“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ် သဘောထားအမြင်များ”

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ် သဘောထားအမြင်များ”

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Interview ဖြစ်ပါသည်။

ကျော်ဇေယျ မေးသည်။

လက်ရှိအချိန်မှာ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ဘက်က ပြည်ထောင်စု လွှတ်တော်မှာ ၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ဖို့ ကော်မတီဖွဲ့ စတင်လှုပ်ရှား လာပါပြီ။ လွှတ်တော်ထဲရောက်ပြီး သုံးနှစ်စွန်းစွန်း ကြာမြင့်လာ တဲ့အချိန်၊ နောက်ရွေးကောက်ပွဲကျင်းပဖို့ နှစ်နှစ်လောက် လိုတော့တဲ့အချိန်မှာ ဒီလိုပြင်ဆင်ရေး အတွက် ကြိုးပမ်းလာတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေကိုကာကွယ်ရမယ်ဆိုတဲ့ စကားလုံးတွေနဲ့ တပ်မတော်ဘက်ကတော့ NLD ရဲ့  ဥပဒေပြင်ဆင်ရေး ကြိုးပမ်းချက်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်လာပါတယ်။ NLD ရဲ့ ဥပဒေပြင်ဆင်ရေးကြိုးပမ်းချက်တွေဟာ ဥပဒေနဲ့ မညီညွတ်ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကန့်ကွက်နေ တာပဲဖြစ်ပါတယ်။ ဒီလိုဖွဲ့ စည်းပုံပြင်ဆင်ရေး ကြိုးပမ်းရင်း NLD နဲ့ တပ်မတော် ထိပ်တိုက် တွေ့လာရတဲ့အခြေအနေတွေက ရှေ့မှာ ဘာတွေ များ ဆက်ဖြစ်နိုင်မလဲဆိုတာကို အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး လေ့လာသူတွေ၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီက ခေါင်းဆောင်တချို့ကို မော်ကွန်း ကတွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

 

ဦးစိုးမြင့်အောင်

ရန်ကုန်လွတ်လပ်သော သုတေသနစင်တာ(့ဃှုျွ) တည်ထောင်သူ

မော်ကွန်း။  ။ တပ်မတော်ဘက်က တိုင်းရင်းသားလက်နက်ကိုင် တွေ ရှိနေသရွေ့ သူတို့အနေနဲ့ နိုင်ငံရေးကနေ ထွက်ခွာဖို့ မရှိတဲ့ သဘောပြောလာတယ်။ တစ်ဖက်မှာ တိုက်ပွဲတွေကလည်း ဆက် ရှိနေသလို စစ်မျက်နှာအသစ်တွေကလည်း ပေါ်လာတယ်။ ဒီ အခြေအနေတွေမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD ) က လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော် မှာ ကြိုးပမ်းလာပါတယ်။ ဒီဟာက အရပ်ဘက်-စစ်ဘက်ဆက်ဆံ ရေးအရဆိုရင် ဘယ်လို အလားအလာတွေ ဖြစ်လာနိုင်ပါသလဲ။

ဦးစိုးမြင့်အောင်။  ။ အခုနောက်ဆုံး (ရန်ကုန်မှာ)တပ်မတော် ဘက်ကလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲကို လိုက်ကြည့်ဖြစ်ပါ တယ်။ သူတို့ပြောတဲ့ဟာတွေက အစွန်းနှစ်ဖက်ကို ချိတ်ပြီး ပြော ထားတာပေါ့နော်။ တစ်ဖက်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ရှိနေ သမျှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ခက်တယ်ဆိုပြီး ပြောတဲ့ နည်းတူပဲ တခြားတစ်ဖက်မှာလည်း နိုင်ငံလုံခြုံရေးရဲ့ အဓိက ခြိမ်း ခြောက်မှုတွေကို ရှင်းပြသွားတဲ့အခါမှာ နိုင်ငံတကာ ဥပမာတွေ ကို ပေးသွားတာကို တွေ့ရတယ်။

ဒီလိုနိုင်ငံတကာဥပမာတွေကို ပေးသွားတာကိုလည်း တချို့ကတော့ မကြိုက်ကြဘူး။ လှောင်ကြတာတွေရှိတယ်။ သို့ သော်လည်း အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအရ ပြောရရင် တပ်က သူ့ရဲ့လုပ်ငန်းတာဝန်လမ်းကြောင်းကနေ အများကြီး မသွေဖည်သွားဘူးလို့ ပြောရမယ်။ ဥပမာ- (ရက်္ခိုင့်တပ်မတော်-ဗဗ အဖွဲ့က တောင်းဆိုလာတဲ့) ကွန်ဖက်ဒရေးရှင်းနဲ့ ပတ်သက် ပြီးတော့ မေးခွန်းမေးတဲ့အခါကျတော့ အရင်တုန်းက ယူဂိုဆလား ဗီးယားပြည်ထောင်စု ပြိုကွဲတဲ့ ဥပမာကိုပေးပြီးတော့ ကွန်ဖက် ဒရေးရှင်းလုပ်ရင်တော့ တစ်နိုင်ငံစီဖြစ်သွားမယ့် အ်္တရာယ်မျိုး တွေရှိတယ်ဆိုတာကို တပ်က ပြောတယ်။ တစ်ခါ စစ်တလင်း ဖြစ် သွားမယ်ဆိုတဲ့ မေးခွန်းကိုမေးတဲ့အခါကျတော့လည်း တရုတ်ရဲ့ အင်အားကြီးလာတာကို ထိန်းချုပ်ဖို့ အမေရိကန်တို့၊ အနောက် နိုင်ငံတွေကနေ လုပ်လာတယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ ဆီးရီး ယားနိုင်ငံ အခြေအနေပုံစံမျိုး ဖြစ်သွားမယ် ဆိုတာမျိုးကို မျှော် မှန်းပြီးတော့ စစ်တလင်းဖြစ်မယ်ဆိုပြီးပြောတာလို့ တပ်ဘက်က ပြန်ဖြေသွားတယ်။

ဒီအဖြေတွေကိုကြည့်ရင် တပ်က ပြည်တွင်းလက်နက်ကိုင် ပဋိပက်္ခကို စိုးရိမ်တာတော့ စိုးရိမ်တယ်။ သို့သော်လည်း တစ်ဖက် မှာတော့ ပြည်ပခြိမ်းခြောက်မှုနဲ့ အ်္တရာယ်ကို သူတို့က မျက်ခြည် မပျက်ဘဲနဲ့ ဆက်ပြီးတော့ ကိုင်ထားတယ်ဆိုတဲ့ သဘောပေါက် တယ်။ အဲဒီတော့ တပ်ဟာ သူ့ရဲ့ နဂိုမူရင်းလမ်းကြောင်းအတိုင်းပဲ သွားတယ်လို့ ယူဆလို့ရပါတယ်။ သူ့ကို ပိုပြီးတော့ အဆိုးမြင်စရာ လည်းမရှိဘူး။ အများကြီး အကောင်းမြင်စရာလည်း မရှိဘူး။

တပ်မတော်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ တစ်ခု သဘောပေါက်ဖို့လိုတာက သူက အမြဲတမ်း သူလိုချင်တဲ့ပုံစံကိုပဲ မရရအောင်လို့ လမ်းကြောင်းသွားတဲ့သဘောရှိပါတယ်။ ဥပမာ- ဒီမိုကရေစီဆိုလိုရှိရင်လည်း သူက ဒီမိုကရေစီမလိုချင်တာတော့ မဟုတ်ဘူး။ သို့သော် တပ်မတော်နည်း၊ တပ်မတော်ဟန် ဒီမို ကရေစီ။ ဖက်ဒရယ်စနစ်ဆိုလို့ရှိရင်လည်း သူတို့ တပ်နည်း၊ တပ် ဟန် ဖက်ဒရယ်စနစ်။ အဲဒီလိုပဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ်ဆိုရင်လည်း တပ်ရဲ့ အခုအနေအထားကတော့ မူအားဖြင့် ပြင်မှာ ကို လက်ခံတယ်။ ဒါပေမဲ့ သူ့နည်း၊ သူ့ဟန်၊ သူကြိုက်တဲ့ပုံစံနဲ့ ပြင် တာမျိုးကိုပဲ လိုချင်တယ်ဆိုတဲ့ဟာပေါ့။ ဒီတော့ အခြေအနေတွေ က သိပ်ပြီးတော့ အကောင်းမြင်စရာလည်းမရှိဘူး။ သို့သော် သိပ် ပြီးတော့ အဆိုးကြီးလည်း မဟုတ်ပါဘူး။

မော်ကွန်း။  ။ NLD ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့တာကို သုံးသပ်ကြတာက တစ်စိတ်တစ်ပိုင်း သော် လည်းကောင်း၊ အလုံးစုံအားဖြင့်သော်လည်းကောင်း တပ်ကို နိုင်ငံရေးကနေ ဖယ်ဖို့ ပြင်မယ်၊ ဆင်မယ်ဆိုတာတွေ ပြောကြပါ တယ်။ ဒီတော့ NLD ရဲ့ လွှတ်တော်မှာ ဒီလို စတင်ကြိုးပမ်းလာ တာက ဘယ်လောက်အထိ ခရီးပေါက်နိုင်မယ်လို့ သုံးသပ်နိုင် မလဲ။

ဦးစိုးမြင့်အောင်။ ။ ကျွန်တော်တို့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက် ၂၀၁၃၊ ၂၀၁၄ လောက်က စပြီး တော့ အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုက ရှိခဲ့ဖူးပြီ။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မှာပေါ့။ အခုလည်း ၂၀၂၀ ရွေးကောက်ပွဲရှိ တယ်။ အဲဒီရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ NLD အစိုးရ အနေနဲ့ သူ့ရဲ့ရွေးကောက်ပွဲ ကြေညာစာတမ်းမှာပါတဲ့ ပြည်သူကို သူတို့ကတိပေးခဲ့ဖူးတဲ့အတိုင်း၊ ကတိကို ဖြည့်ဆည်းဖို့အတွက်ကို လုပ်တယ်ဆိုတဲ့သဘောပါပဲ။

ဒါပေမဲ့ NLD က သူ့ကို အထင်လွဲကြမှာတော့ ကြောက် တယ်။ အထင်လွဲမှာကြောက်ပေမယ့်လည်း သူ့ရဲ့ လုပ်တဲ့အချိန် ရယ်၊ ဒါကိုအကောင်အထည်ဖော်တဲ့ပုံစံကတော့ ဒါကို သူ့ရဲ့ နိုင်ငံ ရေးကစားကွက်တစ်ခုအနေနဲ့ မလုပ်ဘူးဆိုပြီးတော့ ပြောဖို့ရာ က ခဲယဉ်းပါတယ်။ တခြားသူတွေကလည်း ဒီလိုပဲ မြင်မှာပါပဲ။

အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ဆောင် ချက်ပဲဖြစ်ဖြစ်၊ လှုပ်ရှားမှုပဲဖြစ်ဖြစ်၊ နောက်တစ်ကြိမ်ထပ်ပြီး လုပ် တယ်ဆိုရင် ပြဿနာက ဘာလဲဆိုတော့ ျွနစမနျနညအအေငသည ဆိုတဲ့ ကိုယ်စားပြုမှုပေါ့။ တစ်ဖက်မှာလည်း NLD က ှုညခူကျင-လငအပ ဆိုတဲ့ အားလုံးပါဝင်ရေးပေါ့။ တတ်နိုင်သလောက်များများပါနိုင်လေ၊ ကောင်းလေဆိုပြီးတော့ တိုင်းရင်းသားကိုယ်စားလှယ် တွေလည်း ထည့်ရမှာရှိတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကိုလည်း ထည့်ရမှာတွေရှိတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ထည့်ရမှာရှိတယ်။ နိုင်ငံရေးပါတီတွေကိုလည်းထည့်ရမှာရှိတယ်။ ကော်မတီထဲမှာကတော့ အကုန်လုံးပါချင်မှပါမယ်။ ဒါပေမဲ့ တစ် ချိန်ချိန်ကျရင်တော့ အကုန်လုံးက ပေးတဲ့ အကြံတွေရယ်၊ ဖြစ်ချင် တဲ့ဆန်္ဒတွေရယ်ကို ထည့်ပြီးတော့ စဉ်းစားရမယ်၊ တောင်းဆိုလာ ကြမှာပဲ။ အဲဒီမှာတော့ NLD ဟာ လူတိုင်းကိုတော့ ကျေနပ် အောင် သူလုပ်ပေးနိုင်မှာမဟုတ်ဘူး။ နောက်ပြီးတော့ အချိန် ကာလအားဖြင့်ကြည့်ရင်လည်း ၂၀၂၀ နှစ်ကုန်မှာ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ယူဆမယ်ဆိုရင် ဒီတစ်နှစ်ကျော်ကာလအတွင်းမှာ ဘယ်လောက်အထိ လုပ်နိုင်မလဲ။ တကယ်ကို အနှစ်သာရရှိတဲ့ ပြု ပြင်ပြောင်းလဲမှုကို လုပ်နိုင်မလားဆိုတာကလည်း မေးခွန်းထုတ် စရာရှိတယ်။

