ရန်ကုန်- ၂၀၂၃ ဖေဖော်ဝါရီ ၁၆(မော်ကွန်း)
ပြီးခဲ့တဲ့နှစ်ရက်အတွင်း ပြည်နယ်နဲ့တိုင်းဒေသကြီး လေးခုမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၃၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ကထုတ်ပြန်ပါတယ်။
အခုလ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ မွန်ပြည်နယ်၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊တနင်္သာရီတိုင်း တို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း အခုလို စစ်ကောင်စီတပ်သားတွေ သေဆုံး၊ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုက်ပွဲ ဖြစ်ပွားမှုအခြေနေကတော့ မွန်ပြည်နယ်မှာတစ်ခု၊စစ်ကိုင်းတိုင်းမှာခြောက်ခု၊ မကွေးတိုင်းမှာငါးခုနဲ့ တနင်္သာရီတိုင်းမှာ တစ်ခုဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် အထက်ပါနှစ်ရက်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်တာခံရပြီး အကြမ်းဖက်ခံရမှုကြောင့် မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ပြည်သူလေးဦးအသက်ဆုံးရှုံးခဲ့ရပြီး သေနတ်နဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ကချင်ပြည်နယ်မှာ ပြည်သူနှစ်ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ နေ့စဉ်စစ်ရေးသတင်းအကျဉ်းချုပ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
#Dailynews

