက်ရုံ အလှူခံစားရမှာ မလုပ်ချင်ဘဲ သေသေချာချာတီးဆိုပြီး လူတွေ ခံစားတတ်စေဖို့လို့ ဆိုပါတယ်။
““ဘာပဲလုပ်လုပ် ပီပြင်အောင်လုပ်တာ အကောင်းဆုံး ပါပဲ””လို့ သူ့ခံယူချက်ကို ဦးကျင်တိတ်က ရှင်းပြပါတယ်။
တစ်နှစ်လောက်နေတော့ သူငယ်ချင်းက ရထားပေါ်တက်ဖို့ တီးဆိုတဲ့ပညာ လုံလောက်ပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ ရထား ပေါ်မှာ လမ်းလျှောက်တဲ့အခါ သတိထားရမယ့် အရာတွေနဲ့ ရထားပေါ် တက်နိုင် ဆင်းနိုင်ဖို့ကို ထပ်သင်ပေးဖို့ သူ့ကို ရထား ပေါ် ခေါ်လာပါတော့တယ်။
ရထားပေါ်စတက်ရပြီ
အဲဒီနှစ်က မှတ်မှတ်ရရ ၁၉၈၁ လို့ဆိုပါတယ်။ ရထားက ရန်ကုန်က ရထားမဟုတ်ပါဘူး။ ဟင်္သာတနဲ့ ပုသိမ် ပြေးဆွဲတဲ့ ရထားပါ။ သူ့အသိုင်းအဝိုင်းနဲ့ ဆွေမျိုးတွေ မြင်မှာစိုးတဲ့အတွက် ကြောင့် ရန်ကုန်က စမတက်တာလို့ သူက ဆိုပါတယ်။ သူ့သူငယ် ချင်းက ဟင်္သာတကို သူနဲ့အတူ လိုက်ခဲ့ပါတယ်။
ပထမဆုံးနေ့ကတော့ သူ မတီးရသေးပါဘူး ။ ရထားပေါ် မှာ သူ့သူငယ်ချင်းတီးတဲ့အခါ ပခုံးလေးကိုင်ပြီး လိုက်ရတာပါ။ အဲဒီမှာ ရထားပေါ်အတက်အဆင်းတွေနဲ့ လမ်းလျှောက်နည်းတွေ သင်ရပါတယ်။
““သူက မယ်ဒလင်တီး၊ ကိုယ်က ပခုံးကိုင်လိုက်၊ ဆယ်ရက် လောက်အထိ ရှက်လည်း ရှက်တယ်လေ””
ရထားပေါ်မှာတော့ အဓိကက အသံတွေကို အထူးနား ထောင်ရပါတယ်။ ပြီးတော့ အထိအတွေ့တွေလည်း အာရုံစိုက် ရပါတယ်။ ရထားစက်ခေါင်းအသံကို မှန်းပြီး နောက်တွဲတွေကို သွားရပါတယ်။ သွားတဲ့အခါ ရထားကိုယ်ထည်ကို တုတ်နဲ့ စမ်းပြီး အပေါက်၀ ရောက်တဲ့အခါ တန်းကို ကိုင်ပြီးတက်ပါတယ်။ အခြား သူတွေ တက်တဲ့ဆင်းတဲ့ ခြေသံတွေနားထောင်ရင်လည်းအပေါက် ၀ ဘယ်မှာရှိတယ်ဆိုတာ မှန်းလို့ရတယ်လို့ သူက ဆိုပါတယ်။
ရထားပေါ်ရောက်တဲ့အခါလည်း အထိအတွေ့ကို အာရုံခံရ ပါတယ်။ အဲဒါကတော့ တွဲအတွင်းပိုင်းထဲ ရောက်နေရင် ရထား ပြတင်းက လာတဲ့လေတွေဟာ ကိုယ်ခန်္ဓာ အပေါ်ပိုင်းကို တိုက်ပါ တယ်။ အပေါက်၀ ရောက်ပြီဆိုရင်တော့ ခြေဖျားကနေ ခေါင်း အထိ တိုက်တယ်လို့ဆိုပါတယ်။
