တောင်ကုတ်- ၂၀၂၄ အောက်တိုဘာ ၇ ( မော်ကွန်း)
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြရွာကို လေကြောင်းကနေစစ်ကောင်စီဗုံးကြဲခဲ့လို့ ဒဏ်ရာရသွားတဲ့ လူနာတွေကထဲက အသက် ၈၇ အရွယ် အမျိုးသမီးတစ်ဦး ဆေးကုသမှုခံယူနေရင်း ထပ်မံသေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ဒီနေ့ပြောပါတယ်။
သူဟာ ရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့ပဲ မနေ့ကမနက်ပိုင်းမှာဆုံးသွားခဲ့တာလို့ ချွေးမဖြစ်သူက ပြောပါတယ်။
” အသက်ကလည်းကြီးနေပြီဆိုတော့ အနာဒဏ်တွေကို သူမခံနိုင်ရှာဘူး။ ကိုယ့်ဘာသာကိုယ်တောင် ထမရ၊ ထိုင်မရနဲ့ ပင်ပန်းနေတာ။ လက်နက်ဒဏ်ကြောင့်ဖြစ်လာတဲ့ နာကျင်မှုကို ဘယ်ခံနိုင်မလဲ။ ယောက္ခမဆိုပေမယ် ကိုယ့်အမေလိုပဲ ပြုစုပေးနေတာ။ ဝမ်းလဲနည်းတယ်၊ ဒေါသလည်းထွက်မိတယ်။ ဒါပေမဲ့ကျွန်မတို့က လက်နက်မဲ့ ပြည်သူတွေ ဆိုတော့ ဘာမှမတုံ့ပြန်နိုင်ဘူး” လို့ ချွေးမဖြစ်သူက ပြောပါတယ်။
ဒီလ ၄ ရက်က တောင်ကုတ်- မအီကားလမ်းဘေးမှာရှိတဲ့ ကင်းတောင်စံပြကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် လာရောက်ဗုံးကြဲခဲ့ပါတယ်။
အဲဒီဖြစ်စဉ်အတွင်း ကင်းတောင်စံပြကျေးရွာက ဒေသခံငါးဦး သေဆုံးကာ ၁၇ ဦးဒဏ်ရာရရှိခဲ့ပြီး အခုသေဆုံးသွားတဲ့ အသက် ၈၇ နှစ်အရွယ် ဒေါ်တင်မရွှေမှာ ဒဏ်ရာရရှိသွားသူတွေထဲကတစ်ဦးပဲ ဖြစ်ပါတယ်။
ဒီလ ၂ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ခေါင်းလောင်းတူရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့ အတွက် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးမှာတော့ ဩဂုတ်လကနေ ဒီလ ၇ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၅၉ ဦးနဲ့ ဒဏ်ရာသူ ၁၀၂ ဦး အထိ ရှိနေတာကို မော်ကွန်းက သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရတွေ့ရပါတယ်။
ပုံစာ- ကင်းတောင်စံပြကျေးရွာကို ဝေဟင်မြင်ကွင်းမှ တွေ့ရစဉ်။
ဓါတ်ပုံ- Google
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #Dailynews


