ရန်ကုန် – ၂၀၂၂၊ ဒီဇင်ဘာ ၃၀ (မော်ကွန်း)
မနက်ဖြန်ကျရောက်မယ့်နှစ်သစ်ကူးညမှာ မြို့ပြပျောက်ကျားတပ်ဖွဲ့တွေရဲ့ ပုံရိပ်ကျဆင်းစေမယ့်လုပ်ရပ်တွေ စစ်ကောင်စီကလုပ်လာနိုင်တာကြောင့် အပြင်သိပ်မထွက်ကြဖို့ မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကအသိပေးလိုက်ပါတယ်။
“ကျွန်တော်တို့ကတော့အတတ်နိုင်ဆုံး ညဘက်အပြင်မထွက်စေချင်ဘူးခင်ဗျာ။ UG တွေကိုပုံဖျက်မယ့် ပြုလုပ်မှုတွေ ရှိလာတဲ့အခါ ပြည်သူတွေ ထိခိုက်ဒဏ်ရာရမှာလည်းမလိုလားဘူး။ပျော်တော့ပျော်ကြပါဗျာ။ အပျော်ကြောင့် မပျက်စေပါနဲ့ဗျာ” လို့မြို့ပြပျောက်ကျားအဖွဲ့တစ်ခုကပြောပါတယ်။
စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနှစ်သစ်ကူးည ဒီဇင်ဘာလ ၃၁ ရက် ကနေ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၄:၀၀ နာရီ ထိ တစ်ညတာ ပုဒ်မ ၁၄၄ အမိန့် ခေတ္တပယ်ဖျက်လိုက်ကြောင်းကြေညာထားပါတယ်။
“ပြည်သူတွေကိုမှာချင်တာဆိုလို့ အပျော်လေးတွေလျော့ပေးကြပါလို့လူစုလူဝေးသိပ်မလုပ်ကြပါနဲ့” လို့လည်း နောက်ထပ်မြို့ပြပျောက်ကြားတပ်ဖွဲ့တစ်ခုကလည်းပြောပါတယ်။
မကြာသေးမီကလည်း ရန်ကုန်-ဒလ ကူးတို့ဖယ်ရီပေါ် နဲ့ တာမွေမြို့နယ်ကပွဲစျေးတစ်ခုမှာ လက်သည်မပေါ်ခဲ့တဲ့ ပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့ပါသေးတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း အမေရိကန်နိုင်ငံသားတွေအနေနဲ့ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ နေရာတွေ၊ စားသောက်ဆိုင်၊ ဘားနဲ့ ဟိုတယ်တွေအနီးအနားမသွားကြဖို့ကိုလည်း သတိပေးထားပါတယ်။
ပုံ – ၂၀၁၉ နှစ်သစ်ကူးည အင်းယားကန်ဘေဋင်မြင်ကွင်း
Photo – Mawkun
#Dailynews