တစ်လလောက်ကြာတော့ သူလည်း ရထားအတက် အဆင်းနဲ့ တွဲတွေပေါ်လမ်းလျှောက်တာ အဆင်ပြေလာပါတယ်။ သူငယ်ချင်းနဲ့ မလိုက်တော့ဘဲ တစ်ယောက်တည်း အလှူခံပါ တယ်။ မယ်ဒလင်တီး သီချင်းဆိုနဲ့ ချောချောမွေ့မွေ့ပါပဲ။ ဒါပေမဲ့ စစတီးဆိုချင်းတုန်းကတော့ တော်တော်ရှက်မိတယ်လို့ သူက ဆိုပါတယ်။
““ပိုက်ဆံရှိတဲ့ အသိုင်းကနေ ဗြုန်းခနဲ ခွေးဘ၀ ဆင်းတယ် ဆိုတော့ ခွေးလိုတော့ မအူရဲသေးဘူးပေါ့ကွာ”” လို့ သူ့အခြေအနေ ကို ဦးကျင်တိတ်က ပြန်ပြောပြပါတယ်။
ဒါပေမဲ့ ““ဝက်ဖြစ်မှတော့ ချေးမကြောက်တော့ဘူး။ ကိုယ့် ဘဝကို အပြီးအပိုင် ဆုံးဖြတ်လိုက်တယ်”” လို့ ဒီအလုပ်ကို ဇောက် ချလုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပုံကို ပြန်ပြောပြပါတယ်။
ထမင်းတစ်ခါပြင် ငါးမူး၊ လက်ဖက်ရည်တစ်ခွက် တစ်မတ် ခေတ်မှာ တစ်နေ့ကို ““လေး ငါး ခြောက်ကျပ် ရတယ်””လို့ ဦးကျင် တိတ်က ဆိုပါတယ်။ သူက ဟင်္သာတကနေ ပုသိမ်ကြားဘူတာ စဉ်တစ်လျှောက် အလှူခံတာပါ။
သူငယ်ချင်းဖြစ်သူက သူနဲ့အတူ ဟင်္သာတမှာ ခြောက်လ လောက် အတူနေပေးပြီး စိတ်ချလောက်တဲ့ အခြေအနေဖြစ်ပြီ ဆိုမှ ရန်ကုန်ကို ပြန်သွားပါတယ်။ သူလည်း ဟင်္သာတဘူတာမှာပဲ နေပါတယ်။ ရုံပိုင်တွေ၊ ရဲစခန်းတွေနဲ့လည်း ခင်မင်လာတော့ သူ့ကို အဲဒီမှာ နေခွင့်ပေးထားတာပါ။
ညဘက်ဆို ဘူတာမှာ သူက မယ်ဒလင်တီး သီချင်းဆိုပြရ ပါတယ်။ ဟင်္သာတမှာ သုံးနှစ်လောက်ကြာခဲ့ပါတယ်။ အလုပ် အကိုင်လည်း မရှက်တော့ဘဲ ကျွမ်းကျင်လာ၊ ရထားပေါ် အတက် အဆင်းတွေလည်း ကျွမ်းကျင်လာတဲ့အတွက် ရန်ကုန်က မြို့ပတ် ရထားတွေပေါ်မှာ အလုပ်လုပ်ဖို့ ရန်ကုန်ကို ထွက်လာခဲ့ပါတယ်။
မြို့ပတ်ပေါ်က ခါးသီးတဲ့ဘဝ
ရန်ကုန်မှာနေတော့ သူ့ကို ဒီလောကထဲ သွင်းပေးတဲ့ သူငယ်ချင်းဖြစ်သူနဲ့အတူ ကြည့်မြင်တိုင်မှာ အိမ်ငှားနေပါတယ်။ မြို့ ပတ်ရထားပေါ်မှာ စတက်ပြီး အလှူခံပါတယ်။ သူ့အမျိုးတွေ တွေ့ မိလားလို့ သူ့ကိုမေးကြည့်တော့ တစ်ခါမှတော့ မဆုံဖူးဘူးလို့ သူက ပြောပြတယ်။ သူက မမြင်တာဖြစ်မယ် ထင်တယ်လို့ ဦးကျင်တိတ်က ဆိုပါတယ်။
