သဇင်လတ်၊ စည်သူ
ရန်ကုန် – ဩဂုတ် ၁၂ မော်ကွန်း
ဒီနေ့ကျင်းပတဲ့ နှစ်၇၀ ပြည့်ကရင်အာဇာနည်နေ့အခမ်းအနားကိုဦးဆောင်ကျင်းပတဲ့ စောဆာကွာလာနဲ့ စသိန်းဇော်မင်းတို့ကိုငြိမ်းစုစီဥပဒေနဲ့ဖမ်းဆီးတာဖြစ်တယ်လို့ သူတို့ကိုဖမ်းခေါ်လာတဲ့ရဲတစ်ဦးကဆိုပါတယ်။
သူတို့နှစ်ဦးကိုဘယ်ပုဒ်မနဲ့စွဲတယ်ဆိုတာကိုတော့ကျောက်တံတားရဲစခန်းကတိတိကျကျပြောဆိုခြင်းမရှိသေးပါဘူး။
ဒီနေ့ကျင်းပတဲ့အခမ်းအနားကိုဦးဆောင်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ကိုစောကျော်လင်းကတော့ သူတို့အာဇာနည်နေ့အခမ်းအနားကျင်းပနေစဉ်မှာ ရဲတွေရောက်လာပြီး စခန်းကိုခဏလောက်လိုက်ခဲ့ရန်သာခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး ရဲစခန်းရှေ့ရောက်မှ ငြိမ်းစုစီနဲ့တရားစွဲဆိုတာကိုသိရတယ်လို့ဆိုပါတယ်။
ဒီနှစ်မှာကရင်အာဇာနည်နေ့ကျင်းပနိုင်ဖို့ဦးဆောင်သူတွေကရဲစခန်းနဲ့ညှိနှိုင်းခဲ့စဉ်က ကိုဗစ်၁၉ ကာကွယ်ရေးအတွက် လူ၁၅ ဦးထက်ပိုမစုဖို့အကြောင်းတွေသာပြောဆိုခဲ့ပြီး ငြိမ်းစုစီနဲ့ပက်သက်လို့ ပြောဆိုခဲ့ခြင်းမရှိဘူးလို့ ဦးဆောင်သူတွေကဆိုပါတယ်။
ဒီနေ့ကျင်းပတဲ့ ကရင်အာဇာနည်နေ့အခမ်းအနားကို မနက် ၈ နာရီကနေ ညနေနီနှစ်နာရီအထိကျင်းပဖို့လုပ်ထားပေမယ့်ဦးဆောင်သူတွေကိုဖမ်းပြီးနောက်မှာ ရဲတွေကအခမ်းအနားကိုဖျက်ဖို့ ညွှန်ကြားလာပါတယ်။ ဦးဆောင်သူတွေကတော့ ပွဲကိုအစီအစဉ်အတိုင်းဆက်လက်ကျင်းပမယ်လို့ဆိုပါတယ်။
မနှစ်ကလည်း ကရင်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူ နော်အုန်းလှ၊ စောအဲလ်ဘတ်ချိုနဲ့ စသိန်းဇော်မင်းတို့ကို ကျောက်တံတားမြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေဖောက်ဖျက်မှုနဲ့ တရားစွဲဆိုဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။
#Dailynews