ဘာကြောင့်လဲဆိုတော့ အခြေခံဥပဒေရဲ့ ပုဒ်မ ၄၃၆ မှာ ဖော်ပြထားတဲ့ အရေးကြီးတဲ့ပုဒ်မတွေကို ပြင်ဖို့ဆိုရင် လွှတ်တော် ထဲက ၇၅ ရာခိုင်နှုန်း ထောက်ခံမှု ကျော်လွန်ဖို့တင်မကဘူး။ လူထု သဘောထားဆန်္ဒခံရယူပွဲတွေပါ လုပ်ရဖို့ရှိတယ်။ ဆိုတော့ ဒီတစ် နှစ်ကျော်အတွင်းမှာ ဒါတွေကို ဘယ်လိုလုပ်မလဲ။ နောက်ပြီး တော့ ပြင်ဆင်ဖို့တင်လာတဲ့ ဟာတွေကလည်း ဟိုမထိ၊ ဒီမထိ တွေ။ အပေါ်ယံပြင်တဲ့ ပုဒ်မတွေပဲဆိုလို့ရှိရင် ဘယ်သူမှ သိပ်ပြီး ကျေနပ်အားရမှာ မဟုတ်ဘူး။ အထူးသဖြင့် တိုင်းရင်းသားတွေက ကျေနပ်အားရမှာမဟုတ်ဘူး။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက လည်း ကျေနပ်အားရမှာ မဟုတ်ဘူး။ အဲဒီတော့ NLD ဟာ ဖွဲ့စည်းပုံပြင်တာကို မထိတထိကလေးလုပ်လိုက်ပြီးတော့ နောက် ဆုံးကျတော့ ဒါက NLD ရဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေး ရွှေ့ကွက်တစ်ခုလုပ်တာ၊ နိုင်ငံရေးကစားတယ်ဆိုပြီးတော့ အထင် အမြင်လွဲခံရဖို့အတွက် ဒီပြင်ဆင်ရေးကြိုးပမ်းချက်ဟာ စွန်းစားရ တာတော့ သူ့အတွက်ရှိတယ်။

မော်ကွန်း။  ။ တပ်မတော်ဘက်က ဒီဖွဲ့စည်းပုံပြင်ဆင်ရေးကော် မတီဖွဲ့တာကို စကတည်းကိုက အခြေခံဥပဒေအခန်း ၁၂ မှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ပါတယ်။ အခုနောက်ဆုံးလုပ်တဲ့ ရန်ကုန်သတင်းစာရှင်းလင်းပွဲမှာဆိုရင် တပ်မတော်ဘက်ကပြောလာတာက NLD ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်ပြီးတော့ လုပ်နေတာတွေ ရှိတယ်ပေါ့။ အဲဒီ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ်္ဂိုလ်ဥပဒေကို ထောက်ပြတာမျိုး အထိ ပြောလာတယ်။ အများသိတာကလည်း တပ်မတော် မထောက်ခံဘဲနဲ့ အခန်း ၁၂ မှာ ကာကွယ်ထားတဲ့ပုဒ်မတွေကို သွားထိလို့မရဘူးဆိုတာ ရှိပါတယ်။ ဆိုတော့ NLD ဟာ ဒီဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ အခြားနည်းလမ်းတစ်ခုနဲ့ ပြင်လို့၊ ဆင်လို့ ရနိုင်တဲ့ လမ်းကြောင်းရော ရှိပါသလား။

ဦးစိုးမြင့်အောင်။  ။ အရပ်ဘက် – စစ်ဘက်ဆက်ဆံရေးအရ ပြော လို့ရှိရင် တပ်နဲ့ နိုင်ငံရေးအရ ဆက်ဆံရတဲ့ ထိပ်ပိုင်း ခေါင်းဆောင် တွေရဲ့ ဆက်ဆံရေးကတစ်ပိုင်းရှိမယ်။ နောက်ပြီးတော့ တပ်နဲ့ လူ့ အဖွဲ့အစည်းကြားထဲက ဆက်ဆံရေးက တစ်ခုရှိမယ်။ အဲဒီမှာ တပ်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကြားက ဆက်ဆံရေးပေါ့။ အရပ်ဘက်ထိပ်တန်း ခေါင်းဆောင်တွေပဲ ဆိုကြပါစို့။ အဲဒီဆက် ဆံရေးက လူတကာမြင်ရတဲ့နေရာတွေမှာတင်မဟုတ်ဘူး။ အများပြည်သူမမြင်ရပေမယ့်လည်း သူတို့အချင်းချင်းဆွေးနွေးညှိနှိုင်းပြီးတော့ ရလဒ်ထွက်အောင် လုပ်နိုင်ဖို့ကလည်း အရေး ကြီးတယ်။

လူအများမြင်သာအောင်လို့တော့ တွေ့ဆုံပွဲ၊ ဆွေးနွေးပွဲ တွေ၊ သတင်းတွေထဲမှာ ပါအောင်လို့တော့ လုပ်လို့ရတယ်။ ဒါ ပေမဲ့ တကယ်နောက်ကွယ်မှာ ကြိုတင်ပြီးတော့ စေ့စပ်ညှိနှိုင်း ထားတာမျိုး မရှိဘူး။ သဘောတူညီထားတာမျိုး မရှိဘူးဆိုရင် ထွက်ပေါ်လာတဲ့ရလဒ်ကလည်း ကန့်သတ်ချက်ရှိမှာပဲ။ သိပ်ပြီး တော့ ကျေနပ်အားရစရာ ရှိမှာမဟုတ်ဘူး။

တကယ်ကို လူတွေက အံအားသင့်သွားလောက်တဲ့ ရလဒ် မျိုးတော့ အခုအခြေအနေတွေအရ ထွက်လာမှာမဟုတ်ဘူး။ စတိသဘောမျိုး ပြင်ဆင်တယ်ဆိုတဲ့ဟာမျိုးတော့ ဖြစ်လာနိုင် ပါတယ်။ စတိသဘောမျိုးဆိုတာက အခု ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီဘက်က အခြေခံဥပဒေပြင်ဆင်ဖို့ တင်လာ တဲ့ပုဒ်မမျိုးပေါ့။ ဒီဟာကိုတော့ တပ်ကလည်း လိုက်လျော့ပေး နိုင်မယ့်ဟာမျိုး ရှိမယ်။ နောက်တစ်ခါအခြေခံဥပဒေမှာ အပေါ်ယံ ပြင်ဆင်တာမျိုးလေးတွေ ရှိမယ်။ အဲဒါမျိုးတွေတော့ အခြေခံ ဥပဒေပြင်ဆင်ရေးမှာ ဖြစ်လာနိုင်ပါတယ်။

အဲဒီလိုပြင်ဆင်နိုင်မယ့်ဟာလေးတွေတောင်မှ အခုဟာက NLD အစိုးရအနေနဲ့က အမှတ်မယူနိုင်တဲ့ အခြေအနေမျိုးလည်း ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် အခုဖွဲ့စည်းပုံမှာ ပြင်နိုင်ဖို့ အလားအလာရှိတဲ့ဟာကို ပြင်ခဲ့နိုင်ရင်တောင် ဒါဟာ အခြားပါတီ တွေကနေ သူတို့စပြီး လုပ်တာပါဆိုပြီး ပြောမယ့်အနေအထား မျိုး ဖြစ်နေတယ်။ အခု တပ်က ထောက်ခံထားတဲ့ (အခြေခံ ဥပဒေပုဒ်မ-၂၆၂ပြင်ဆင်ချက်) တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ် တွေကို သမ်္မတက ခန့်အပ်တာမဟုတ်တော့ဘဲ သက်ဆိုင်ရာ ပြည် နယ်လွှတ်တော်က ရွေးကောက်ရမယ်ဆိုတဲ့ ပြင်ဆင်ချက်မျိုး တွေပေါ့ဗျာ။

မော်ကွန်း။  ။ အခုတွေ့မြင်နေရတဲ့ အခင်းအကျင်းအရဆိုရင် ဒီဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD ခေါင်း ဆောင် တွေနဲ့ တပ်မတော်ကြား နောက်ကွယ်မှာ ညှိနှိုင်းထားတာတွေ များ ရှိနိုင်မလား။ ဒီအခင်းအကျင်းအပေါ် ဘယ်လို မြင်သလဲ။

ဦးစိုးမြင့်အောင်။ ။ အခုဖြစ်နေတာတွေကိုသုံးသပ်ရရင် နောက် ကွယ်မှာ ညှိထားတဲ့ဟာ သေသေချာချာ မရှိထားတဲ့အတွက် ကြောင့်သာ ဒီလိုတပ်နဲ့ တင်းမာတဲ့ဟာတွေကို တွေ့လာရတာပါ။ တချို့ဟာတွေကို တပ်က တကယ်မသိတာပါ။ တကယ်ကို အငိုက် မိသွားတဲ့ဟာမျိုးပေါ့။ ဥပမာ- နိုင်ငံတော်အတိုင်ပင်ခံဥပဒေတို့၊ ဘာတို့ပေါ့။ ဒါတွေဆိုရင် သူတို့တကယ် မသိလိုက်တဲ့ဟာပဲ။ အခု ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့မယ့် ကိစ်္စမျိုးဆိုရင်လည်း သူ တို့တကယ်ကို မသိလိုက်တာ ဖြစ်မယ်။ တကယ်မသိလိုက်တဲ့ အတွက်ကြောင့်သာ ပိုပြီးတော့ ရှင်းလင်းချက်ပေးဖို့ သူတို့ဘက် က တောင်းတာပေါ့။

ဒီအနေအထားအရတော့ အရပ်ဘက်-စစ်ဘက်ဆက်ဆံ ရေးဟာ ကောင်းလာမယ်လို့ ပြောလို့မရဘူး။ ဘယ်လိုလဲဆိုတော့ တပ်ဘက်က သူ့ရဲ့လက်ရှိအနေအထားကို ထိန်းထားလို့ရမယ့် အနေအထားမျိုးတော့ ဖြစ်နေတာပေါ့။ ဘာကြောင့်လဲဆိုတော့ တိုက်ရိုက်ပွင့်ပွင့်လင်းလင်းပြောရမယ့်ဟာတွေကိုလည်း သူ အတိုင်ပင်မခံရတဲ့ အတွက်ကြောင့် သူအခု ထိန်းထားပြီးသား ၂၅ ရာခိုင်နှုန်းနဲ့ အခြားဟာတွေကို သူတို့ဘက်က ဆက်ပြီးတော့ အနည်းဆုံးတော့ ဒီအစိုးရသက်တမ်းကုန်တဲ့အထိ ဆက်ပြီး တောင့်ခံသွားမယ်ဆိုတဲ့ အရိပ်အယောင်ကို တွေ့ရတယ်။

မော်ကွန်း။ ။ တပ်မတော်မထောက်ခံရင် ပြင်ဖို့ခက်တဲ့ ဒီဖွဲ့စည်း ပုံပြင်ဆင်ရေးကို NLD ဘက်က ဆောင်ရွက်လာတာဟာ နိုင်ငံ ရေးအရ သူတို့ထံမှာ တပ်မတော်ကို အလဲထိုးနိုင်မယ့်အခြေ အနေတွေများ ရှိနေနိုင်သလား။ ဘယ်လိုဟာတွေ ဖြစ်နိုင်မလဲ။

ဦးစိုးမြင့်အောင်။ ။ ကျွန်တော်အနေနဲ့ကတော့ နိုင်ငံရေးအရ အား သာချက်မျိုး NLD မှာ ရှိနေနိုင်တယ်လို့ မထင်ပါဘူး။ အခုအထိ ပေါ့နော်။ မြန်မာနိုင်ငံ နိုင်ငံရေးဖြစ်စဉ်မှာ အခုလိုမျိုး ခက်ခက်ခဲခဲ နဲ့ လုပ်ယူနေရတာတွေကအစ ဒီအသွင်ကူးပြောင်းမှုဖြစ်စဉ်တစ်ခုလုံးက တပ်က အားသာတဲ့ အနေအထားကနေပြီးတော့ ပြောင်းခဲ့တာလေ။ တပ်ရဲ့ အားသာတဲ့အနေအထားက အခုအထိ ကို ကျဆင်းသွားတဲ့ လက်္ခဏာတော့ မတွေ့ရသေးပါဘူး။

အထူးသဖြင့် NLD အစိုးရဖြစ်လာတဲ့အချိန်မှာ ရခိုင် အရေးအခင်းဖြစ်လာတယ်။ ရခိုင်အရေးအခင်းဖြစ်လာတော့ တပ်အနေနဲ့က ပိုပြီးတော့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ပိုပြီး ပြောအားရှိသွားတာပေါ့။ သူ့ဘက်က လုံခြုံရေးအတွက် နိုင်ငံ တော်ကာကွယ်ရေးအတွက် လုပ်နေတာဆိုတာကို ပိုပြီး ပြော အားရှိသွားစေတာပေါ့။

နောက်ပြီးတော့လည်း သူတို့ပြောသလိုပဲ ပထဝီနိုင်ငံရေး အနေအထားအရ ကစားကွက်တွေက အများကြီး ပေါ်လာတာ ကိုး။ ငြိမ်းချမ်းရေးဖြစ်စဉ်ကအစ အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင် မှုက ရှိလာတယ်။ ရှိလာတဲ့အခါကျတော့ တစ်နိုင်ငံလုံးရဲ့ အခြေ အနေရယ်၊ နောက်ပြီးတော့ ပြောင်းလဲလာတဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေကိုပါ ထည့်ပြီး စဉ်းစားမယ်ဆိုရင် တပ်ဟာ အင် အားချည့်နဲ့သွားတဲ့ လက်္ခဏာမရှိပါဘူး။ အဲဒီလိုပဲ NLD က လည်း ပိုပြီးတော့ အားသာနေတယ်ဆိုတဲ့ လက်္ခဏာလည်း မရှိ  ပါဘူး။

မော်ကွန်း။  ။ ဒီအခြေခံဥပဒေပြင်ဆင်ရေးအတွက် အခု NLD နဲ့ တပ်မတော်ထိပ်တိုက်တွေ့လာတာက တိုင်းပြည်တည်ငြိမ်မှု အပေါ်မှာရော ဘယ်လိုများသက်ရောက်မှုတွေ ဖြစ်လာနိုင်သလဲ။ ဒီပြင်ဆင်ရေးအတွက် နှစ်ဦးနှစ်ဖက် ဘယ်လိုများ ထိန်းထိန်းသိမ်း သိမ်းလုပ်သင့်တယ်လို့ မြင်ပါသလဲ။