အဲဒီ ၁၉၈၄ ကနေ ၁၉၈၉ လောက်အထိက သူ့ဘဝမှာ အလှူခံစားတဲ့တစ်လျှောက် အဆိုးရွားဆုံးနေ့ရက်တွေ ဖြစ်တယ် လို့ ဦးကျင်တိတ်ကပြောပါတယ်။ အဲဒီအချိန်က လက်မှတ်စစ်တွေ ဟာ အရမ်းဆိုးပြီး ရထားပေါ် အတက်မခံတာ၊ ရထားပေါ်ရောက် ရင်လည်း ဘူတာတွေကြားထဲ လူပြတ်တဲ့နေရာတွေမှာ ရထားကို ရပ်ခိုင်းပြီး သူ့ကို ချထားခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။
မှတ်မှတ်ရရ မင်္ဂလာဒုံအကျော် ဘူတာကြားထဲမှာ ချထား ပေးခဲ့ပြီး ဝါယာလက်က ရော်ဘာခြံတွေကြားထဲကို ပို့ခိုင်းလိုက်ပါ တယ်။ လူမနီးသူမနီးကနေ ရထားသံလမ်းဘက်ကို တစ်နေကုန် လမ်းပြန်လျှောက်ခဲ့ရပါတယ်။ လမ်းမှာ ကံကောင်းထောက်မလို့ ကူညီတဲ့သူ၊ ထမင်းကျွေးတဲ့သူနဲ့ ဘူတာအထိ ပြန်လိုက်ပို့ပေးတဲ့ သူတွေနဲ့ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
““အဲဒီလက်မှတ်စစ်တွေ အရမ်းဆိုးတာ။ အလှူခံတာ မကြိုက်လို့ မောင်းထုတ်တာ နောက်တစ်ခါမတက်ရဲအောင်””လို့ လုပ်တာဖြစ်ကြောင်း သူက ဆိုပါတယ်။
သူကတော့ ဒီအလုပ်မှ မလုပ်ရင် စားဝတ်နေရေး အဆင် မပြေတာကြောင့် ရထားပေါ်က မောင်းထုတ်လည်း ပြန်တက်ပြီး လုပ်ကိုင်စားသောက်ရတယ်လို့ ဆိုပါတယ်။ အကြိမ်သုံးလေးဆယ် မက ရထားပေါ်က မောင်းထုတ်တာ ရထားပေါ် တက်ဖို့လာနေပြီ ဆို ရထားကို မောင်းထွက်ခိုင်းတာတွေ၊ ဘူတာကြားတွေမှာ ပစ် ထားခဲ့တာတွေ ကြုံခဲ့ရတယ်လို့ ဦးကျင်တိတ်က ဆိုပါတယ်။
အဲဒီလို ကြုံတိုင်း သူ့ကို ပတ်ဝန်းကျင်က လူတွေက အမြဲ ကူညီကြတယ်လို့လည်း ဆိုပါတယ်။ သူကလည်း ဘယ်တော့မှ ဇွဲမလျှော့ပါဘူး။ ရထားပေါ် တစ်ခါတက်မရရင် နှစ်ခါတက်ပါ တယ်။ ဒီလိုဒုက်္ခတွေ ကြုံတဲ့အခါ ဆွေမျိုးတွေဆီ သွားပြီးနေဖို့ မစဉ်းစားဘူးလားလို့ မေးကြည့်တော့ သူက သူများ ကျွေးမွေးတာ ကို ထိုင်စားရတာဟာ ဘဝသေသလို ဖြစ်နေမယ်လို့ ဆိုပါတယ်။
““ငါ့ရဲ့ခန်္ဓာကိုယ်နဲ့ ငါ့ရဲ့အသက် တည်နေသရွေ့၊ သွားနိုင် သရွေ့ ဘယ်သူ့ကိုမှ အောက်ကျမခံဘူး၊ ဒူးလည်း မထောက် လက်လည်း မမြှောက်ဘူး”” သူက ခပ်ပြတ်ပြတ်ဆိုပါတယ်။
