ကလေးမြို့ – ၂၀၂၂ အောက်တိုဘာ ၂၆ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်က ဖားကန့်-အနန့်ပါကို အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို ကလေးတက္ကသိုလ်ကျောင်းသားလူငယ်တွေနဲ့အတူ ပင်မသပိတ်ဟာ ဒီကနေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူ၊ တော်လှန်ရေးရဲဘော်တွေအတွက် ပင်မသပိတ်က ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နှင်းဆီပန်းတွေချကာ ဖယောင်းတိုင်ထွန်းပြီး ငြိမ်သက်အလေးပြုခဲ့ကြပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ၆၂၇ ရက်ရှိပါပြီ။
ဓာတ်ပုံ – CJ
#Dailynews

