ပုလဲ – ၂၀၂၃ ဇန်နဝါရီ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာ အာဏာသိမ်းစစ်တပ်စစ်သားတွေနဲ့ ပျူစောထီးတွေဒီနေ့ မနက် ၆:၀၀ နာရီဝန်းကျင်ကတိုက်ခိုက်ခံရပြီး ပျူစောထီးလေးဦးသေဆုံးခဲ့တယ်လို့ ဂဠုန်နက်တပ်ဖွဲ့၊ တာဝန်ရှိသူကိုဂဋ္ဌုန်ကမော်ကွန်းကို ပြောပါတယ်။
ဇီးဖြူကုန်းကျေးရွာထဲက ပျူစောထီးနေအိမ် သုံးလုံးကိုဒေသကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်မီးရှို့ခဲ့ပြီးနောက်အာဏာသိမ်းစစ်တပ် စစ်သားတွေနဲ့တစ်နာရီနီးပါးတ်ိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကိုဂဋ္ဌုန်ကပြောပါတယ်။
” ကျွန်တော်တို့နဲ့ထိပ်တိုက်တွေ့ပြီးပွဲဖြစ်တာ၊ပျူစောထီးလေးကောင်ရတယ်၊ အရှင်ဖမ်းမလို့ပဲ၊ ဖမ်းမရလို့ပစ်ခဲ့လိုက်ရတာ”လို့ကိုဂဋ္ဌုန်ကပြောပါတယ်။
ဇီးဖြူကုန်းရွာမှာ အာဏာသိမ်းစစ်တပ်နဲ့ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သူကဆိုပါတယ်။
ဇီးဖြူကုန်းမှာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေ အခုလအတွင်း မကြာခဏတိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ စစ်ရှောင်နေကြရတာ ၁၆ ရက်ကျော်ရှိလာနေပါပြီ။
စစ်ရှောင်ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း၊ အမိုးအကာတွေ အကူအညီလိုအပ်နေပါတယ်။
#Dailynews

