ဘုတလင်- ၂၀၂၄ အောက်တိုဘာ ၁၉ (မော်ကွန်း)
ဘုတလင်နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်နေသလို ရွာတွေကို မီးရှို့နေတဲ့အတွက် အရပ်သားထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့မှာလည်း အဲဒီဒေသက ဆယ်ဝရွာကို မီးရှို့နေတယ်လို့ ဒေသခံတချို့ကဆိုပါတယ်။
” အောက်တိုဘာလ ၁၆ ရက် ညကတည်းက တက်လှိုင်း ကနေပြီးတော့ ရွာရှည်ကို ထွက်ပြီးတော့မှ အောက်တိုဘာ ၁၇ ရက် မနက်ခင်းကျတော့ ရွာရှည်ကနေ စီပါရွာကိုမီးရှို့ပြီး မနေ့က ၁၈ ရက် နေ့လယ်မှာတော့ ဆယ်ဝရွာကို မီးရှို့ခဲ့တယ်။ အိမ်ခြေတော်တော်များများပါတယ်။ တက်လှိုင်းရွာကိုလည်းရှို့ခဲ့တယ်။ လတ်တလော စစ်ကြောင်းထိုးနေတဲ့အတွက် အိမ်ခြေအတိကျမသိရသေးဘူး”လို့ သူကဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့နယ် တက်လှိုင်းကျေးရွာမှာ အောက်တိုဘာလ ၁၃ ရက်ကနေ ၁၆ ရက်အထိ လေးရက်ကြာ တပ်စွဲခဲ့ပြီးနောက် အောက်တိုဘာ ၁၆ ရက် ညပိုင်းမှာ တက်လှိုင်းရွာကနေ ရွာရှည်ရွာကို ဝင်ရောက်ခဲ့ပြီးနောက် စီပါရွာကိုဝင်ရောက်မီးရှို့ခဲ့ပြီး မနေ့ကတော့ ဆယ်ဝရွာကို စတင်မီးရှို့ခဲ့တယ်လို့ ဘုတလင်မြို့နယ် စစ်ရှောင်ကူညီကယ်ဆယ်ရေးလုပ်နေသူ မဖူးဖူးက မော်ကွန်းကိုပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၉ ရက်မှာ ဘုတလင်မြို့ပေါ်ကို ဝင်ရောက်ခဲ့ပြီးနောက် မြို့ပေါ် ရပ်ကွက်တွေနဲ့ မြို့အနီးဝန်းကျင် ကျေးရွာတွေကိုစီးနင်းကာ အရပ်သားတွေကို သတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ် ဓား စာခံ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ လုပ်ဆောင်နေခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။
ဘုတလင်နယ်ထဲကို နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကြောင့် အရပ်သား ဒီလအတွင်း အရပ် သား ၁၄ ဦးသေခဲ့ပြီးဖြစ်ကာ လူသားဒိုင်းအဖြစ် ၅၀ ခန့် အဖမ်းခံခဲ့ရပြီလို့ ဒေသခံတချို့က ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ဘုတလင် မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် ဘုတလင်တနယ်လုံးနီးပါးက ဒေသခံထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးနေရပြီးစား သောက်ရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်လို့ စစ်ဘေးကူညီနေသူတချို့က ပြောပါတယ်။
ပုံစာ- ဘုတလင်မြို့နယ် ကျွဲသေချောင်းရွာကို မနေ့တုန်းက မီးရှို့ခံရစဉ်။
ဓါတ်ပုံ- ဘုတလင်နေ့စဉ်သတင်း။
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

