ဖားကန့် – ၂၀၂၂ ဩဂုတ် ၂၀ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ တစ်နှစ်ပြည့်မြောက်လာပြီး မြို့ခံလူထုသပိတ်ဟာ ဒီကနေ့မှာ လမ်းပေါ်တက်ဆန္ဒထုတ်ဖော်ကြပါတယ်။
ဆန္ဒပြ ပြည်သူတွေက “Stop internet shutdown Hpakant” “ No internet,365 days” “Internet access is Human Right” “internet ဖြတ်တဲ့ မင်းအောင်လိုင်အဖွဲ့ အသေဆိုးနဲ့သေပါစေ” “ internet တာဖြတ်လို့ရမယ် စစ်အာဏာရှင်တော်လှန်ရေးစိတ်ဓာတ်ကိုတော့ ဖြတ်တောက်လို့မရစေရ” “ internet ဖြတ်တာ ချက်ချင်းရပ် “ “ဖားကန့်မြို့နယ် internet ဖြတ်ခံရတာ တနှစ်ပြည့်ပြီ” “KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ “ “NUG အစိုးရဒို့အစိုးရ “ “နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံးပါဝင်စို့”စတဲ့ကြွေးကြော်သံတွေနဲ့ သပိတ်မှောက်ခဲ့ကြပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