ဆက်ပြီးတော့ ““ကောင်လေး၊ ငါပြောပြမယ်။ “အတ်္တာဟိ အတ်္တနော နာထော” မိမိကိုယ်ကိုယ် ကိုးကွယ်ရာတဲ့။ သူတို့ကို ကိုးကွယ်လို့ ကိုယ် ထမင်းစားရမှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်မှ ထမင်းစားရမှာ။ ကိုယ်အလုပ်ရှိမှ ကိုယ်စားရမှာ””လို့ သူ ခံယူထားပုံကို ပြောပြပါတယ်။
သူငယ်ချင်းဖြစ်သူကတော့ ၂၀၀၂ မှာ ဆုံးပါးသွားခဲ့ပြီး သူလည်း ကြည့်မြင်တိုင်ကနေ လက်ရှိနေထိုင်တဲ့ သင်္ဃန်းကျွန်း မြို့နယ်ကို ပြောင်းရွှေ့ ခဲ့ပါတယ်။
အဲဒီလို ရထားပေါ်မှာ အလှူခံရင်း ဒုက်္ခတွေ ရောက်ခဲ့ တာဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အတော်လျော့ပါးသွားတယ် လို့ဆိုပါတယ်။ လက်မှတ်စစ်အဟောင်းတွေလည်း အလုပ်နား ကုန်ပြီး နောက်ပိုင်း လက်မှတ်စစ်လူသစ်တွေက ဒုက်္ခမပေးကြဘဲ သူ့ကို သနားကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီလိုနေရင်း တစ်ခါ အဖမ်းခံလိုက်ရပါသေးတယ်။ သူ မှတ်မိသလောက် ၂၀၁၃ လောက်က ဖြစ်ပါတယ်။ ဟံသာဝတီ ဘူတာမှာ ရထားစောင့်နေရင်း စည်ပင်ရဲတွေက လာဖမ်းသွား တာပါ။ သူအပါအဝင် လမ်းပေါ်က ကလေးတွေလည်း ပါပြီး ဟံသာဝတီ နာနတ်တောလမ်းနားက အချုပ်ထဲမှာ တစ်ည နေ လိုက်ရပါတယ်။ သူ့အတွက် ပထဆုံးအကြိမ် အချုပ်ထဲ ရောက်ရ ခြင်းပါပဲ။
သူပါတဲ့ ပိုက်ဆံတွေကိုလည်း ယူသွားပြီး သူ့ကို ထမင်း လည်း ကောင်းကောင်းမကျွေး၊ အချုပ်ခန်းထဲက အိမ်သာဘေးမှာ တစ်ညလုံး ငုတ်တုတ်ထိုင်မှေးပြီး ဒုက်္ခရောက်ခဲ့ရတယ်လို့ ဆိုပါ တယ်။ မနက်ကျတော့ သူ့ကိုပြန်လွှတ်ပေးလိုက်ပါတယ်။
လက်ထဲလည်း ပိုက်ဆံတစ်ပြားမှ မရှိ၊ မယ်ဒလင်လေး ပိုက်လို့ ရထားဘူတာ ပြန်ဆင်းလာတဲ့အခါ သူ့လို သူငယ်ချင်း တွေနဲ့ အသိဈေးသည်တွေက စိုးရိမ်စိတ်နဲ့ အကျိုးအကြောင်း တွေမေးကြ၊ လက်ဖက်ရည်ဝယ်တိုက်၊ ထမင်းကျွေး၊ မုန့်ကျွေးတဲ့ သူက ကျွေးနဲ့ ခင်ရာ ဆွေမျိုးတွေကြား စိတ်ဓာတ်တွေ ပြန်တက်ခဲ့ တယ်လို့ ဦးကျင်တိတ်က ဆိုပါတယ်။
