မင်းကင်း – ၂၀၂၃ ဇွန် ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာကို ဇွန်လ ၉ရက် မနက် ၄ :၃၀ နာရီမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း လေးယောက်ကို စခန်းမှာ ဥပဒေနဲ့အညီထိန်းသိမ်းထားတယ်လို့ Students Revolutionary Force အဖွဲ့၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။
အင်ကြင်းတောင်ရွာဟာ ပျူစောထီးတွေနေထိုင်တဲ့ရွာပြီး ဝင်ရောက်စီးနင်း ချိန်မှာ ပြန်ခုခံသူတွေထဲက သုံးယောက်သေဆုံးပြီး လေးယောက်ကို အရှင်ဖမ်းမိ ခဲ့တာလို့ သူက ပြောပါတယ်။
“ပျုရွာဆိုတော့ အင်အားကိုမခန့်မှန်းတတ်ပါဘူး၊ သူတို့တပ်ဆုတ်တဲ့ချိန် ကျန်နေသူထဲက သေတာပါ၊ စခန်းမှာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်”လို့ S.R.F သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အရှင်ဖမ်းမိရသူတွေက ကံငြိမ်း အသက် (၆၅)နှစ်၊ ပြည့်ဘော် အသက် (၅၈)နှစ်၊ ဝင်းဦး အသက် (၃၇)နှစ်နှင့် အေးဆွေ အသက် (၅၇)နှစ်တို့ဖြစ်တယ်လို့ S.R.F ကသတင်းထုတ်ပြန်ထားပါတယ်။
အင်ကြင်းတောင်ပျူရွာက ပျူစောထီးတွေနဲ့ နှစ်နာရီကျော် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြာချိန် တစ်နာရီကျော်အကြာမှာ ပျူစောထီးတွေတပ်ခေါက်ပြေးသွားတာလို့ S.R.F သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အင်ကြင်းတောင်ပျူရွာတိုက်ပွဲမှာ Carbine M-2သေနတ် တစ်လက်၊ 4.8ပြောင်းချောသေနတ်နှစ်လက်၊ က.ပ.စ ထုတ်ကြည်ထိုးတစ်လက်၊ တူမီးနှစ်လက်၊ 4.8 ကျည် ၆၃ တောင့်၊ 0.30ကျည် ၁၁၄ တောင့်နဲ့ ဖုန်းသုံးလုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – ဖမ်းဆီးခံရသည့် အင်ကြင်းတောင်ပျူစောထီးများ။
ဓာတ်ပုံ – S.R.F
#Dailynews

