ပြည် – ၂၀၂၁ အောက်တိုဘာ ၁၉ (မော်ကွန်း)
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ဆံတော်ရပ်ကွက်က မြို့နယ်လျှပ်စစ်ရုံးမှာ ဒီကနေ့ည ၈နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီက သိရပါတယ်။
“ည ၈နာရီလောက် မှာ ဗုံးဖောက်ခွဲခံရတယ်။ လူမရှိတဲ့ အချိန်မှာပေါက်တယ်” လို့ ဒေသခံက ဆိုပါတယ်။
မြို့နယ်လျှပ်စစ်မီတာရုံး ဗုံးဖောက်ခွဲခံရပြီးတဲ့နောက်မှာတော့ ရုံးဝင်းတံခါးကိုပိတ်ထားတယ်လို့သူကပြောပါတယ်။
ပြည်မြို့မှာ အောက်တိုဘာ ၁၃ရက်နေ့က စစ်ခေါင်းဆောင်ပိုင် Mytel တာဝါတိုင် နှစ် တိုင် ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပါသေးတယ်။
#Dailynews