ကလေး – ၂၀၂၂ မတ် ၂၂ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ပြည်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ မြို့ပြပြောက်ကျားတွေအတွက် ကလေးမြို့ပင်မသပိတ်က ဆုတောင်းပေးတဲ့ ညသပိတ်ကို ဒီကနေ့ညမှာပြုလုပ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ( AAPP) ရဲ့ ဒီကနေ့ နောက်ဆုံး တွက်ချက်ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရသူဟာ အနည်းဆုံး ၁၆၉၇ ဦးရှိပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