သူ့ကိုတော့ သူငယ်ချင်းတွေနဲ့ ရထားပေါ်မှာ ကျင်လည် လှုပ်ရှား ဝမ်းစာရှာကြတဲ့ ဈေးသည်တွေ တော်တော်များများက သနားကြ ချစ်ခင်ကြပါတယ်။ နှစ်ပေါင်းများစွာ ဒီရထားပေါ်မှာ နေ့စဉ် ဆုံတွေ့လာသူတွေမို့ ဆွေမျိုးတွေလို ရင်းနှီးနေကြသူ တွေပါ။ သူ အခက်အခဲကြုံတိုင်းလည်း အမြဲကူညီကြပါတယ်။
သူကတော့ အစိုးရအနေနဲ့ မျက်မမြင်တွေကို ဖမ်းမယ် ဆိုရင် ကူညီထောက်ပံ့နိုင်ရင် ပြဿနာမရှိပေမယ့် သူတို့အနေနဲ့ မကောင်းမှု ဒုစရိုက်လည်း မလုပ်နိုင်၊ ဝမ်းစာအတွက် ရှာဖွေသူ တွေကို ဖမ်းဆီးတာဟာ အဆင်မပြေဘဲ အတော်ဒုက်္ခရောက်ရ တယ်လို့ ဆိုပါတယ်။
ပြီးတော့ ““အစိုးရဆီက ဘာအထောက်အပံ့မှ မရဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာ ဒီကနေ့ ရထားပေါ်တက်ပြီး အော် ဟစ်နိုင်မှ ပိုက်ဆံရတာ။ မအော်ဟစ်နိုင်ရင် ပိုက်ဆံမရဘူး””လို့ ဆိုပါတယ်။
အချုပ်ကျပြီးနောက်ပိုင်းတော့ ယနေ့အချိန်ထိ ဖမ်းဆီး တာနဲ့ နှိပ်စက်တာတွေ မကြုံတော့ဘူးလို့ ဦးကျင်တိတ်က ဆို ပါတယ်။
ညောင်စေ့ဒါန ဆုတောင်း
လက်ရှိမှာတော့ ဦးကျင်တိတ်က သွပ်ဝိုင်းကြီးရပ်ကွက်မှာ သူ့လိုပဲ မျက်မမြင် တစ်ယောက်ပိုင်တဲ့ အိမ်ရဲ့အနောက်ဘက် မှာရှိတဲ့ ၁၀ ပေပတ်လည် အဖီလေးမှာ တစ်လ သုံးသောင်းပေးပြီး နေထိုင်ပါတယ်။ ဒီနေရာလေးမှာ မျက်မမြင်တွေ နေတဲ့ လေးငါး ခြောက်အိမ် ရှိပါတယ်။ ၁၉၈၉ က ကြည့်မြင်တိုင်မျက်မမြင်အိမ်ရာဝင်းထဲကသူတွေကို အစိုးရက ဒီနေရာကို ရွှေ့ပေးထားတာပါ။
အလှူခံခြင်းကိုတော့ အသက်ကလည်း ၇၀ ကျော်လာပြီမို့ နေ့တစ်ပိုင်းသာ လုပ်ကိုင်ပါတော့တယ်။ ကျန်းမာရေးကတော့ ဆိုးဆိုးရွားရွား မဖြစ်ဖူးသေးဘူးလို့လည်း သူက ဆိုပါတယ်။ ဘာ ကြောင့်လည်းဆိုတော့ ငယ်စဉ်ကတည်းက ကျန်းမာရေး လိုက် စားပြီး အသက်ကြီးလာတဲ့အခါမှာလည်း အချိန်မှန်စား၊ အချိန် မှန် အိပ်တာကြောင့် ရောဂါမဖြစ်တာလို့ သူက ဆိုပါတယ်။
သူက ပျော်ပျော်နေတတ်သူဖြစ်ပြီး ပတ်ဝန်းကျင်က လူ တွေနဲ့လည်း တည့်အောင်နေတတ်သူပါ။ သူ့ဆီကို အင်တာဗျူး မေးဖို့ သွားတဲ့အခါ သူလျှောက်တဲ့ လမ်းတစ်လျှောက် သူ့ကို မသိတဲ့သူ မရှိသလို လူတိုင်းက နူတ်ဆက်ကြပါတယ်။ သူက လည်း ပြန်နူတ်ဆက်ပြီး စနောက်ပါတယ်။