ဦးစိုးမြင့်အောင်။ ။ တစ်ခုကြည့်ရမှာက ၂၀၁၅ မတိုင်ခင်ကတော့ အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုတွေ လုပ်လို့ရှိရင် NLD သည် လူထုကို စည်းရုံးတယ်။ အဲဒီအချိန်မှာ လူထုကလည်း အများစု ပါကြတယ်ပေါ့။ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ တွေ ပါ ကြတယ်။ အခြားအနုပညာသည်တွေရော၊ တခြားလူမှုရေး အဖွဲ့ အစည်းတွေက လူတွေကရော NLD ကို အဲဒီတုန်းက ဝိုင်းဝန်း ထောက်ခံခဲ့ကြတယ်။ တိုင်းရင်းသားတွေလည်း အတိုင်းအတာ တစ်ခုအထိ ပါတယ်ပေါ့။

ဒါပေမဲ့ NLD အစိုးရဖြစ်လာပြီးတော့ ဒါမျိုး ပြင်ဆင် ရေးအတွက် အခုဒုတိယတစ်ကြိမ်ပြန်လုပ်လာတဲ့အခါမှာ NLD ဘက်မှာ ထောက်ခံတဲ့ သူဟာ အရင်လို မရှိတော့ပါဘူး။ လွန်ခဲ့ တဲ့သုံးနှစ်အတွင်းမှာNLD သည် တပ်တစ်ခုတည်းနဲ့ ဆက်ဆံရေး အခက်အခဲရှိတာမဟုတ်ဘူး။ သူ့ရဲ့ ဆက်ဆံရေးခက်ခဲမှုသည် အခုအချိန်မှာ ဘက်ပေါင်းစုံဖြစ်နေပြီ။ ဥပမာ- မီဒီယာနဲ့ ဆိုရင် လည်း ဆက်ဆံရေးမှာ အခက်အခဲတွေ ရှိသွားတယ်။ တိုင်းရင်း သားတွေဆိုရင် တရားဝင်နိုင်ငံရေးပါတီ တိုင်းရင်းသားတွေနဲ့ လည်း ဆက်ဆံရေးမှာ အဖုအထစ်တွေဖြစ်နေသလို တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဆိုရင်လည်း ဆက်ဆံရေး ဟာ ခပ်စိမ်းစိမ်းပဲ ဖြစ်ပါတယ်။ နောက် အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ဆိုရင်လည်း ဒီအစိုးရလက်ထက်မှာ သိပ်ပြီးတော့ ပျိုး ထောင်ခဲ့တာမျိုး၊ ကောင်းတာမျိုး မရှိဘူး။

မရှိဘူးဆိုတဲ့အခါကျတော့ အခုဖွဲ့စည်းပုံပြင်ဆင်ဖို့လုပ်တဲ့အခါမှာ  ဏသစကူမေ သြဘငူငဖအေငသည လို့ခေါ်တဲ့ လူထုကို စည်းရုံး လှုံ့ဆော်တာမျိုး လုပ်တဲ့အခါကျရင် သူ့ရဲ့အတိုင်းအတာနဲ့ အရှိန် အဟုန်ကျတော့ ၂၀၁၄၊၂၀၁၅ နှစ်တွေမှာရခဲ့တဲ့ အတိုင်းအတာ၊ အရှိန်အဟုန်နဲ့တော့ တူတော့မှာမဟုတ်ဘူး။

နောက်ပြီးတော့ လူတွေကလည်း စိတ်ရော၊ ကိုယ်ရော လက်ရှိ NLD ကို ဝင်ထောက်ခံပြီးတော့၊ တစ်နည်းအားဖြင့် အစိုးရကို ထောက်ခံပြီးတော့ ပြန်ရလာမယ့် ရလဒ်ကလည်း ဒီ ဥပဒေကို ကြီးကြီးမားမားပြင်ဆင်နိုင်တာမျိုး မဟုတ်ဘူးဆိုရင် ဘယ်သူကမှ သိပ်ပြီး ကျေနပ်အားရကျမှာ မဟုတ်ဘူး။ အဲဒါကို NLD အစိုးရသည် တွက်ထားသလား၊ မတွက်ထားဘူးလား ဆို တာတော့ မသိဘူးပေါ့ဗျာ။

မော်ကွန်း။  ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ တိုင်း ပြည်မနာအောင် ပါဝင်ပတ်သက်သူတွေဟာ ဘယ်လိုထိန်းထိန်း သိမ်းသိမ်း လုပ်သင့်တယ်လို့ ထင်ပါသလဲ။

ဦးစိုးမြင့်အောင်။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထား ကတော့ အမြဲတမ်း သူဟာ တိုင်းပြည်မနာအောင်လို့ လုပ်နေ တယ်လို့တော့ ပြောတာပဲပေါ့နော်။ အဲဒါကြောင့်မို့သာ တပ်ကို ထိပ်တိုက်တိုးပြီးတော့ ဆန့်ကျင်တဲ့ပုံစံမျိုး မပေါက်ရအောင်လို့ လုပ်တယ်ဆိုတာက အဲဒီသဘောပါပဲ။ သူက ဒီအသွင်ကူးပြောင်း ရေးကို တိုင်းပြည်နာတာနည်းနိုင်သမျှ နည်းအောင် လုပ်မယ် ဆိုတဲ့ စေတနာကတော့ နဂိုကတည်းက ရှိတယ်။  အခု NLD ပါတီပိုင်းက လူတွေပြောသမျှ ကျွန်တော်တို့ ပြန်ကြားရတာက တော့ ဒီပြင်ဆင်ရေးလုပ်တာသည် သူတို့ပါတီရဲ့ ရွေးကောက်ပွဲ ကတိဖြစ်တယ်။ ဒီရွေးကောက်ပွဲ ကတိကဝတ်တစ်ခုကို ပြည်သူ ကို ဖြည့်ပေးနိုင်ဖို့အတွက်၊ ကတိတည်နိုင်အောင် သူတို့ ကြိုးစား တာဖြစ်တယ်လို့ ဒီလိုပဲ ပြောကြတယ်။

မော်ကွန်း။  ။ တပ်ရဲ့ထောက်ခံမှုမပါဘဲနဲ့ အခြေခံဥပဒေပြင်ဆင်ရေး အတွက် အခုအချိန်မှာ NLD အရှေ့ကို တိုးလာတာက  ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်တာလို့ ဝေဖန် တာတွေ ရှိပါတယ်။ ဆရာရော ဘယ်လိုမြင်ပါသလဲ။

ဦးစိုးမြင့်အောင်။ ။ အခုဖွဲ့စည်းပုံပြင်ဆင်ရေး NLD လုပ်လာတဲ့ အပေါ် အဲဒီလိုမျိုး မြင်တဲ့လူတွေကတော့ များမှာပဲ။ ဒါက ရှောင် တိမ်းလို့လည်းမရပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အချိန်ကာလအား ဖြင့်NLD ရဲ့ ပြိုင်ဘက်များက မေးကြသလိုပဲ ဘာကြောင့် ဒီ အချိန်ကျမှ ဒီကော်မတီကို ဖွဲ့သလဲ။ ဘာကြောင့်မို့လို လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဒီလိုကော်မတီ ဖွဲ့ဖို့ မလုပ်သလဲ။ ဒါ မျိုးတွေကတော့ မေးနေတာပေါ့။ ဒါဟာ နိုင်ငံရေးရွှေ့ကွက်တစ်ခု အဖြစ်ကတော့ မြင်ကြမှာပဲ။ NLD ဘက်ကတော့ ဒီပြင်ဆင်ရေး မှာ အများပါဝင်နိုင်တဲ့ ယ်္တရားတစ်ခုဖြစ်အောင်လို့ လုပ်မယ် ဆိုပြီး ပြောတဲ့အခါကျတော့ အဲဒါကို ဘယ်လိုလုပ်မှာလဲ ဆိုတာ တော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့လေ။

မော်ကွန်း။  ။ အခုဖွဲ့စည်းပုံပြင်ဆင်ရေး NLD ဘက်က ပြင်ဆင် လာတာရှိသလို တပ်မတော်ဘက်ကလည်း အသည်းအသန် ကန့်ကွက် ရပ်တည်လာပါပြီ။ ဒီအပေါ်မှာ ခြုံငုံဖြည့်စွက်ပြောချင်တာရှိပါသလား။

ဦးစိုးမြင့်အောင်။  ။ တပ်ကတော့ ဒီအသွင်ကူးပြောင်းမှု စလုပ် ကတည်းက အနေအထားနဲ့အခုက သိပ်အများကြီး လမ်းကြောင်း ပြောင်းလဲသွားတာမျိုး မတွေ့ရဘူး။ နောက်ဆုံး ဃြဗ နဲ့ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံတွေကိုပဲ ကြည့်ရင်လည်း တပ်ရဲ့ အနေအထားက သိပ်မပြောင်းသွားတာကို တွေ့ရမယ်။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်ရဲ့ အနေ အထားကို ဥပမာပေး နှိုင်းယှဉ်ကြတာတစ်ခုကတော့  အမျိုးသား ညီလာခံကြီးကို ၁၃နှစ်၊ ၁၄နှစ်လောက် လုပ်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို ရအောင်ရေးပြီးတော့ တပ်က ယူသွားတဲ့ပုံစံမျိုး လားပေါ့။ အဲဒီတုန်းကဆိုရင်လည်း ဒီဖြစ်စဉ်ကြီးကို အကြာကြီး ဆွဲသွားခဲ့တာပဲ။ ပြီးတော့ ဇာတ်ကောင်အသစ်တွေ၊ ကစားသမား အသစ်တွေ တက်လာတဲ့အချိန်မှာလည်း သူတို့ဟာ ဒီဖြစ်စဉ်ထဲ မှာပဲ ထပ်ခါထပ်ခါ ထည့်သွားတယ်။ အစကတည်းက အမျိုးသား ညီလာခံမှာကတည်းက တပ်က ဦးဆောင်ရမယ်။ ၂၅ ရာခိုင်နှုန်း ယူရမယ်တို့က ဘယ်မှာမှ မလျှော့ပေးတာ။ နောက်ဆုံးကျတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာတယ်။ ဒီဖွဲ့စည်းပုံနဲ့ပဲ နိုင်ငံ ရေးအသွင်ကူးပြောင်းဖို့ လုပ်တယ်။ အဲဒီမှာ နောက်ထပ်နိုင်ငံရေး အဆင့်တစ်ခု ရောက်သွားတယ်။

အခုကြုံနေရတဲ့အခြေအနေကလည်း အဲဒီအမျိုးသား ညီလာခံတုန်းကလိုပဲ။ တပ်က သူလိုချင်တဲ့အနေအထားကို ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံမှာပဲ ဖြစ်ဖြစ်၊ ဃြဗ လမ်းကြောင်း မှာပဲဖြစ်ဖြစ်၊ မရရအောင် သူက ပြန်ပြန်တင်နေတယ်။

ဒါကြောင့်မို့သာ တချို့ကဏ္ဍတွေမှာ အခုအထိ အရှေ့ မတက်နိုင်ကြတာလေ။ ဥပမာ- လုံခြုံရေးကဏ္ဍဆိုရင် အခုထိ အရှေ့ ကို မတက်နိုင်ဘူးလေ။ သဘောတူညီချက် မရဘူးလေ။ သဘောတူညီချက်မရတာက တပ်က ဒီငြိမ်းချမ်းရေးလုပ်တဲ့အခါ မှာ သူပြန်ကြည့်မယ်ဗျာ၊ ၁၉၉၀ ကျော်ကာလတွေတုန်းက ရခဲ့တဲ့ အတွေ့အကြုံတွေကို သူပြန်ကြည့်တဲ့အခါကျတော့ အဲဒီကာလ တွေမှာ သူ အအောင်မြင်ဆုံး လုပ်နိုင်ခဲ့တာက လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးပဲ။ အဲဒီတုန်းက သူလုပ်ခဲ့တာတွေထဲမှာ အဲဒီအပိုင်းက သူ့အတွက်အအောင်မြင်ဆုံးပဲ။

လက်နက်နဲ့ ငြိမ်းချမ်းရေးလုပ်တယ်ဗျာ။  ပြီးတော့ တိုင်း ရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက တချို့ဆိုလို့ရှိရင် ပြည်သူ့စစ် တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့တွေအနေနဲ့ သူတို့ပြောင်းကုန်ကြ တယ်။ ဒါကို လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလို့ ခေါ် တာပေါ့။ ဒီဟာက တပ်အတွက်အအောင်မြင်ဆုံးပဲ။ သူလိုချင်တဲ့ ပုံစံကလည်း ဒီပုံစံပဲ။ ဘာလဲဆိုရင် တစ်ခုတည်းသော တပ်မတော် ဖြစ်ရမယ်။ ပြီးရင် လက်နက်ဖြုတ်သိမ်းရေးလုပ်ရမယ်။ ပြီးတော့မှ လုံခြုံရေးကဏ္ဍကိုတော့ နောက်မှပြောရမယ်လို့ တပ်ဘက်က ယူဆတယ်။

ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကျတော့ လက်နက်ဖြုတ်သိမ်းရေးကို အရင်မလုပ်ချင်ဘူး။ ဒါသည် သူတို့ လက်နက်ချရတာပေါ့လေ။ တပ်မတော်ရဲ့ တစ်ခုတည်းသော တပ်မတော်ဆိုတဲ့ ခေါင်းစဉ်အောက်ကို သူတို့ဝင်ရတာဆိုပြီး ပြောတဲ့အခါကျတော့ အဲဒီမှာပဲ တစ်ဖက်နဲ့ တစ်ဖက် ပြောတဲ့၊ ဆွေးနွေးတဲ့အဆင့်တွေက ကွာနေတာပေါ့လေ။ အဲဒီဟာမှာ ဘယ်လိုမှ ညှိမရဘူး ဖြစ်နေတာပေါ့။ တပ်ရဲ့အနေအထားကလည်း သူတို့လိုချင်တဲ့ဟာကို သူက မရရအောင်လို့တော့ ပြန်ပြန်ပြီး တင်နေမှာပဲ။

