ရန်ကုန် – ၂၀၂၃၊ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း)
စစ်ကောင်စီက အခုလဆန်းပိုင်းကစပြီး ဖားကန့်မြို့မှာ စက်သုံးဆီသယ်ယူခွင့်ပိတ်ထားတာကြောင့် စက်သုံးဆီစျေးနှုန်းနှစ်ဆနီးပါးတက်လာသလို ဆီဆိုင်တွေလည်းပိတ်ထားရတယ်လို့ဒေသခံတွေကပြောပါတယ်။
“အခု ၈ မိုင်မှာသောင်တင်နေတာ ၁၆ ရက်လောက်ရှိပြီ။ တစ်ချို့ကတော့ပါမစ်နဲ့ဝင်နေတာရှိတယ်။ ကျွန်တော်တို့တော့အခုထိဝင်မရသေးဘူး” လို့ ဆီဘောက်စာကားမောင်းသူတစ်ဦးကပြောပါတယ်။
ဖားကန့်မြို့ကိုမန္တလေးမြို့မှအဓိကဆီတင်ပို့နေသလို အခုဆိုအဝင်ဂိတ်တော်တော်များများမှာဆီဘောက်စာကားတွေကိုဝင်ခွင့်မပေးသေးဘူးလို့ကုန်ကားသမားတွေကပြောပါတယ်။
ဖားကန့်မြို့မှ ဒေသခံတစ်ဦးကတော့ “ဆီပြတ်နေတာ နှစ်ရက်၊သုံးရက်လောက်ရှိပြီ။ တစ်ချို့ဆိုင်တွေတော့ရောင်းနေတာရှိတယ်။ များသောအားဖြင့်တော့ အကုန်ပိတ်ထားရတယ်။” လို့ပြောပါတယ်။
အခုလိုမဖြစ်ခင်ကဆ်ို ဓာတ်ဆီတစ်ဂါလံကို ၁၂,၀၀၀ လောက်ရှိပေမယ့် အခု ဓာတ်ဆီတစ်ဂါလံကို ၂၀,၀၀၀ နီးပါးရှိတယ်လို့ဒေသခံတွေကပြောပါတယ်။
ဓာတ်ဆီစျေးနဲ့အတူ အခြေခံကုန်ဈေးနှုန်းတွေကလည်း အခုဆို နှစ်ဆနီးပါးတက်လာနေတယ်လို့ဆိုပါတယ်။ ချင်းဆန်အဟောင်းက်ို အရင်က တစ်အိတ် ကျပ်ငါးသောင်းကျော်ရှိပြီး အခုဆ်ို ကိုးသောင်းကျော်ရှိတယ်လို့ဆိုပါတယ်။
လတ်တလောဖားကန့်မြို့ပေါ်မှာတိုက်ပွဲအခြေအနေတွေတည်ငြိမ်နေပေမယ့် ပြီးခဲ့တဲ့နှစ် အောက်တ်ိုဘာလတုန်းကတော့ စစ်ကောင်စီက ဖားကန့်မြို့နယ် အနန့်ပါဒေသမှာ KIA နှစ်ပတ်လည်ပွဲကျင်းပနေစဉ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လူအသေအပျောက်တွေရှိခဲ့ပါတယ်။
#Dailynews