ဖားကန့် – ၂၀၂၂ ဇူလိုင် ၂၄ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့ပင်မသပိတ်ဟာ ဒီကနေ့မှာ KIA၊ PDF၊ NUG ထောက်ခံပွဲနဲ့ အကြမ်းဖက်စစ်ကောင်စီအမြစ်ပြတ်ချေမှုန်းရေးသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ ပြည်သူတွေဟာ ” KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက်စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့မင်းအောင်လှိုင်အဖွဲ့ အသေဆိုးနဲ့သေပါစေ၊ စစ်ခွေးတွေ ကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့ ၊ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများချက်ချင်းလွတ်၊ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည်” စတဲ့ သပိတ်ကြွေးကျော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