သူကလည်း လူတွေ ချစ်ခင်အောင်နေတတ်ပါတယ်။ လောကအလင်းကို ဆုံးရှုံးနေသူ သူ့အတွက်ကတော့ ရပ်ဆွေ ရပ်မျိုးဆိုတာဟာ ဆွေမျိုးတွေလိုပါပဲ။ တစ်ယောက်တည်း ကိုယ့် ဘာသာကိုယ် နေထိုင် ချက်ပြုတ်စားသောက်ရပေမယ့် ပတ်ဝန်း ကျင်အကူအညီလည်း လိုအပ်ပါတယ်။ တစ်ခါတလေ ဝယ်စားပေ မယ့် ချက်ပြုတ်စားဖို့ လုပ်တဲ့အခါ အသားငါးတွေကို တွေ့တဲ့သူကို မှာရပြုရပါတယ်။
ငယ်စဉ်ကတည်းက အမှောင်နဲ့ နေသားကျလာသူ သူ့ အတွက် နိစ်္စဓူ၀ တစ်ကိုယ်ရေ သန့်ရှင်းမှု ချက်ပြုတ်လျှော်ဖွပ်မှု တွေက သူ့အမှတ်အသားနဲ့သူ လုပ်ကိုင်ရတာ အခက်အခဲမရှိ တော့ဘူးလို့ဆိုပါတယ်။
လက်ရှိတော့ စားဝတ်နေရေး အခက်အခဲ မရှိပေမယ့် သူ့ လိုအင်တစ်ခုကတော့ အိမ်ပိုင်လေးတစ်လုံးလောက် လိုချင်တယ် လို့ ဆိုပါတယ်။ အခန်းကျဉ်းလေးထဲမှာ နေရတာကို ကျဉ်းကျပ် တဲ့အတွက် ကျယ်ကျယ်ဝန်းဝန်းနဲ့ နေချင်တယ်လို့ ဆိုပါတယ်။ ထီ ပေါက်ရင်တော့ သိမ်တွေ ဆောက်၊ အလှူကြီးတွေ လုပ်ပြီး အိမ် လေးကောင်းကောင်းနေမယ်လို့ သူ့မျှော်လင့်ချက် ခပ်ပါးပါးကို ပြောပြတယ်။
ထီမပေါက်လည်း အလှူကတော့ လုပ်ဖြစ်တယ်လို့ ဆိုပါ တယ်။ သူ့အနီးပတ်ဝန်းကျင်က မရှိဆင်းရဲသားတွေနဲ့ ကလေး ငယ်တွေကို တတ်နိုင်သလောက် မျှေ၀ ထောက်ပံ့တာတွေ လုပ် ဖြစ်တယ်လို့ဆိုပါတယ်။ သူက ညောင်စေ့လောက် လှူနိုင်ပေမယ့် စေတနာသန့်သန့်နဲ့ လှူတဲ့အခါ ညောင်ပင်ကြီးလောက် အကျိုး များနိုင်မယ်လို့လည်း ဆိုပါတယ်။
အလှူဒါနတစ်ခုပြုတိုင်းလည်း သူ အမြဲတမ်းတောင်းတဲ့ ဆုတစ်ခု ရှိပါတယ်။
““မမြင်တဲ့ဒုက်္ခ၊ ဆင်းရဲတဲ့ဒုက်္ခ၊ အဲဒီဒုက်္ခတွေက လွတ် မြောက်ပါစေ။ ဒီဘဝမှာ ဒါနဲ့ ပြီးပါစေ။ နောက်ဘဝထိ ဒါမျိုး မပါ သွားပါစေနဲ့ ဒါပဲ ဆုတောင်းတယ်””
#MawKunMagazine
ဆက်သွယ်မှာယူနိုင်စေရန်…….
OFFICE : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.
: 0931340239
: 09791663065
website: www.mawkun.com
facebook: @mawkunmagazine
mawkun.chronicle@gmail.com