မြန်မာစကားပြောကြရာမှာ ကိုယ်လိုချင်တာကို ချိတ်ပြော ကြသလို တပ်က အခုသူ့လိုချင်တာကို ချိတ်ပြောနေတာပေါ့။ ဥပမာ-ပျဉ်းကတိုးလာပြတယ်ပေါ့။ အဲဒီအခါ ပြန်ပြောတာက ပျဉ်းကတိုးလည်း ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်းလည်း ကောင်း တယ်။ တစ်ခါ ပိတောက်လာပြတယ်။ ပြန်ပြောတာက ပိတောက် လည်း ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်းလည်းကောင်းတယ်။ ကျွန်းကို လိုချင်တာဖြစ်တဲ့အတွက် ဒီ ကျွန်းဆိုတဲ့ စကားလုံးကို အမြဲတမ်း ပြန်တင်ပြီးပြောနေတာပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်က ဒီလိုတွေ ပြန်ပြန်တင်နေတာပေါ့။

တပ်ဘက်က ဒီနိုင်ငံရေးဖြစ်စဉ်မှာ ချထားတဲ့ တိုင်းတာတဲ့ စံနှုန်းပေါ့။ အဲဒီစံနှုန်းထဲမှာမှ အရပ်သားအစိုးရနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ နောက်တိုင်းရင်းသားအဖွဲ့အစည်းတွေက ဘယ်လောက်အထိ လိမ်လိမ်မာမာ၊ ပါးပါးနပ်နပ်နဲ့ ကစားနိုင် သလဲဆိုတဲ့အပေါ် မူတည်တယ်။ ကျွန်တော်တို့ရဲ့ ပြဿနာတစ်ခု က ဘာလဲဆိုရင် တပ်ရဲ့ စည်းလုံးညီညွှတ်မှုသည် အရင်တုန်း က တည်းက အတိုင်းပဲ။ အားက လျော့သွားတယ်လို့ ကျွန်တော်က တော့ မထင်ဘူး။ အားသည်ကောင်းမြဲ ကောင်းဆဲပဲ။

ဒါပေမဲ့ ဒီဘက်မှာတော့ ဥပမာ အရပ်ဘက်အဖွဲ့အစည်း တွေမှာပဲ ကြည့်ကြည့်၊ နိုင်ငံရေးသမားအသိုင်းအဝိုင်းမှာပဲ ကြည့် ကြည့်။ စည်းလုံးညီညွတ်မှုအင်အားသည် လွန်ခဲ့သော လေး၊ ငါး နှစ်ကနဲ့ မတူတော့ဘူး။ ဒီလိုအခြေအနေမှာ ဘယ်လိုလုပ် သွား ပြီးတော့ ဒီစစ်တပ်ကို ပြောင်းဖို့ သို့မဟုတ် ပြောင်းပေးဖို့ သွား တိုက်တွန်းကြမလဲ။ အဲဒီမေးခွန်းကလည်း အကြီးကြီးအဖြစ် ရှိနေ ပါတယ်။

တစ်ခါ NLD ကိုယ်တိုင်သည် အာဏာရအသိုင်းအဝိုင်း ဖြစ်နေပြီဆိုတော့ သူသည်ပင်လျှင် သိပ်ပြီးတော့ သိပ်ရဲရဲတင်း တင်း တွန်းတဲ့၊ ရွှေ့တဲ့ဟာမျိုးတော့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်း စဉ်မှာ လုပ်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ NLD ကို ရဲရဲတင်းတင်းလုပ်စေချင်တယ်။ အားမလိုအားမရတွေ ဖြစ်ကြ တယ်ဆိုတာတွေကတော့ ဒီဘက်က တိုင်းရင်းသား အဖွဲ့အစည်း တွေရယ်၊ တချို့သော အရပ်ဘက်အဖွဲ့အစည်းအသိုင်းအဝိုင်း အစိတ်အပိုင်းတွေဘက်ကတော့ တောင်းဆိုတာမျိုး ရှိလာပါ  လိမ့်မယ်။

NLD ကိုယ်တိုင်ကတော့ သူ့မှာရထားတဲ့ နေရာ ရှိသွားခဲ့ ပြီဆိုတော့ တချို့ဟာတွေကို သူကိုယ်တိုင်လည်း သဘော ပေါက်လာတာလည်း ပါလိမ့်မှာပေါ့။ သဘောပေါက်တယ်ဆို တာက သူ့ရဲ့အားသာချက်၊ အားနည်းချက်၊ လုပ်ပိုင်ခွင့်နဲ့ ကန့် သတ်ချက်တွေကို အခု သူနည်းနည်းမြင်သွားတာပေါ့။ ဒါပေမဲ့ တစ်ဖက်မှာလည်း NLD အနေနဲ့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးကို သူ့ရဲ့ နိုင်ငံရေးအရတော့ ရွှေ့မှာပဲ။ နိုင်ငံရေးအရ ရွှေ့ပေမယ့်လည်း သိပ် ပြီးတော့ အကဲဆက်လာတဲ့ အခြေအနေဆိုလို့ရှိရင် သူဘာသာသူ ပြန်ပြီးတော့ ဒါကို တစ်နည်းတစ်ဖုံပြောင်းဖို့ သူပြန်ကြိုးစားမှာ ပါပဲ။ နောက်တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့။ သူရှိနေ တဲ့အတွက်ကြောင့်မို့ NLD လည်း ဒီလိုမျိုးတွေ လုပ်နိုင်တာပေါ့။ ဘာကြောင့်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တော် တော်ကို အရေးကြီးတဲ့အချက်တစ်ခုပဲလေ။

photo – kyaw zayya

 

စိုင်းကျော်ညွန့်

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ှNLD)

တွဲဖက်အတွင်းရေးမှူး ၂

မော်ကွန်း။  ။ တပ်မတော်က ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ မရှိတော့မှ နိုင်ငံရေးက  ထွက် မယ်လို့ ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောတယ်။ တိုက်ပွဲတွေကလည်း ဆက်ဖြစ်ပြီး စစ်မျက်နှာအသစ်တွေ ပေါ် လာပြီဆိုတော့ တစ်ဖက်မှာ သူ့အတွက် ပိုအားကောင်းလာစေ တယ်။ ဒီလိုအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) က ဖွဲ့စည်းပုံပြင်ရေးကို လွှတ်တော်မှာ ကြိုးပမ်းလာတာက အလုပ်ကော ဖြစ်နိုင်မလား။ ဘယ်လိုမြင်ပါသလဲ။

စိုင်းကျော်ညွန့်။  ။ နံပါတ်တစ်အနေနဲ့ တပ်မတော်က ပြောတဲ့ အချက်အလက်တွေက ဝိဝါဒကွဲစရာ ဖြစ်နေတာပေါ့။ တစ်နေရာ မှာ ပြောတာကျတော့ တိုင်းရင်းသားလက်နက်ကိုင်မရှိမှဘဲ နိုင်ငံ ရေးကနေ ထွက်မယ်ပေါ့။ နောက်တစ်နေရာမှာ ဖြေထားပြန်တာ ကျတော့ ဗဗ(ရက်္ခိုင့်တပ်မတော်) ကို အပြတ်မတိုက်တာက တိုင်းရင်းသားဖြစ်လို့ မတိုက်ဖူးဆိုတဲ့ပုံစံ ပြောတော့ ဆက်စပ် ကြည့်မယ်ဆို ဒီနှစ်ခုက အစွန်းနှစ်ဖက်ကို ထွက်နေတယ်။ အဓိပ်္ပာယ်တစ်ခုတည်း မသက်ရောက်ဘူး။ အဲဒီတော့ တပ်မတော် က တိုင်းရင်းသားလက်နက်ကိုင် ဆက်ရှိနေအောင်ပဲ ဆက်မွေး ထားသလားပေါ့။ ဆက်ရှိနေတယ်ဆိုရင် နိုင်ငံရေးက ထွက်စရာ မလိုတော့ဘူးဆိုတဲ့ စဉ်းစားချက်က ဆက်စပ်ပြီး စဉ်းစားလို့ရ တယ်။ အဲဒါက တစ်ချက်ပေါ့။

ဒီအချိန်မှာ NLD အနေနဲ့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးပမ်းလာတဲ့ဟာက ဘယ်လောက်ထိ အောင်မြင်နိုင်မလဲဆိုတာက NLD က ဘယ်လိုနည်းလမ်းနဲ့ လုပ် မလဲဆိုတဲ့ပေါ်မှာလည်း မူတည်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်းပဲလုပ်မလား။ ဒါမှမဟုတ်ရင် ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ ရှိတဲ့ ပျော့ကွက်၊ ဟာကွက်တွေပေါ်  မွှေ နှောက်ရှာဖွေပြီးတော့ ပြုပြင်ပြောင်းလဲနိုင်တဲ့နည်းလမ်းကိုများ သူတို့ ရှာဖွေတွေ့ရှိထားလား။ အဲဒီအပေါ်မှာ ကျွန်တော်တို့ သေ ချာမသိဘူး။

အဲဒီတော့ အောင်မြင်နိုင်ခြေ၊ မအောင်မြင်နိုင်ခြေဆိုတဲ့ ဟာကလည်း ပြောဖို့ခက်ပါတယ်။ ဘယ်ဥပဒေမှာမဆို ဟာကွက် လုံး၀ မရှိဘူးဆိုတာလည်း မရှိပါဘူး။ ပြီးခဲ့တဲ့နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးမျိုးလုပ်တဲ့ ပုံစံလိုမျိုးပဲ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်နိုင်မယ့်၊ ပြင်လို့ရအောင် ဖန်တီးနိုင်တဲ့ အခင်း အကျင်းတွေ ဆိုတာလည်း ရှိနေနိုင်ပါတယ်။ အဲဒီအခင်းအကျင်း ကို ရှာနိုင်တယ်ဆိုရင်တော့ ဒါ အောင်မြင်နိုင်ခြေ ရှိပါတယ်။ ဒါမှ မဟုတ် အခြေခံဥပဒေမှာ ပြဋ္ဌာန်းချက်အတိုင်းပဲ ၇၅ ရာခိုင်နှုန်း အထက်မှ၊ တပ်မတော်ရဲ့သဘောတူညီချက်ရယူမှဆိုတဲ့ပုံစံနဲ့ ပြင် ဖို့လုပ်မယ်ဆိုရင်တော့ ဒီပြင်ဆင်ရေးက အောင်မြင်နိုင်ဖွယ်    မရှိဘူး။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက လှုပ်ရှားမှုတစ်ခု လည်း ဟုတ်တယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုအောင်မြင်ခြင်း၊ မအောင် မြင်ခြင်းကလည်း အဓိကအစိုးရ ဖြစ်နေတဲ့၊ ပြည်သူတွေရဲ့ ဆန်္ဒမဲ အများဆုံးရထားတဲ့ NLD ပေါ်မှာ မူတည်တယ်။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုလည်း မူတည်တယ်။ ပြီးတော့ နိုင်ငံတကာရဲ့ ပူး ပေါင်းပါဝင်မှုလည်း လိုတယ်လို့ ကျွန်တော်အနေနဲ့တော့ မြင်   ပါတယ်။   

 

မော်ကွန်း။  ။ တပ်မတော်ဘက်က အခြေခံဥပဒေ၊ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ပြင်မှပဲ လက်ခံမယ့် သဘောမျိုး ပြော နေတယ်။ အဲဒါမျိုးဆိုရင် အားလုံးက သိတာပဲ၊ တပ်မတော် မထောက်ခံဘဲနဲ့ ပြင်လို့မှမရတာ။ ဒီလိုအခြေအနေမှာ ဒေါက်တာ မြတ်ဉာဏစိုးပြောတာက ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုကို ဖော်ဆောင်တဲ့အနေနဲ့မျိုးလည်း ဒီဟာကိုပြင်ဖို့ ကြိုးပမ်းတာမျိုး လည်းပြောတော့ ဒီအခြေခံဥပဒေပြင်ဆင်ရေးက ရွေးကောက်ပွဲ ကတိကဝတ်ကျေဖို့လောက်လုပ်ရုံလောက်နဲ့ သင့်တော်ပါ့မလား။ တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုမြင်သလဲ။  

စိုင်းကျော်ညွန့် ။   ။ ရွေးကောက်ပွဲကတိကဝတ်အရ ငါတို့ပြင်တယ်။ ဒါပေမဲ့ ဟိုဘက်ကတားလို့ ငါတို့က ပြင်လို့မရဘူး ဆိုတဲ့ ပြည်သူ တွေကို လုပ်ပြရုံသက်သက်လောက်နဲ့ ဘာမှမထူးဘူး။ ဖွဲ့စည်းပုံ ပြင်တယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက် ကို တွေ့လို့ အဲဒီအပေါ်မှာ ပြင်ဆင်နိုင်တဲ့လမ်းကြောင်း တွေ့လို့  ပြင်တယ်ဆိုလည်း တစ်မျိုး။ ဒါမှ မဟုတ်ရင်လည်း တပ်မတော်နဲ့စေ့စပ်ညှိနှိုင်းဆွေးနွေးပြီးတော့ တပ်မတော်နဲ့သဘောတူညီမှု တွေ ရပြီးတော့ ဒီအချက်၊ ဒီအချက်တွေ ပြင်မယ်ဆိုလည်း အဲဒီ ချဉ်းကပ်မှုက တစ်မျိုးပေါ့။ အဲဒီပုံစံမှမဟုတ်ဘဲနဲ့ လုပ်ပြရုံသက် သက်ဆိုရင်တော့ အလကားပဲပေါ့။

 

မော်ကွန်း။  ။ တပ်မတော် မထောက်ခံဘဲ ဖွဲ့စည်းပုံပြင်ဖို့ ဒီလို ရှေ့ တိုးလာတာက NLD အနေနဲ့ နိုင်ငံရေးအရ တပ်ကို ထိုးနှက် နိုင်မယ့် အခြားဟာတွေရှိနိုင်လား။ ဘယ်လိုမြင်သလဲ။

