စစ်တွေ- ၂၀၂၄ စက်တင်ဘာ ၂( မော်ကွန်း)
ရွာကိုဝင်စီးကာဖမ်းဆီးချုပ်နှောင်ခံခဲ့ကြရတဲ့ စစ်တွေမြို့နယ်၊ ဗျိုင်ဖြူရွာသား ၂၀၀ ကျော်အနက် ၁၄၀ ကျော်ကို မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ်သုံးနှစ်စီ စစ်ကောင်စီက ချမှတ်လိုက်တယ်လို့ နစ်နာသူတစ်ဦးရဲ့မိသားစုဝင်က ပြောပါတယ်။
သုံးလနီးပါးအကြာ ဖမ်းဆီးချုပ်နှောင်ပြီးနောက် ပြီးခဲ့တဲ့ ဩဂုတ် ၃၀ မှာ စစ်ကောင်စီအထူးတရားရုံးကနေ အမိန့်ချခဲ့တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
” တရားစွဲခံထားရတဲ့ ၂၀၀ ကျော်ထဲက ၁၄၀ ကျော်ကို ပြစ်ဒဏ်ချမှတ်တာပါ။ အဲဒီအထဲမှာ ညီမရဲ့ဦးလေးလည်း ပါသွားတယ်။ ဒီအခြေနေကိုတော့ ညီမတို့ကြိုတွေးပီးသားပါ။ ဘာလို့လဲဆိုတော့ ညီမတို့မှာ ရှေ့နေလည်းငှါးခွင့်မရလိုက်တော့ သူတို့ (စစ်ကောင်စီ) အလိုကျဖြစ်မယ်ဆိုတာ ကြိုသိပီးသား။ အပြစ်မရှိတဲ့ ပြည်သူတွေကို အပြစ်သားဖြစ်အောင် တမင်ဖန်တီး လိုက်တာကတော့ အရမ်းကိုအောက်တန်းကျလွန်းတယ်” လို့ ထောင်ဒဏ်သုံးနှစ်ချခံရသူတစ်ဦးရဲ့တူမဖြစ်သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၉ ရက်မှာ ဗျိုင်းဖြူရွာထဲကို စစ်ကောင်စီတပ်နဲ့ ရခိုင်လွတ်မြောက်ရေးပါတီ(ALP) တပ်သားတွေ ဝင်ရောက်လာပြီး တစ်ရွာလုံးကို ဖမ်းဆီးစစ်ဆေးခဲ့ကာ ၇၆ ဦးကို ပစ်သတ်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန် ထားပါတယ်။ အဲဒီ့နောက် ရွာသား ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် တချို့ကို ပြန်လွှတ်ခဲ့ပေမယ့် ၂၀၀ ကျော်ကိုတော့ AA နဲ့ ဆက်သွယ်သူတွေလို့စွပ်စွဲကာ စစ်ကောင်စီက မတရားအသင်းဆက်သွယ်ရေးဥပဒေပုဒ်မ ၁၇(၁)နဲ့ တရားစွဲထားခဲ့တာ ဖြစ်ပါတယ်။
ပုံစာ- စစ်တွေမြို့တစ်နေရာ။
ဓါတ်ပုံ- ABN
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

