အငြိမ်းစားပါမောက္ခ ဒေါက်တာ သိန်းလွင်က တိုင်းရင်းသားတွေက တန်း တူညီမျှမှုမရှိဘူးလို့ ပြောဆိုနေတာကို လေ့လာကြည့်မယ်ဆိုရင် စာသင်ခန်းမှာ မိခင်ဘာသာစကားနဲ့ သင်ယူခွင့်ရရှိရေး ကနေ စပြောရလိမ့်မယ်လို့ ဆိုပါတယ်။ ငယ်ရွယ်တဲ့ ကလေးတစ်ယောက်ဟာ ကိုယ့်ဘာသာစကားနဲ့ ပညာသင်ယူခွင့် ရရှိရေးက အရေးကြီးတဲ့အချက် ဖြစ်ပေ မယ့် လက်ရှိအချိန်အထိ မြန်မာမဟုတ်တဲ့ လူမျိုးစုတွေဟာ မြန်မာစကားနဲ့ပဲ သင် နေရတာကြောင့် အကျိုးသက်ရောက်မှုက ကြီးတယ်လို့ သူကဆိုပါတယ်။
ကလေးတွေဟာ ကိုယ်နားမလည် တဲ့ ဘာသာစကားနဲ့ သင်ရပြီး စာမေးပွဲ ဖြေတဲ့အခါမှာ ရမှတ်နည်းတာ၊ ကျောင်း တက်ရတာ မပျော်တော့လို့ ကျောင်းထွက် တာ၊ ရမှတ်ပေါ်မူတည်ပြီး အဆင့်မြင့်ပညာ ကို ရွေးချယ်တဲ့အခါ အခွင့်အရေးနည်း သွားတာ စတဲ့ ဆင့်ကဲအကျိုးဆက်တွေ ကြောင့် တစ်ကိုယ်ရေတိုးတက်မှုနဲ့ ပရော် ဖက်ရှင်နယ် တိုးတက်မှုတို့ကို အဟန့် အတား ဖြစ်စေတယ်လို့ သူက ရှင်းပြ ပါတယ်။

”ဒါဟာ ရေထဲကို ခဲလုံးပစ်ချလိုက် သလိုပဲ။ ပစ်ချတဲ့နေရာမှာတင် ပျောက် သွားတာ မဟုတ်ဘဲ လှိုင်းဂယက်က ကမ်း အထိ ရောက်သွားသလိုပေါ့”လို့ သူက ဥပမာပေးပါတယ်။
ဒါကြောင့် ကလေးတွေနားလည်တဲ့ တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြား ဖို့ စစ်အစိုးရလက်ထက်ကနေ လက်ရှိ အရပ်သားအစိုးရလက်ထက်အထိ သူက အကြံပြုချက်ပေးတဲ့အခါတိုင်း တိုင်းရင်း သားစည်းလုံးညီညွတ်ရေး ပျက်ပြားနိုင် တယ်ဆိုတဲ့ တရားသေအတွေးအခေါ်မျိုး နဲ့ တုံ့ပြန်တာ၊ ထိလွယ်ရှလွယ် ဖြစ်တယ် ဆိုပြီး အရေးတယူ မလုပ်တာတွေနဲ့ချည်း ပဲ ကြုံခဲ့ရတယ်လို့ သူက ပြောပါတယ်။
ယခုအစိုးရလက်ထက်မှာ တိုင်း ရင်းသားစာပေနဲ့ ယဉ်ကျေးမှုသင်ကြားဖို့ ဗဟိုက မချုပ်ကိုင်ဘဲ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေအလိုက် သင်ကြားပေးဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထား ပါတယ်။ ဒါပေမဲ့ သင်ကြားပို့ချပေးနိုင်ဖို့ တစ်ခါမှ လေ့ကျင့်ပျိုးထောင်မပေးခဲ့တာကြောင့် အဆင်မပြေဖြစ်နေဦးမှာပဲလို့ သူက ဆိုပါတယ်။
USAID နဲ့ အာရှဖောင်ဒေးရှင်းက ၂ဝ၁၆ ဖေဖော်ဝါရီမှာ ထုတ်ပြန်တဲ့’ကျောင်းပညာရေးနှင့် ပဋိပက္ခ၊ မြန်မာ နိုင်ငံ၏ တိုင်းရင်းသားပညာရေးနှင့် မိခင်ဘာသာစကားအခြေပြုသင်ကြားရေး အခြေအနေ’ စာတမ်းရဲ့ အဓိက တွေ့ရှိ ချက်တွေအရ ကျောင်းတွေမှာ မိခင်ဘာ သာစကားနဲ့ သင်ကြားရေးကို ဇောင်းပေး ပြောဆိုတဲ့အခါ ဆရာစရိတ်နဲ့ သင် ထောက်ကူပစ္စည်းတွေအတွက် ကုန်ကျ ငွေကို ဘယ်သူပေးမလဲ၊ အရည်အချင်း အတွေ့အကြုံ ပြည့်ဝတဲ့ ဆရာတွေကို ဘယ်လိုရှာဖွေမလဲ စတဲ့ မေးခွန်းတွေပေါ် ထွက်လာပါတယ်။
ဒါ့အပြင် အချို့သင်ရိုးစာအုပ်တွေ ဟာ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေကနေ တိုက်ရိုက် ဘာသာပြန် ယူထားတာဖြစ်ပြီး လူနည်းစုတွေရဲ့ ယဉ် ကျေးမှုနဲ့ သမိုင်းတွေကို တိတိကျကျ ထင်ဟပ်နိုင်ခြင်းမရှိ ဖြစ်နေတယ်လို့ စာ တမ်းမှာ ဖော်ပြထားပါတယ်။
ဒေါက်တာသိန်းလွင်ကလည်း သက်ဆိုင်ရာ မိခင်ဘာသာစကားနဲ့ သင် ကြားမှသာ ကလေးတွေ စာတတ်မြောက် မှု ပိုမိုရရှိလာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူက ကျောင်းတွေမှာ ဘုရားရှိခိုး၊ သီချင်း ဆိုရတဲ့ အလေ့အထတွေကိုလည်း ပြောင်း လဲသင့်ပြီး အဲဒီအလေ့အထတွေက အများပြည်သူနဲ့ သက်ဆိုင်တဲ့ စာသင် ကျောင်းတွေမှာ ပြုလုပ်ရမှာ မဟုတ်ဘဲ သက်ဆိုင်ရာ ဘာသာရေးစာသင်ကျောင်း တွေမှာ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။