စိုင်းကျော်ညွန့်။  ။ ပြီးခဲ့တဲ့အပတ်ထဲမှာတော့ နိုင်ငံတကာ ပညာရှင်တစ်ယောက် သုံးသပ်ထားတဲ့ ဆောင်းပါးတစ်ပုဒ်တော့ နယူးယောက်တိုင်းမ်မှာ ဖတ်လိုက်ရတာရှိတယ်။ အဲဒီမှာကတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အဲဒီအရေအတွက်ကို လျှော့ချနိုင်တယ်ဆိုပြီး အကြံပြုထားတာ ရှိတယ်။ အဲဒီဟာ အလုပ်ဖြစ်၊ မဖြစ်တော့ မသိ ဘူး။ တည်ဆဲဥပဒေတွေအားလုံးနဲ့  အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တွေနဲ့ တိုက်စစ်ပြီးတော့ ဖြစ်နိုင်ခြေ ရှိ၊ မရှိဆိုတာတော့ တော် တော် လေ့လာရဦးမယ်။ တကယ်လို့ အဲဒီလိုမျိုး အရေအတွက် လျှော့ချနိုင်တယ်ဆိုရင် ၂၅ ရာခိုင်နှုန်းလည်း မပြည့်တော့ဘူး လေ။ ဒီဘက် (အရပ်သားကိုယ်စားလှယ်) ကလည်း ရာခိုင်နှုန်း တက်လာနိုင်တာလဲရှိတာပေါ့။ ဒါကတော့ ပညာရှင်တွေရဲ့ သုံး သပ်မှုပါ။ အဲဒီသုံးသပ်မှုက ဘယ်လောက်ထိ ဥပဒေကြောင်းအရ လုပ်နိုင်မလဲဆိုတာတော့ ကျွန်တော်တို့လည်း နားမလည်ဘူး၊ မသိဘူး။  NLD ကလည်း ဒီအပေါ်မှာ သိသလား၊ မသိဘူးလား။ ဒါမှမဟုတ်ရင် အဲဒီလိုနည်းလမ်းမျိုး ဒါမှမဟုတ် အလားတူ နည်း လမ်းတစ်ခုခု သူတို့ ရှာတွေ့ထားသလားပေါ့။ ရှာမတွေ့ဘူးဆိုရင် သိပ်တော့ မထူးပါဘူး။ ဒီ ၇၅ ရာခိုင်နှုန်းကို ကျော်လွန်နိုင်တဲ့ အနေအထား မရှာတွေ့နိုင်သေးရင် ဖွဲ့စည်းပုံက ပြင်လို့မရပါဘူး။

 

မော်ကွန်း။  ။ အဲဒါဆိုရင် ပြင်ဆင်ရေးလုပ်တာက လာမယ့်ရွေး ကောက်ပွဲနဲ့ ဆက်စပ်မလား။

စိုင်းကျော်ညွန့်။ ။ နိုင်ငံရေးပါတီတိုင်းကတော့ ဒီလိုပါပဲ။ ရွေး ကောက်ပွဲစည်းရုံးမဲဆွယ်တဲ့ ကာလကတော့ ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်ပေးမယ် ဆိုပြီးတော့ ပြောကြတာပဲ။ ဒါပေမဲ့ ရွေး ကောက်ပွဲ စည်းရုံးမဲဆွယ်စဉ်က ပေးခဲ့တဲ့ ကတိတွေကို မတည် ကြတာ များပါတယ်။ တကယ်တမ်းက တည်သင့်တယ်ဗျ။ ကိုယ် လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့်ရှိတဲ့ အလုပ်တွေမှန်သမျှကို ကိုယ်က တည်အောင် လုပ်ပေးရမှာဖြစ်တယ်။ ရွေးကောက်ပွဲဆိုတာ ပြော ချင်ရာပြောပြီး ကိုယ်မဲရရုံမျိုးနဲ့ မဲဆွယ်စည်းရုံးတာကတော့ ကောင်းတဲ့ အလေ့အကျင့် မဟုတ်ဘူး။

ဒီမိုကရေစီကို တကယ်ရင့်သန်စေချင်တယ်ဆိုရင်၊ တိုင်း ပြည်ကို ဖယ်ဒရယ်ဒီမိုကရေစီပုံစံ တကယ်ဖြစ်စေချင်တယ်ဆိုရင် ရွေးကောက်ပွဲကတိကို အစကတည်းက ကိုယ်မလုပ်ပေးနိုင်ရင် မပြောနဲ့လေ။ သဘောကတော့ ငြိမ်းချမ်းရေးလုပ်မယ်။ ဖွဲ့စည်းပုံ ပြင်မယ်ဆိုပြီး ပြောရုံလောက်နဲ့တော့ အလကားပဲ။ အဲဒီတော့ ငြိမ်းချမ်းအောင်လုပ်မယ်။ ဘယ်လိုပုံစံတွေ လုပ်မယ်ဆိုတဲ့ နည်း လမ်းပါ ပါဖို့လိုတယ်။ ဖွဲ့စည်းပုံပြင်မယ်ဆိုရင်လည်း ဒီလိုနည်း လမ်းနဲ့ ပြင်မယ်ဆိုပြီးတော့ ပြောဖို့ လိုတယ်။ ဒီလိုပဲ တခြား စီးပွားရေးဆိုင်ရာမှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီလိုလုပ်ပါမယ်၊ ဒီပုံစံ စီမံကိန်းတွေ လုပ်မယ်။ ကဏ္ဍအလိုက် တိကျတဲ့၊ ဖော် ဆောင်လို့ ရတဲ့ လုပ်ငန်းစဉ်တွေ ချပြဖို့ လိုတယ်လို့တော့ ကျွန် တော့်အနေနဲ့ မြင်တယ်။

 

မော်ကွန်း။  ။ အခုရော ဘယ်လိုမြင်ရသလဲ။

စိုင်းကျော်ညွန့်။ ။ NLD ရဲ့ ရွေးကောက်ပွဲမဲဆွယ်ကတိထဲမှာ အဓိကတော့ ငြိမ်းချမ်းရေးလို့ ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလို့ ပါတယ်။ အဓိကအချက်နှစ်ချက်ကတော့ ဒီနှစ် ချက်ပေါ့။ ကျန်တဲ့အချက်တွေလည်း ပါပါတယ်။ အဲဒီတော့ ငြိမ်း ချမ်းရေးဖြစ်စဉ်မှာလည်း လုပ်တယ်ပေါ့။ လုပ်ကြည့်တယ် မအောင်မြင်ဘူး။ မအောင်မြင်ဘူးဆိုတာ လုပ်ပုံလုပ်နည်း မှားနေ တာလား၊ လုပ်ပုံလုပ်နည်း မမှန်တာလား၊ ချဉ်းကပ်တဲ့ ပုံ လွဲနေ တာလား၊ ဒါမှမဟုတ်ရင် အထွေထွေကိစ်္စ အများကြီးတော့ ရှိနိုင် တာပေါ့။ အဲဒီပေါ်မှာ သိပ်အောင်မြင်မှုတော့မရပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကလည်း စောင့်တော့ စောင့်ကြည့်ရပါ ဦးမယ်။ ဒါကလည်း အစပဲ ရှိသေးတယ်ဆိုတော့ အခုမှ စတဲ့ ကိစ်္စ ဆိုတော့ ဘယ်လောက်ထိ အဆင်ပြေမယ်၊ အောင်မြင်နိုင်ခြေ ရှိ မရှိဆိုတဲ့ဟာကတော့ စောင့်ကြည့်ရပါဦးမယ်။

 

မော်ကွန်း။  ။ NLD အစိုးရနဲ့ ပတ်သက်ပြီး မနေ့တုန်းက တိုင်း ရင်းသားခေါင်းဆောင်တွေ စည်းဝေးကြတဲ့ ဆွေးနွေးပွဲမှာ ပြော တာဆိုရင် ငြိမ်းချမ်းရေးသွားနေတယ်၊ တွန်းမရတော့တဲ့အခါမှ ဖွဲ့ စည်းပုံဘက် ပြန်လှည့်လာတယ်ဆိုပြီး ဒီသဘောမျိုး အခမ်း အနားမှာ ပြောတာတွေ ရှိပါတယ်။ အဲဒီလိုမျိုး တကယ်ရော မြေ ပြင်မှာ ဖြစ်နေသလား။

စိုင်းကျော်ညွန့်။ ။ NLD က သူ့ကတိကို ဖော်တယ်ဆိုတဲ့ နေရာ မှာတော့ ဟိုဘက် (ငြိမ်းချမ်းရေးဆွေးနွေးမှုလမ်းကြောင်း) ကနေ တိုးကြည့်တာပေါ့။ ဟိုဘက်က မရတော့ ဒီဘက်(လွှတ်တော်နိုင်ငံ ရေးလမ်းကြောင်း)က တိုးတယ်ဆိုတဲ့ဟာကတော့ သဘာဝပါပဲ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီနိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ရတာက လည်း အဓိကတော့ ဖွဲ့စည်းပုံဆိုင်ရာ အခက်အခဲအကျပ် အတည်းလေ။ အဲဒါတွေကို ဖြေရှင်းဖို့ပဲ ဖြစ်တယ်။ အဲဒီတော့ ဖွဲ့ စည်းပုံပြင်ဖို့ ဆိုတာက လွှတ်တော်ပြင်ပ ငြိမ်းချမ်းရေးလမ်း ကြောင်းကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်တယ်။ အစိုးရအနေ နဲ့က ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းကြောင်းမှာ တပ်မတော်ရဲ့ လုပ်နည်းလုပ်ဟန်ကို မကျော်လွန်နိုင်တဲ့ သဘော ရှိတယ်။

ဥပမာအားဖြင့် ငြိမ်းချမ်းရေး ရှေ့ဆက်တိုးလို့မရအောင် တပ်မတော်ဘက်က ခွဲမထွက်ခွင့်ဆိုတဲ့ စကားလုံးလေးတစ်လုံး ပစ်ထည့်လိုက်တာနဲ့ အကုန်လုံးရှုပ်ကုန်ရော။ အကုန်လုံးရပ်ကုန် ရော။ လုံခြုံရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင်လည်း တစ်ခုတည်း သော တပ်မတော်ဆိုပြီး ပြောတယ်။  အဲဒါကိုလည်း အဓိပ်္ပာယ် မဖွင့်ဆိုမှု မလုပ်ခိုင်းဘူး။ တစ်ခုတည်းသော တပ်မတော်က ဒါပဲ။ ဘာမှ အဓိပ်္ပာယ်မဖွင့်နဲ့ဆိုတဲ့ ပုံစံမျိုးဆိုတော့ ဒီဟာက တပ်က ရှေ့ဆက်သွားလို့မရအောင် ဘယ်လိုခေါ်မလဲ အဓိက အရေးကြီး ဆုံး ဖြစ်တဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍမှာ ပြဿနာကြီးနှစ်ခုကို ထိပ်မှာ ပိတ်ချထားလိုက်တယ်။ အဲဒါကို ဖြေရှင်းနိုင်ရင်သွားပေါ့ဆိုတဲ့ပုံစံက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အလားအလာက သိပ် မလွယ်ဘူးပေါ့လေ။ အဲဒီတော့ လွှတ်တော် ပြင်ပ အဆင်မပြေတဲ့ အခါ ဒီဘက်က လွှတ်တော်ထဲ ပြန်လှည့်လာတဲ့ သဘောပေါ့ဗျာ။ လွှတ်တော်အတွင်းမှာလည်း ပါနေတဲ့ ရွေးကောက်ခံမဟုတ်တဲ့ ၂၅ ရာခိုင်နှုန်းကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့ နည်းလမ်းကို မစဉ်းစားနိုင်သေးသရွေ့တော့ ပြင်လို့ မရပါဘူး။

 

မော်ကွန်း။  ။ အခု NLD က အခြေခံဥပဒေပြင်ဖို့ကြိုးစားလာ တယ်။ တပ်မတော်ကလည်း တောင့်ခံနေတယ်ပေါ့။ ဒီအပေါ်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုင်းပြည်တည်ငြိမ်ရေးကို မထိ ခိုက်အောင် ဘယ်လိုတွေ ဆောင်ရွက်သင့်သလဲ။

စိုင်းကျော်ညွန့်။  ။ ပြောကြတယ်ပေါ့။ ဒါတိုင်းပြည်အတွက် လုပ် တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ၁၉၄၇ အခြေခံဥပဒေက စတင်ပြီး အခုထက်ထိ ရှိခဲ့တဲ့ ဖွဲ့စည်းပုံတွေက တလွဲတွေချည်းပဲ။ ကျွန် တော်တို့ တိုင်းပြည်နဲ့ ကျွန်တော်တို့ပင်လုံစာချုပ်မှာ ကတိကဝတ် ပြုခဲ့တာက ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဗျ။

ကျွန်တော်တို့နိုင်ငံက စုံလင်ကွဲပြားတယ်။ အဲဒီတော့ အဲဒါ နဲ့ အကိုက်ညီဆုံးဖြစ်တဲ့ ပုံစံတစ်ခုကို ကျွန်တော်တို့သွားရမှာ ဖြစ်တယ်။ ၁၉၄၇ လည်း အဲဒီပုံစံ မရှိခဲ့ဘူး။  အဲဒီတော့ ပြင်ဆင်ဖို့ လုပ်တဲ့ ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံကလည်း ၁၉၆၂ မှာ အာဏာသိမ်းလိုက်တော့ ပျက်သွားတယ်။ ၁၉၇၄ အခြေခံဥပဒေ ကလည်း တကယ့်ကို တစ်ပါတီအာဏာရှင်လုံးလုံး ဖြစ်တယ်။ ပြီး ရင် အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေ မရှိတဲ့အချိန်မှာ စစ်အုပ်ချုပ် ရေးလုံးလုံးဖြစ်တယ်ပေါ့။ အဲဒီတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အဓိက ပဋိပက်္ခအကျပ်အတည်း၊ အခက်အခဲက ဖွဲ့စည်းပုံဆိုင်ရာ အခက်အခဲ အကျပ်အတည်း ဖြစ်တယ်။ အဲဒါကို ဖြေရှင်းဖို့ မကြိုး စားခဲ့ကြဘူး။ တိုင်းပြည်မှာ အစုအဖွဲ့တစ်ခု၊ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွားအတွက်ပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ ဒါက တိုင်း ပြည်တစ်ခုလုံးအတွက လုပ်နေတာမဟုတ်ဘူးလို့ ကျွန်တော်တို့ က ပြောရမှာ ဖြစ်တယ်။

