ရန်ကုန် – ၂၀၂၂ ၊ ဇန်နဝါရီ ၂၄ (မော်ကွန်း)
ပခုက္ကူမြို့၊ ထင်းတန်းလမ်းပေါ်မှာရှိတဲ့ KBZ ဘဏ်ကို ဒီနေ့ မွန်းလွှဲ ၁း၀၀ နာရီခန့်က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးသမားတွေရဲ့ KPay အကောင့်တွေ ကို ပြန်မဖွင့်ပေးဘူးဆိုရင် ဒီနေ့ ဗုံးခွဲတိုက်ခိုက်မှုထက် ပြင်းထန်တဲ့တိုက်ခိုက်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ပခုက္ကူအခြေစိုက် Earthquake People’s Defense Force က ထုန်ပြန်ပါတယ်။
“ဒီနေ့ကျွန်တော်တို့လုပ်တဲ့အကြိမ်က ပထမဦးဆုံးအကြိမ်ပေါ့။ နောက်နောင်တွေတော့ သူတို့ရဲ့ဝန်ထမ်းတွေ သူတို့ရဲ့လက်ပါးစေတွေ ထိလာမယ်ဆိုတာ မပြောနိုင်ဘူးလေနော့်။ သူတို့ဘက်ကနေ ဒီလိုမျိူး ပိတ်ပင်နေမယ်၊ ပြုမူနေမယ်ဆိုရင်တော့ ကျွန်တော်တို့ ထက်ပြီးတော့ ပြင်းပြင်းထန်ထန်သတိပေးရမှာပဲ” လို့ Earthquake People’s Defense Force တာဝန်ခံက ပြောပါတယ်။
KBZ ဘဏ်ဟာ ဗဟိုဘဏ်ညွှန်ကြားချက်အရဆိုပြီး အကောင့်ထဲ ငွေသွင်းငွေထုတ် အကြိမ်ရေများနေတဲ့ သုံးစွဲသူတွေရဲ့ KPay အကောင့်တွေကို ပိတ်ဆို့တာတွေ လုပ်နေတာပါ။
ဒီရက်ပိုင်း စစ်ကောင်စီရဲ့အဖမ်းဆီးခံရသူ အများစုဟာလည်း KPay အကောင့်တွေကတစ်ဆင့်ခြေရာခံပြီး ဖမ်းဆီးခဲ့တာလို့ စစ်ဆေးတွေ့ရှိထားပါတယ်။
#Dailynews

