အောင်ထူးနိုင်
ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၆ (မော်ကွန်း)
ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံး၌ ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ယင်းပေါက်ကွဲမှုအပေါ် မော်ကွန်းက စုံစမ်းမေးမြန်းရာ တိုင်းရွေးကောက်ပွဲကော်မရှင်ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူးကို ဆက်သွယ်၍ မရသေးသော်လည်း ပဲခူးခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးမင်းသက်နောင်က ပေါက်ကွဲမှုဖြစ်ပွားခြင်းမှာ မှန်ကန်ကြောင်း အတည်ပြုသည်။
“တိုင်းရွေးကောက်ပွဲကော်မရှင်ရုံးပါ၊ ဗုံးပေါက်တယ်လို့တော့ သတ်မှတ်လို့ မရသေးပါဘူး။ အသံကျယ်ကျယ်နဲ့တော့ ပေါက်ကွဲမှုဖြစ်သွားပါတယ်”ဟု ၎င်းက ပြောသည်။
ထိုပေါက်ကွဲမှုကို ရဲကစစ်ဆေးနေဆဲဖြစ်ပြီး သတင်းထုတ်ပြန်ပေးပါလိမ့်မည်ဟု ၎င်းကပြောသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လူအထိအခိုက် မရှိကြောင်း ဦးမင်းသက်နောင်က ပြောသည်။
#Dailynews

