စည်သူ
ရန်ကုန် -၂၀၂၀ ဩဂုတ် ၈(မော်ကွန်း)
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းဟာ ခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်မယှဉ်ပြိုင်တော့ဘူးလို့ ဒီကနေ့ အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဖြူးမြို့နယ်ဟာ ဇာတိမြေဖြစ်တယ်။ ၂၀၁၅တုန်းကလည်း မိမိရှုံးနိမ့်ခဲ့ပါတယ်။ ပြိုင်မည်ဆိုရင်တောင် နံပတ် ၁ဦးစားပေးကာ ကိုယ်ရှုံးခဲ့တဲ့ မဲဆန္ဒနယ်မှာ ဝင်ပြိုင်ချင်ပါတယ်။ ဒါပေမဲ့ ဒီမဲဆန္ဒနယ်မှာ ဒီကနေ့ UBPကိုယ်စားလှယ် လျာထားတဲ့သူတွေဟာ အောင်နိုင်ခြေများတဲ့ အတွက် ဝင်မပြိုင်တာဖြစ်တယ်”လို့ သူရဦးရွှေမန်းက ပြောပါတယ်။
UBP ပါတီဟာ တစ်နိုင်ငံလုံးက မဲဆန္ဒနယ်တွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားလှယ်လောင်း ၉၂၇ ဦးနဲ့ တိုင်းနဲ့ပြည်နယ် အားလုံးရဲ့ ၂၆၁ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သူရဦးရွှေမန်းကပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲဟာ UBP ပါတီ အတွက် ပထမဆုံးယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။
ဓါတ်ပုံ – UPB Facebook Page
#Dailynews