တကယ် တိုင်းပြည်အကျိုးအတွက် လုပ်ပါတယ်ဆိုပြီးတော့ ကြွေးကြော်နေတယ်ဆိုရင် ဒီတိုင်းပြည်နဲ့အကိုက်ညီဆုံးဖြစ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု။ အဲဒီကနေမှတစ်ဆင့် နိုင်ငံရေး တည်ငြိမ်မှုရှိမှပဲ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးတွေကစမှာ လေ။ လူမှုရေးစီးပွားရေးအကုန်လုံးပေါ့ဗျာ။ အဲဒီလိုမျိုး အခင်း အကျင်းကို ကျွန်တော်တို့ဖော်နိုင်မှ ကျွန်တော်နိုင်ငံက ဖွံ့ဖြိုး တိုးတက်မှာဖြစ်တယ်။ ငါ့အဖွဲ့က ငါ့တိုင်းပြည်ကိုချစ်တယ်။ မင်း အဖွဲ့က မချစ်ဘူးဆိုတဲ့ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ စကားနဲ့ ချစ်ပြရုံလောက်နဲ့ ကျွန်တော်တို့တိုင်းပြည် မတိုးတက်နိုင်လောက် ဘူးလို့ပဲ ကျွန်တော် မြင်တယ်။

 

မော်ကွန်း။  ။ ခြုံငုံ မှတ်ချက်ပေးချင်တာ ဘာရှိလဲ။

စိုင်းကျော်ညွန့်။  ။ ခြုံငုံပြီး ပြောရရင်တော့ အဖွဲ့အစည်းတိုင်းကို မေးရမှာပဲ။ အစိုးရရော၊ တပ်မတော်ရော၊ တိုင်းရင်းသားလက်နက် ကိုင်တွေရော တိုင်းပြည်ကို တကယ်ချစ်ရဲ့လားလို့။ အဲဒါပဲ မေး စရာရှိပါတယ်။

photo – kyaw zayya

စောကပီ

ဒါရိုက်တာ

သံလွင်အင်စတီကျု

မော်ကွန်း။  ။ မကြာသေးခင်က တပ်မတော်ကလုပ်တဲ့သတင်း စာရှင်းလင်းပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိနေသရွေ့ တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ ဆက်ရှိနေရဦးမယ်ဆိုတဲ့သဘော ပြောတာရှိတယ်။ အခုက စစ်မျက်နှာသစ်တွေကလည်း တိုင်း ပြည်မှာ ပေါ်လာနေတယ်။ အထူးသဖြင့် ရခိုင်မှာပေါ့။ ဝေဖန်သူ တွေက ဒီအခြေအနေတွေက တပ်ကို နိုင်ငံရေးအရ ပိုအား ကောင်းလာစေတယ်လို့ ဆိုတယ်။ တစ်ဖက်မှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အခုလွှတ်တော်ထဲမှာ စတင်ကြိုးပမ်းလာတယ်။ ဒါကို တပ်မတော်က ကန့်ကွက်နေပါတယ်။ ဒီအချိန်မှာ NLD ရဲ့  ဖွဲ့ စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုက အလုပ်ဖြစ်ပါ့မလား။ ဘယ်လောက်ခရီးပေါက်နိုင်ပါသလဲ။

စောကပီ။ ။ ပထမအပိုင်းကတော့ တပ်ရဲ့အခန်းကဏ္ဍပေါ့။ တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်မှုအခန်းကဏ္ဍဆိုရင်တော့ တိုက်ပွဲဖြစ်လေ၊ ပဋိပက်္ခတွေ ရှိနေလေ၊ တပ်ရဲ့အခန်းကဏ္ဍလိုအပ်တယ်ဆိုတာကို သူတို့က ပီပီပြင်ပြင်ချပြနိုင်လေပဲ။ ဘာကြောင့်လဲဆိုရင် တပ်ရဲ့ အခန်းကဏ္ဍအရ ဥပမာ နိုင်ငံတော်ရဲ့ လုံခြုံရေးအပိုင်းပေါ့။ လက် နက်ကိုင်ပဋိပက်္ခတွေ ရှိနေသေးတယ်ဆိုရင် သူ့ရဲ့အခန်းကဏ္ဍဟာ လိုအပ်တယ်ဆိုတာကို သူက ပိုပြီး ပြောနိုင်တာကတော့ အမှန်ပဲ။

သို့သော် ပဋိပက်္ခဖြစ်နေတဲ့၊ လက်ရှိတိုက်ပွဲတွေရှိနေတဲ့ အချိန်မှာ သူ့ရဲ့ အခန်းကဏ္ဍ လိုအပ်တယ်ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိနေသရွေ့ တပ်က နိုင်ငံရေးမှာ ပါဝင်နေရ မယ်ဆိုတဲ့ ညီမျှခြင်းနှစ်ခုကတော့ မတူဘူးလို့ ယူဆပါတယ်။ ဘာ ကြောင့်လဲဆိုရင် လက်နက်ကိုင်ရှိနေခြင်းနဲ့ လက်နက်ကိုင် ပဋိ ပက်္ခရှိနေခြင်း နှစ်ခုက မတူပါဘူး။

လက်နက်ကိုင်ရှိနေပြီးတော့ ပဋိပက်္ခမရှိတဲ့ အနေအထား တစ်ခုကို ဖန်တီးနိုင်မယ်ဆိုရင် ဒါမှမဟုတ် အသွင်အပြင်တစ်ခုကို ဖန်တီးနိုင်မယ်ဆိုရင် တပ်ကတော့ နိုင်ငံရေးမှာ သူရှိသင့်ရှိထိုက်တဲ့အတိုင်းအတာပဲလုပ်ပြီးတော့ ဘယ်လိုပြောမလဲ၊ နိုင်ငံရေး လုပ်ချင်ရင် တပ်ကထွက်ပြီး နိုင်ငံရေးလုပ်လို့ပဲ ပြောရမှာပေါ့။

တပ်ဘက်ကပြောတာရှိတယ်လေ။ နိုင်ငံတော်ကို ကာ ကွယ်ချင်ရင် မင်းတို့တပ်ထဲဝင်။ နိုင်ငံရေးလုပ်ချင်ရင် နိုင်ငံရေး ပါတီထောင်ဆိုတာ တပ်ကပြောခဲ့တာပဲလေ။ သူ့ဘက်ကိုလည်း နိုင်ငံရေးလုပ်ချင်ရင် တပ်က ထွက်ပြီး နိုင်ငံရေးလုပ်လို့သာ ပြော ရမှာပေါ့။ သူပြောတဲ့ သီအိုရီအတိုင်းဆိုရင်ပေါ့လေ။

ဒုတိယအချက်က အခု NLD ရဲ့အခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးစားလာတဲ့အပိုင်းကတော့ ကြည့်ရတဲ့ပုံစံက အာဏာရ နိုင်ငံ ရေးပါတီဟာ တပ်ကိုကြည့်ပြီးတော့ ဒီဆုံးဖြတ်ချက်မျိုး၊ ဒီလို အချိန်မှာ တင်မယ်လို့ ဆုံးဖြတ်တာမျိုးထက် ဖြစ်ပုံရတာကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းက ရှေ့မတိုး နောက်မဆုတ် ဖြစ် နေတာပေါ့။ ဖြစ်ပုံထင်တာကတော့ NLD သည် တစ်ချိန်တုန်းက တော့ ဒီငြိမ်းချမ်းရေးဆွေးနွေးမှုညီလာခံကနေပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် တစ်ခုခုပေါ်လာအောင် တွန်း မယ်လို့ ကြံစည်ခဲ့ပုံရှိတယ်။

ဒါပေမဲ့ အဲဒီဟာက အရှေ့ကိုတိုးဖို့အတွက် လုံးဝမျှော်လင့် ချက်ကျသွားတဲ့အခါကျတော့ ၂၀၂၀ မတိုင်ခင်၊ ၂၀၁၉ အတွင်း မှာတော့ တစ်ခုခုတော့ နိုင်ငံရေးအရတင်ရမယ် ဆိုတဲ့ အနေ အထားမျိုးနဲ့ သူတို့ဘက်က လတ်တလော၊ အရေးတကြီး ဒီဟာ ပြင်ဆင်ရေးကို တင်လိုက်တဲ့ သဘောမျိုးလို့ ထင်ပါတယ်။

ဒါပေမဲ့ အလုပ်ဘယ်လောက်အထိ ဖြစ်မယ်၊ မဖြစ်ဘူးဆို တာကတော့ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ အဲဒီအထဲမှာ မဲပေးရမယ့်သူတွေ၊ ပါဝင်ရမယ့်သူတွေအားလုံးရဲ့ နိုင်ငံရေး ဆန်္ဒ ပြင်းပြမှုအပေါ်မှာ မူတည်တယ်။ သို့သော် တကယ်တမ်း လွှတ် တော်ထဲမှာ ဒီဟာတွေ ဖြစ်မြောက်ဖို့၊ မဖြစ်မြောက်ဖို့၊ အောင် မြင်မှုရှိဖို့၊ မရှိဖို့ဆိုတာကလည်း နိုင်ငံရေးဆန်္ဒတစ်ခုတည်းနဲ့ မလုံလောက်ဘဲနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ ပြောနိုင်ဆိုနိုင်စွမ်း ရှိ တဲ့ ဥပဒေအရေးအရာအရ ကျွမ်းကျင်တဲ့၊ လုပ်ထုံးလုပ်နည်းတွေ ကို ကျွမ်းကျင်တဲ့ လူတွေလည်း ရှိဖို့လိုတယ်။

ဘာကြောင့်လဲဆိုရင် တပ်မတော်က အခုဆိုရင် ပြောနေ တာက ဥပဒေနဲ့ ညီညွတ်တာမှန်ရင် ပြင်လို့ရပါတယ်။ ဒါဟာ ဥပဒေနဲ့ မချိုးဖောက်ဘူးဆိုရင်တော့ လွှတ်တော်ရဲ့ လုပ်ထုံးလုပ် နည်းတွေကို မချိုးဖောက်ဘူးဆိုရင်တော့ ဒါကို ကျွန်တော်တို့က မပြင်ဘူးလို့ မပြောပါဘူးဆိုတာမျိုး ပြောတာတွေကတော့ ရှိပြီး သားပဲ။

ဘာကြောင့်လဲဆိုရင် တပ်မတော်အနေနဲ့ကလည်း ဖြစ်ပုံ ကိုကြည့်ရသလောက်က သူဟာ တကယ့်အတားအဆီးကြီး၊ ဒီဟာကို လုံးဝမပြင်ရဘူးဆိုတဲ့ နေရာကနေ ရပ်တည်နေတယ်ဆို တဲ့အမြင်တွေကိုတော့ တပ်မတော်က ယူချင်ပုံမပေါ်ပါဘူး။ ဒါ ပေမဲ့ သူက ဥပဒေနဲ့အညီ ပြင်ရမယ်ဆိုတာမျိုး၊ အနှစ်သာရကို မပျက်ပြားစေတဲ့ ပြင်တာမျိုးဆိုပြီး ဝေ့လည်ကြောင်ပတ်တော့ သူတို့ဘက်က ပြောတဲ့သဘောတော့ရှိတာပေါ့။ ဒီဟာအပေါ်မှာ ဘယ်လောက် NLD ထိုးဖောက်နိုင်မလဲဆိုတဲ့ အပေါ်မှာတော့ မူ တည်တယ်။ NLD ရဲ့ အခုကြိုးပမ်းချက်ဟာ လုံးဝအောင်မြင်မှု မရှိနိုင်ဘူး။ လုံးဝထိုးပေါက်မှာ မဟုတ်ဘူးလို့ ယတိပြတ်တော့ ပြောဖို့ခက်ပါတယ်။

ဘာကြောင့်လဲဆိုရင် သူ့ရဲ့လမ်းစလေးတွေကလည်းရှိနေပါတယ်။ (အခြေခံဥပဒေမှာ) ဟနေတာလေးတွေ ရှိနေပုံပဲ။ ဒီ အချက်က ကျွန်တော်ကိုယ်တိုင်သိရှိထားတာမျိုး မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက နိုင်ငံတကာဥပဒေပညာရှင် တစ် ယောက်က ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သူထောက်ပြထားတာရှိတယ်။ အဲဒါက ဘာလဲဆိုရင် ပြည်သူ့ လွှတ်တော်ဖွဲ့စည်းခြင်းဆိုတဲ့ အခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၁၀၉ ကို ဒီပညာရှင်က ရည်ဩန်းပြီး ထောက်ပြသုံးသပ်ထားတာ။

