သဇင်လတ်၊ ဂေထော
ရန်ကုန် – ၂၀၂၀ ၊ ဇူလိုင် ၂၁ (မော်ကွန်း)
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၅၀၀ ကျပ်တန်ငွေစက္ကူတွေကို မြန့်မာ့စီးပွားရေးဘဏ်တွေမှာ ယနေ့စတင်လဲလှယ်ပေးနေပြီဖြစ်ပါတယ်။
ဗိုလ်ချုပ်ပုံပါ ၅၀၀ ကျပ်တန်တွေကို အာဇာနည်နေ့မှာထုတ်ေ၀မယ်လို့ဗဟိုဘဏ်က ဇွန်၁၈ ရက်က ကြေညာခဲ့ပြီး တစ်ဦးလျှင် ၅၀၀ ကျပ်တန် နှစ်ရွက်နှုန်းနဲ့ လဲလှယ်ပေးနေတာပါ။
၎င်းငွေစက္ကူအရွယ်အစားဟာ အရွယ်အစား ၁၅၀ မီလီမီတာ၊ အနံ၇၀ မီလီမီတာရှိပြီး ငွေစက္ကူအပေါ်ဘက်မှာ မြန်မာနိုင်ငံဗဟိုဘဏ်စာတန်းပါရှိပါတယ်။
ငွေစက္ကူရဲ့လုံခြုံရေးကြိုးကို ဒေါင်လိုက်မြှုပ်နှံထည့်သွင်းထားပြီး ဘယ်ညာအစွန်တွေမှာ ဖောင်းကြွလိုင်းတိုတွေကိုရိုက်နှိပ်ထားပါတယ်။
ဗိုလ်ချုပ်ပုံပါငွေစက္ကူပုံစံအသစ် ထုတ်ေ၀ပေမယ့် လက်ရှိသုံးစွဲနေတဲ့ ၅၀၀ ကျပ်တန် ငွေစက္ကူတွေက တရားဝင်ငွေအဖြစ် ဆက်လက်ရှိနေမယ်လို့လည်း ဗဟိုဘဏ်ကထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ်က ယခုနှစ်ဇန်န၀ါရီ ၄ ရက်ကလည်း လွတ်လပ်ရေးနေ့အထိန်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ကျပ် ၁,၀၀၀ တန် ငွေစက္ကူတွေကိုထုတ်ေ၀ခဲ့ပါသေးတယ်။
#Dailynews