အရာတော် – ၂၀၂၃ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒီကနေ့ ဗုံးသီးမတော်တဆဖြစ်ကာ ပေါက်ကွဲသဖြင့် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ဆယ်ကျော်သက်ရဲဘော်သုံးဦး ကျဆုံးခဲ့ရပါတယ်။
“စစ်ဆင်ရေးသွားဖို့ လူစုနေတုန်းဖြစ်တာ၊ ၄၀ မမ ဗုံးသီးပဲ မတော်တဆမှု ဒီကနေ့ နံနက် ၈း၀၀ နာရီလောက်က ဖြစ်တာ”လို့ ဒေသတော်လှန်ရေးအဖွဲ့တစ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကျဆုံးသွားရသူတွေဟာ ၁၈ နှစ်အရွယ် ရဲဘော် Cover ၊ ၁၉ နှစ်အရွယ် ရဲဘော်ဖားကြီးနဲ့ အသက် ၂၀ အရွယ် ရဲဘော်နွေဦးတို့ဖြစ်ပါတယ်။
သူတို့ရဲ့ ဈာပနကို ဒီကနေ့မှာ ဒေသခံပြည်သူလူထုတွေနဲ့ တော်လှန်ရေးရဲဘော်တွေက လိုက်ပါပို့ဆောင်ပြီး မီးသင်္ဂြိုလ်ပေးခဲ့ကြပါတယ်။
ပုံစာ – ကျဆုံးသွားရသူများ၏ နာရေးမြင်ကွင်း
ဓါတ်ပုံ – CJ
#Dailynews