အဲဒီမှာဆိုရင် သူထောက်ပြထားတာက အခြားလွှတ်တော် တစ်ခုဖြစ်တဲ့ အမျိုးသားလွှတ်တော်မှာဆိုရင် ကိုယ်စားလှယ် အရေအတွက်က အသေအတိအကျလုပ်ထားတဲ့အတွက် ဖွဲ့စည်း မှုမှာ တပ်ရဲ့ ၂၅ ရာခိုင်နှုန်းကို အရေအတွက်နဲ့ ကွက်တိ ပြော ထားတယ်။ ဥပမာ အရပ်သားကိုယ်စားလှယ် ၁၆၈ ဦး၊ တပ်မ တော်သားကိုယ်စားလှယ် ၅၆ ဦးဆိုပြီး အတိအကျ သတ်မှတ် ထားတယ်။  ဒါပေမဲ့ ပြည်သူ့လွှတ်တော်အတွက် ပြဋ္ဌာန်းချက်မှာ တော့ နံပါတ်သက်မှတ်မှုက အရှင်ဖြစ်နေတယ်လို့ ဒီဥပဒေပညာ ရှင်က ထောက်ပြတယ်။ အရေအတွက် အရှင်ဖြစ်နေတော့ ဘယ် နှဦးထက်မပိုသောဆိုပြီး ပြဋ္ဌာန်းထားတယ်။ ဥပမာ အရပ်သား ကိုယ်စားလှယ် ၃၃၀ ဦးထက်မပိုသော၊ တပ်မတော်သားကိုယ် စားလှယ် ၁၁၀ ဦးထက် မပိုသောဆိုပြီး ပြည်သူ့လွှတ်တော် အတွက် ပြဋ္ဌာန်းထားတယ်လို့ သူက ပြောတယ်။ မပိုသော ဆိုပြီး ပြောထားတဲ့အတွက် ဒီပညာရှင် ထောက်ပြတာက ဘာလဲဆို တော့ လွန်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တချို့ မဲဆန်္ဒနယ်တွေက ရွေးကောက်ပွဲ မလုပ်ဖြစ်ဘူးပေါ့။ မလုပ်ဖြစ်တဲ့အခါ အခြေခံ ဥပဒေမှာက ၃၃၀ ထက်မပိုသောလို့သာ ပြောထားတဲ့အတွက် ဒီအရေအတွက်ထက် နည်းလို့ ရနေတာဖြစ်တဲ့အတွက် ပြည်သူ့ လွှတ်တော်ကို ဖွဲ့စည်းနိုင်ခဲ့တယ်။

ဆိုတော့ အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်က ၃၃၀ ထက်နည်းတာလည်း ရတယ်ဆိုလို့ရှိရင် တပ်မတော်ဘက်က တင်သွင်းတဲ့ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟာလည်းပဲ ၁၁၀ ထက်မပိုသောလို့ ပြောထားတဲ့အတွက်ကြောင့် ၁၁၀ ထက်နည်းတာလည်း ဖြစ်နိုင်ရမယ်လို့ ဆိုတဲ့သဘောမျိုးပဲလို့ သူက အဲဒီလို ယူဆတင်ပြခဲ့တယ်။

ဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုက်ရိုက် သွားပြင်ဖို့ မကြိုးစားသေးဘဲ လွှတ်တော်မှာရှိတဲ့ လုပ်ထုံးလုပ် နည်းနဲ့ နည်းဥပဒေကို ၅၀ ရာခိုင်နှုန်းကျော်အများစုနဲ့ NLD က တချို့ဟာတွေကို ပြင်လို့ရတယ်ဆိုရင်၊ တစ်နည်းအားဖြင့် ၁၁၀ ထက်နည်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကိုပဲ လက်ခံပါတယ်လို့ အာဏာရပါတီက ပြောလို့ရနိုင်တယ်။

အဲဒီအခါ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ဖို့ ကန့်သတ်ထားတဲ့ အရေအတွက် ၇၅ ရာခိုင်နှုန်းကျော်ဆိုတာကိုမီအောင်၊ အရပ် သားကိုယ်စားလှယ်တွေနဲ့တင် ပြည့်မီအောင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို လျှော့ချနိုင် မယ်ဆိုရင် လျှော့ချပစ်လို့ရနိုင်တယ်။ ဒါပေမဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်အရေအတွက် ၇၅ ရာခိုင်နှုန်း အထက် အပေါင်း တစ် ဖြစ်သွားဖို့အတွက်  တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၁၀ ကို ဘယ်လောက်အထိ အရေအတွက် လျှော့ချရမလဲဆိုတာကိုတော့ ပြန်တွက်ရမှာပေါ့။ ဒီပညာရှင်က ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ အပေါက်တွေရှိနေတယ်ဆိုတာကို သူက အဲဒီလိုထောက်ပြထားတာပေါ့။

ဒီဟာကတော့ တကယ့်နည်းဥပဒေနဲ့ ပတ်သက်တယ်၊ တကယ့်အသေးစိတ်နဲ့လည်း သက်ဆိုင်တာပေါ့။ ဒါကြောင့် ဖွဲ့ စည်းပုံပြင်ဆင်နိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုတာကို ယတိပြတ် ပြောဖို့ခက်တယ်။ ဒီလိုအလှည့်အပြောင်းလေးတွေနဲ့ ဥပဒေရဲ့ အသေးစိတ်ကလေးတွေကို ကိုင်တွယ်နိုင်ဖို့အတွက်က NLD မှာ တကယ်သူတို့ရဲ့နည်းပညာရှင်နဲ့ သူတို့ရဲ့  ဥပဒေကျွမ်းကျင်သူနဲ့ သူတို့ရဲ့ လွှတ်တော်အတွင်းလုပ်ငန်းတွေကို ကျွမ်းကျင်တဲ့သူတွေ ဘယ်လောက်ရှိသလဲဆိုတဲ့၊ ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်သလဲ ဆိုတဲ့ အပိုင်းမှာလည်း အရမ်းမူတည်ပါတယ်။

 

မော်ကွန်း။ ။ တပ်မတော်ဘက်ကတော့ အခုအထိ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဥပဒေနဲ့အညီလုပ်မယ်ဆိုရင် လက်ခံတယ်။ မဟုတ်ရင်တော့ ကန့်ကွက်မယ်ဆိုတဲ့သဘောမှာ ရပ်ခံနေပါ တယ်။ သူတို့လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဆိုရင် လက်ရှိ အစိုးရဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ်္ဂိုလ်ဥပဒေဆိုရင် ဥပဒေကို ကျော်လွန်လုပ်ဆောင်တာဆိုပြီး ပြောခဲ့တာတွေရှိတယ်။ ရည်ဩန်းပြတယ်ပေါ့။ အခု NLD ဘက်က တပ်မတော်က ရပ်ခံ နေတဲ့ကြားက အခြေခံဥပဒေပြင်ဆင်ရေးအတွက် အရှေ့ တိုးလာ တာက သူတို့မှာ နိုင်ငံရေးအရ တပ်မတော်ကို အလဲထိုးနိုင်မယ့် အခြားအာသာချက်တွေရှိနေနိုင်သလား။ ဘယ်လို မြင်ပါသလဲ။

စောကပီ။ ။ NLD ရဲ့ မဟာဗျူဟာမြောက်ချဉ်းကပ်ပုံ၊ ချဉ်းကပ် နည်းတွေကတော့ တပ်ကိုအလဲထိုးဖို့ဆိုတာထက် တပ်ကို နားချ ပြီးတော့ တပ်က သူ့ဘက်ပါလာအောင်ဆိုတဲ့ ချဉ်းကပ်မှုမျိုးက များခဲ့တယ်။ သူတို့အာဏာရလာတဲ့ နှစ်နှစ်ကျော် သုံးနှစ်သက် တမ်းအတွင်းမှာပေါ့လေ။ ဆိုတော့ အခုကျမှ အလဲထိုးမယ့် မဟာ ဗျူဟာကိုပြောင်းပြီး ပြန်သွားရင်တော့ သူ့မှာထိုးနိုင်တဲ့ အနေ အထားနဲ့ တစ်ဖက်က ဘယ်လောက်အားနည်းတယ်ဆိုတဲ့ အပေါ် မှာလည်း မူတည်တယ်။

အခုလောလောဆယ်တော့ တပ်ကို သူတို့လုပ်တဲ့ဟာကို လက်မခံဘဲနဲ့၊ လက်ခံချင်စိတ်မရှိဘဲနဲ့ မတတ်သာလို့ လက်ခံ လိုက်ရမယ်ဆိုတဲ့ပုံစံမျိုး၊ အနေအထားအထိ သူတို့လုပ်နိုင်ဖို့ အတွက်ကတော့ လောလောဆယ် အဲဒီလိုမျိုး အခြေအနေအရ ခက်တယ်။ NLD အနေနဲ့ နိုင်ငံရေးအရတော့ တပ်ကို အလဲထိုး နိုင်မယ့်ဟာမျိုး ကျွန်တော်မမြင်ပါဘူး။ အဲဒီလောက်ပြင်ဆင်မှုမျိုး NLD မှာ ရှိထားပုံလည်းမပေါ်ဘူး။ တချို့ အကြောင်းအရာ ကိစ်္စ တွေကိုတော့ တပ်အနေနဲ့ မငြင်းလို့လည်း မရဘူး၊ ငြင်းကို ငြင်းရမယ်။ ဒါပေမဲ့ ငြင်းလာလို့ရှိရင် ပြည်သူလူထုနဲ့ ထိပ်တိုက် ဖြစ်မယ်ဆိုတဲ့ အနေအထားမျိုးတွေပေါ့။ NLD က အရင်တုန်းက အဲဒီလိုမျိုး သွေးတိုးစမ်းခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့ရင်တော့ ဒါက သူ့ဘက်က ဘယ်လောက်အားသာတယ်၊ တပ်ဘက်က ဘယ်လောက်ပျော့တယ်၊ မာတယ်ဆိုတာမျိုးကို ကျွန်တော်တို့ သိနိုင်မယ်။

ဒါပေမဲ့ NLD က အဲဒါမျိုးတွေလည်း ရှိခဲ့တာမဟုတ်ဘူး။ သူအရင်တုန်းက လုပ်ခဲ့တာက တပ်ကိုချဉ်းကပ်ပြီးတော့ နားချတဲ့ မဟာဗျူဟာနဲ့ပဲ သွားတယ်ဆိုတော့ အခုကျမှ အလဲထိုးဖို့ မဟာ ဗျူဟာ ပြန်ပြောင်းတယ်ဆိုတာမျိုးဆိုရင်တော့ ကျွန်တော် ထင် တယ်၊ NLD ဘက်က အားမသာတဲ့အနေအထားမှာ ရှိတယ်။

 

မော်ကွန်း။  ။ ဒါကိုမေးရတာက NLD ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်မှာ ကော်မတီဖွဲ့ခဲ့တဲ့ နောက်ပိုင်းမှာဆိုရင် နိုင်ငံ အတွင်းမှာ အခြေခံဥပဒေပြင်ဆင်ရေး ဆန်္ဒပြပွဲလေးတွေက ခပ်စိပ်စိပ် ဖြစ်လာတာကြောင့်ပါ။ ဒီဟာက တပ်မတော်ကို အခု မဟာဗျူဟာပြောင်းပြီး NLD က ရင်ဆိုင်တော့မလားလို့ ထင်မိ လို့ပါ။

စောကပီ။ ။ ဟုတ်တယ်။ သူ့တို့အနေနဲ့တော့ ဒီလိုစဉ်းစားတာမျိုး လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး လူထုအင်အားပြမယ်။ တချို့ဘက် ကနေ နိုင်ငံရေးအရ အင်အားတွေပြပြီးတော့ လုပ်လာနိုင်တာမျိုး ပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီမဟာဗျူဟာမျိုးက အသစ် တော့မဟုတ်ဘူး။ ဒါက ဟိုးအရင့်အရင် အာဏာမရခင်တုန်းက လည်း ပြည်သူ လက်မှတ်ကောက်တာတို့၊ ဘာတို့လည်းရှိခဲ့တာပဲ။ ဆိုတော့ မှန်တယ်၊ အားပြတာကတော့။ ဒါပေမဲ့ တပ်က မှုပါ့ မလားပေါ့။ အဲဒီလိုမျိုး စဉ်းစာတဲ့အခါမှာ ကျွန်တော်ထင်တယ်၊ အလဲထိုးနိုင်လောက်တဲ့ လုံလောက်သောအား မဖြစ်သေးဘူး။ ဖြစ်နိုင်ဖို့ ခက်သေးတယ်လို့တော့ မြင်တယ်လေ။

 

မော်ကွန်း။ ။ ဝေဖန်သူတချို့ကတော့ အရှေ့သုံးနှစ်စလုံးမှာ ငြိမ် နေခဲ့ပြီး NLD အနေနဲ့ အခုမှ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်တာဟာ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ သူတို့ရဲ့ နိုင်ငံရေးရွှေ့ကွက်ဆိုပြီးတော့ ဝေဖန်ကြတာရှိတယ်။ ဒီလိုသုံးသပ်မှုတွေအပေါ် ဘယ်လိုမြင်ပါ သလဲ။

စောကပီ။ ။ ဟုတ်ပါတယ်။ ဘာလို့လဲဆိုရင် ၂၀၁၅ ရွေးကောက် ပွဲတုန်းကဆိုရင်လည်း ပြင်ဆင်ဖို့ဆိုတဲ့ လမ်းကြောင်းနဲ့ ပါတီက ရွေးကောက်ပွဲမှာ တက်လှမ်းလာတာပဲ။ ရှင်းရှင်းပြောရရင် နောက်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ အချိန် မတိုင် ခင်မှာ ပြင်ဆင်ဖို့အတွက် ဘာတစ်ခုမှ မလုပ်လိုက်ရပါဘူးဆိုပြီး တော့၊ ဒါမှမဟုတ် မလုပ်လိုက်ရဘဲ မရှိရလေအောင်ပေါ့။ သူတို့ ကြိုးစားတယ်၊ ဒါပေမဲ့ မရခဲ့ဘူးဆိုတာမျိုးနဲ့ အရင်ရွေးကောက် ပွဲမှာ ပေးခဲ့တဲ့ ကတိကဝတ်ကို အနည်းဆုံးတော့ သူတို့ကြိုးစား ပြီး လုပ်ခဲ့ပါတယ်ဆိုတာမျိုး ပြောလို့ရတဲ့အနေအထားလောက်ပဲ လို့ထင်တယ်။ အဲဒီလို အနေအထားမျိုးလောက်လုပ်တာလို့ပဲ ကျွန်တော်ထင်တယ်။

ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာ တစ်ခုအနေနဲ့ အဲဒီလောက်အသေးစိတ် ပိုင်ပိုင်နိုင်နိုင် စဉ်းစား ထားပုံတော့ မပေါ်ပါဘူး။ လွန်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ ကတိကဝတ်ပြုမှုကို နောက်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလရောက်သည့်တိုင် ဘာမှမလုပ်ခဲ့ရသေးဘူးဆိုရင်တော့ သူ့ အတွက် (နိုင်ငံရေးအရ) ပြောစရာအကြောင်းကို မရှိတော့ဘူး လေ။ ဒါပေမဲ့ ဒီလို ပြင်ဆင်ရေးကြိုးပမ်းတဲ့အတွက် သူတို့ အနည်း ဆုံးလုပ်ခဲ့ပါတယ် ဆိုတဲ့ဟာမျိုး ပြောလို့ရမယ်။ နောက်တစ်ခု ကတော့ တစ်ဖက်ကသွားနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့အချိန်မှာ သူတို့ တစ် ခုခုလုပ်လိုက်တယ်လို့ပဲ ယူဆပါတယ်။ ဒါဟာ အရင်ရွေး ကောက်ပွဲမှာ ပေးခဲ့တဲ့ မဲဆွယ်ကတိကို တုံ့ပြန်တဲ့သဘောပါပဲ။ လက်ရှိအစိုးရအနေနဲ့ ၂၀၂၀ အတွက် မဟာဗျူဟာမြောက် ပြင်ဆင်မှုတစ်ခုအနေနဲ့ ဒီအခြေခံဥပဒေပြင်ဆင်ရေးလုပ်တာ လို့တော့ ကျွန်တော် မမြင်ဘူး။

 

မော်ကွန်း။ ။ အခု NLD ဘက်က အခြေခံဥပဒေပြင်ဆင်ရေးကြိုး ပမ်းလာမှုနဲ့ တပ်မတော်ဘက်က ရပ်ခံတုံ့ပြန်လာမှုတွေက တိုင်း ပြည်တည်ငြိမ်မှုအပေါ်မှာရော သက်ရောက်မှုတွေ ရှိလာနိုင် သလား။ ဒီကြိုးပမ်းမှုတွေမှာ ဘယ်လို ထိန်းထိန်းသိမ်းသိမ်း လုပ် သင့်ကြသလဲ။

စောကပီ။ ။ ကျွန်တော်ကတော့ ဒီလိုမြင်ပါတယ်။ ဥပမာ- မနေ့ က(ဖေဖော်ဝါရီ-၂၇)ဆိုရင်လည်း ရန်ကုန်မှာ ဆန်္ဒပြပွဲတွေ ရှိလာ ပါတယ်။ ဒီမိုကရေစီနိုင်ငံမှာကတော့ ပြည်သူကနေတစ်ဆင့် ကိုယ့်အင်အားကိုပြပြီးတော့ နိုင်ငံရေးအင်အားကို ယူတဲ့ နည်း နာကတော့ ဒီမိုကရေစီတိုင်းပြည်မှာ ဒီလိုအရာတွေနဲ့ ယဉ်ပါးလာ အောင် ကျွန်တော်တို့လုပ်ရမယ်။ အ်္တရာယ် မရှိဘူးလားဆိုတော့ ရှိတယ်။ ဒါကတော့ အင်အားပြတဲ့ သဘောတရားကို ဘယ် လောက်အထိ တုံ့ပြန်မလဲ၊ ခုခံမလဲဆိုတဲ့ အပေါ်မှာလည်း မူတည် တယ်။ အဲဒီလို အင်အားပြလာတဲ့အတွက်ကြောင့်မို့ တိုင်းပြည် အတွက် အ်္တရာယ်တစ်ခုခု ရှိလာတယ်။ လုံးဝတိုင်းပြည်ရဲ့ လား ရာတွေ ပြောင်းသွားတာမျိုးတို့၊ ရှေ့မတိုးနိုင်တော့ဘဲ နောက်ပြန် ဆုတ်ရတဲ့အခြေအနေမျိုးအထိ ဖြစ်သွားမယ်လို့တော့ ကျွန်တော် မယုံကြည်ဘူး။

ဒါပေမဲ့ ပြည်သူရဲ့အင်အားနဲ့ ပြည်သူ့ထောက်ခံမှုကို ရယူ ပြီးတော့ ပြတဲ့နိုင်ငံရေးအင်အားမျိုးကတော့ ဒီထက်ပိုပြီးတော့ တောင် ထွန်းကားသင့်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။ ဘာလို့လဲဆိုရင် ဒီလို ပြည်သူအင်အားပြပြီးတော့ ပြည်သူတွေရဲ့ စိတ်ဆန်္ဒနဲ့ နိုင်ငံရေးရေချိန်မြင့်လာအောင်လုပ်တာမျိုးကတော့ ဒီမိုကရေစီနိုင်ငံမှာ သူ့ရဲ့ ရှိသင့်ရှိထိုက်တဲ့ အစိတ်အပိုင်းတစ်ခုပါ။

မော်ကွန်း။ ။ အခု အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး NLD နဲ့ တပ်မတော် ထိပ်တိုက်တွေ့လာတွေအပေါ် ခြုံငုံပြီးတော့ သုံးသပ်ပေးပါဦး။

စောကပီ။ ။ ရှင်းရှင်းပြောရရင်တော့ အခုလက်ရှိ အစိုးရဖွဲ့ထားတဲ့ NLD ပါတီအနေနဲ့ ၂၀၁၅ ခုနှစ်မှာ ရလာတဲ့ မဲသည် စေတနာ ရှိလို့၊ ယုံကြည်လို့ရလာတဲ့ မဲတွေက တစ်ခု။ ဒါပေမဲ့ တစ်ဖက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တပ်ရဲ့ အုပ်ချုပ်မှု အောက်မှာ ပြည်သူလူထုတွေဟာ နှစ်ပရိေ်္ဆဒ ကြာမြင့်စွာ ရှိနေ တာကို မကြိုက်လို့ ပေးလာတဲ့ မဲကလည်း တစ်ခုပေါ့။ ဒါပေမဲ့ အခု လာမယ့် နိုင်ငံရေးအခင်းအကျင်းမှာတော့ ကွက်ကွက်ကွင်းကွင်း ပေါ်လာနိုင်စရာ အကြောင်း ရှိတယ်။

ဆိုလိုချင်တာက လုံး၀ ဦးနှောက်ချင်းယှဉ်လာပြီးတော့ မဟာဗျူဟာချင်းယှဉ်လာပြီးတော့ ကြိုက်တဲ့လူဆိုရင် မဲပေးမယ်။ ဒီလူအားကိုးလို့ရတယ်ဆိုရင်၊ ဒီပါတီ အားကိုးလို့ရတယ်ဆိုရင် အားကိုးလို့ရတဲ့ ပါတီကိုပဲ ပေးမယ်။ တိုင်းရင်းသားပါတီတွေ ဆို ရင်လည်း တိုင်းရင်းသားပါတီတချို့မှာ ပိုပြီးတော့မဲရလာနိုင်တာ တွေ ရှိလာမယ်။ ဒီလိုနိုင်ငံရေးအယူအဆတွေကို ပိုပြီးတော့ တွန်း အားပေးဖို့ သို့မဟုတ် တွန်းအားပေးနိုင်တဲ့ အခုပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တပ်ဘက်က အခြေခံဥပဒေမှာပြင်ဖို့ တင်သွင်းလာတဲ့ ပုဒ်မ-၂၆၁ ကိစ်္စလို နိုင်ငံရေးငါးစာချကျွေးတာမျိုးတွေလည်း တိုင်းရင်းသားဒေသတွေမှာ၊ ပြည်နယ်တွေမှာ၊ တိုင်းဒေသကြီးတွေမှာ ဖြစ်လာနိုင်တယ်။

ဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ အာဏာရပါတီအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားတယ် ဆိုလို့ရှိရင် သူတို့တစ်ခု ထည့်တွက်ရမှာက တခြားကိုယ့်ရဲ့ အတိုက်အခံပါတီတွေက ဘာတွေ တန်ပြန်တင်ပြလာမလဲ ဆို တာကို ကြိုတွက်ချက်ထားတဲ့ မဟာဗျူဟာမြောက်စဉ်းစားချက် ကလေးတွေတော့ ရှိထားမှ သူတို့ရှေ့ကို ဆက်သွားနိုင်မယ်။ မဟုတ်ဘဲနဲ့ တစ်လမ်းကြောင်းတည်းပဲ သွားနေရင်တော့ ကြာ လာလို့ရှိရင် ပြည်သူတွေရဲ့ လိုလားချက်ကို ထင်ဟပ်ပေါ်လွင်စေတဲ့ တင်ပြချက်မျိုး မဟုတ်ဘူးဆိုရင် NLD အတွက် နိုင်ငံရေးမှာ ပို တောင်ဆိုးသွားစေနိုင်တယ်။ ပြုပြင်ရေးလမ်းကြောင်းပေါ်ကနေ ပိုတောင် ဝေးသွားနိုင်တယ်။

 

မော်ကွန်း။ ။ အခြေခံဥပဒေပုဒ်မ ၄၃၆ မှာကန့်သတ်ထားတဲ့ အဓိကပုဒ်မတွေထဲ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ် တာဝန်ပေးမှုနဲ့ သက်ဆိုင်တဲ့ ဒီပုဒ်မ ၂၆၁ လည်းပါပါတယ်။ တပ်မတော်ထောက်ခံမှု မရဘဲနဲ့ တို့ထိလို့မရတဲ့ပုဒ်မတစ်ခုပေါ့။ အခု ဒီပုဒ်မကို ပြင်ဆင်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(့ှီဏ) အမတ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ် တွေပေါင်းပြီး ပြင်ဖို့ ဥပဒေကြမ်းအဖြစ် တင်သွင်းလိုက်ပြီပေါ့။ ဝေဖန်သူတွေပြောတာကတော့ အခြေခံဥပဒေပြင်ဆင်ရေးမှာ ပြင်နိုင်ဖို့ အလားအလာအကောင်းဆုံးပုဒ်မက ဒီပုဒ်မလို့လည်း ဆိုကြပါတယ်။ ဒါဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းမှာ နိုင်ငံရေးအရ အမှတ်ရသွားမှာက NLD မဟုတ်ဘဲ့ှီဏ ဖြစ်သွားနိုင်တာပေါ့။ ဒါဆိုရင်လွှတ်တော်မှာ အများစုကိုယ် စားလှယ်ဖြစ်တဲ့ NLDဘက်က ဒီပုဒ်မကို ကန့်ကွက်လာခဲ့ရင်ရော ဘယ်လိုလုပ်မလဲ။ ဒီအပေါ်ဘယ်လိုမြင်သလဲ။

စောကပီ။ ။ ဒီပုဒ်မပြင်ဆင်ရေးနဲ့ပတ်သက်လို ပြောရရင်တော့ NLD ဟာ ဆုပ်ရင်လည်း စူး၊ စားရင်လည်း ရူး အခြေအနေလို့ မြင်တယ်။ ဒါပေမဲ့ ဒီပုဒ်မ ပြင်ဆင်ရေးအတွက် NLD ဘက်က ကန့်ကွက်လာရင်တော့ ကျွန်တော်ထင်တယ်၊ ရူးလည်း ရူးမယ်၊ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်သလိုလည်း ဖြစ်သွားစေမယ်။ ဘာလို့လဲဆိုရင် ထောက်ခံလိုက်လို့ ရှိရင်လည်း ပြိုင်ဘက်ပါတီက တင်ပြလာတဲ့ဟာ ဖြစ်နေတော့ နိုင်ငံရေးအရ သူ အမှတ်မရ ဖြစ်မယ်။ တစ်ခါ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အတိုက်အခံ ပါတီက တောင်မှ လုပ်တယ်၊ အောင်လည်းအောင်မြင်လာနိုင်တဲ့အခြေ အနေ ရှိရဲ့သားနဲ့ သူကသာကန့်ကွက်လိုက်ရင် အခုတပ်က ယူ ထားတဲ့အနေအထားကို သူကပြန်ယူရသလိုတောင် ဖြစ်သွားနိုင် တယ်။

ကန့်ကွက်မိရင်တော့ သူဟာ တပ်ရဲ့အနေအထားမျိုး ရောက်သွားနိုင်တဲ့အတွက် ဒီပုဒ်မပြင်ဆင်ရေးကတော့ NLD အတွက် ဆုပ်ရင်လည်း စူး၊ စားရင်လည်း ရူး အခြေအနေပဲ။ ဆို တော့ သေချာတာတစ်ခုကတော့ အဲဒီဟာကို ကြိုတင်ရှောင်ရှား တာမျိုးပဲ NLD အနေနဲ့ လုပ်ရလိမ့်မယ်။ ဒါပေမဲ့ အခုအခြေ အနေအထိ ရောက်လာခဲ့ပြီးဆိုတော့ သူအတွက် ရှောင်လို့ မရ နိုင်တော့သလိုတော့ ဖြစ်သွားရတယ်။ နိုင်ငံသားတစ်ယောက် အနေနဲ့ အကြံပြုရရင်တော့ ပါတီအကျိုးနဲ့ တစ်နိုင်ငံလုံးအကျိုး နှစ်ခုယှဉ်လာရင်တော့ တစ်နိုင်ငံလုံးကောင်းဖို့အတွက် NLD ပါတီသည် အဲဒီပုဒ်မပြင်ဆင်မှု လုပ်တဲ့အခါမှာတော့ တစ်နိုင်ငံ လုံးအကျိုးအတွက် ပိုပြီးဦးစားပေးသင့်တယ်လို့ ယူဆပါတယ်။ ဒီပုဒ်မပြင်ဆင်ရေးအတွက် ထောက်ခံပေးသင့်တယ်။ (ပုဒ်မ ၂၆၁ သည် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို သမ်္မတက တိုက်ရိုက် ခန့်ရမည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ထိုအစား တိုင်းနှင့်ပြည် နယ်လွှတ်တော်များကသာ တိုက်ရိုက်ခန့်အပ်ရမည်ဟု တိုင်းရင်း သားပါတီများက ပြုပြင်ပြောင်းလဲလိုနေကြသည်။)

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."