ပခုက္ကူ – ၂၀၂၂ ဒီဇင်ဘာ ၂၁ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က နဂါးညီနောင်ပြောက်ကျားတပ်ဖွဲ့စခန်းကို ဒီကနေ့မနက် ၅:၀၀ ဝန်းကျင်က အာဏာသိမ်းစစ်တပ်၊ စစ်သားတွေစစ်ကြောင်းထိုးဝင်ရောက်မီးရှို့ခဲ့တယ်လို့ နဂါးညီနောင်တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
“စစ်ကြောင်းက ရှင်မတောင်ဘက်ကနေတက်လာတာ၊ ၅:၀၀ နာရီလောက်က အသံကြားလို့ ဆုတ်ပြေးပြေးရင်းနဲ့ ရဲဘော်နှစ်ယောက် အဆက်သွယ်ပြတ်နေသေးတယ်၊ စခန်းတော့မီးရှို့ခံလိုက်ရပြီ၊ ခုထိမီးခိုးတွေအူနေတုန်းပဲ”လို့ တာဝန်ရှိသူက ပြောပါတယ်။
နဂါးညီနောင်ပြောက်ကျားတပ်ဖွဲ့စခန်းဟာ နိုဝင်ဘာတုန်းကလည်း သတင်းပေးခံရမှုကြောင့် ပထမအကြိမ် ဝင်ရောက်စီးနင်းခံထားရပြီး ယခုနောက်တစ်ကြိမ်ဝင်ရောက်စီးနင်းမီးရှို့ခံရတာဖြစ်တယ်လို့ သူကပြောပါတယ်။
စခန်းမီးရှို့ခံရမှုကြောင့်အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်ပြေးလာရပြီး စောင်၊အနွေးထည်နဲ့ စခန်းပါမီးရှို့ခံလိုက်ရတာကြောင့်စခန်းပြန်လည်ထူထောင်ဖို့အခက်ခဲတွေရှိနေတယ်လို့ ပြောပါတယ်။
ရုပ်သံဖိုင် – နဂါးညီနောင်စခန်း ယနေ့မီးရှို့ခံနေရစဉ်။
#Dailynews

