မန္တလေး – ၂၀၂၁ ဇွန် ၂ (မော်ကွန်း)
မန္တလေးမြို့မှာ ပစ်ခတ်ဖမ်းဆီးမှုတွေနဲ့ ပိုက်စိပ်တိုက်စစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။
ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ သမဝါယမတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ မန္တလာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ သပိတ်စစ်ကြောင်း၊ ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်းများ ပါဝင်တဲ့ မန္တလေးမဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ အာဏာရှင်စနစ်ကို အလိုမရှိကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုထောက်ခံကြောင်း မြို့တွင်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဇွန်လ ၁ ရက်နေ့ မနေ့က မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေနေရာယူထားတဲ့နေရာတွေမှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် မြို့တွင်းမြို့ပြင် စစ်ဆေးမှုတွေ ပိုမိုပြုလုပ်နေပါတယ်။
မြို့တွင်းလမ်းသွယ်တွေထဲမှာလည်း ကင်းပုန်းတွေချထားပြီး အရပ်ဝတ်ကော ယူနီဖောင်းနဲ့ပါ လက်နက်တွေကိုင်ပြီး လှည့်လည်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဓာတ်ပုံများ – RDM
#Dailynews

