ရန်ကုန် -၂၀၂၁ နိုဝင်ဘာ ၃(မော်ကွန်း)
မန္တလေးမြို့မှာ ဒီနေ့မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်တွေ အင်အားအများအပြား ကားတွေနဲေကင်းလှည့်ကာ လုံခြုံရေးတင်းကြပ်ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။
“ဘာမှန်းတော့မသိဘူး၊ တစ်ပြမှာနှစ်ယောက်လောက်ရှိနေတယ်။ တစ်မြို့လုံးမြို့ထဲတွေကောအပြည့်ပဲ ပတ်နေကြတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မန္တလေးကျုံးအနီးနဲ့ အဓိကလမ်းမကြီးတချို့မှာ လမ်းပိတ်ဆို့ပြီး ဆိုင်ကယ် tool box ဖွင့်စစ်တာ၊ ဖုန်းတွေကိုစစ်တာတွေလည်းလုပ်ဆောင်နေတယ်လို့ အဲဒီဒေသခံကပြောပါတယ်။
မန္တလေးမြို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာမယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။
#Dailynews

