နာပြီးရင်းနာ၊ အခါခါနာ

နာပြီးရင်းနာ၊ အခါခါနာ

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး  ဖြစ်ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် ပိတ်ပွဲအခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ၂၀၂၀ မတိုင်မီ ၂၁ ရာစုပင်လုံအစည်းအဝေးကို နောက်ထပ်သုံးကြိမ် ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၁၈ အတွင်း နောက်ထပ် တစ်ကြိမ်နှင့် နောက်နှစ်မှာ  နှစ်ကြိမ်ကျင်းပရန် ရည်ရွယ်ထားကြောင်း၊ ဒီညီလာခံသုံးကြိမ်အတွင်း ဖက်ဒရယ် ဒီမိုကရေစီစနစ်ဆိုင်ရာ အခြေခံမူတွေ ချမှတ်နိုင်ရန် ကြိုးပမ်းကြဖို့ လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ အောက် တိုဘာထဲ ရောက်လာတဲ့တိုင် စတုတ်္ထအကျော့ ပင်လုံညီလာခံအတွက် စိုင်းပြင်းပြင်ဆင်တဲ့ အရိပ်အရောင် ဘာမှမတွေ့ကြရသေးပါဘူး။

ပြီးခဲ့တဲ့
တတိယအကျော့ ပင်လုံညီလာခံကို ကျင်းပနိုင်ခဲ့ တယ်ဆိုပေမယ့်လည်း နိုင်ငံရေးအရ
ထိရောက်တိုးတက်တဲ့ လက်္ခဏာ ဘာမှမရရှိခဲ့ပါဘူး။ ဒုတိယအကျော့ ပင်လုံအစည်း အဝေးမှာ
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက တင်ပြလာ တဲ့ မူ ၄၁ ချက်အနက် ၃၇ ချက်ကို
ပြည်ထောင်စုစာချုပ်မှာ ထည့် သွင်းအတည်ပြုနိုင်ခဲ့ပေမယ့် တတိယအကျော့ ပင်လုံမှာတော့
၁၂ ချက်ပဲ တင်သွင်း အတည်ပြုနိုင်ခဲ့ကြပါတယ်။ ဒီလို တင်သွင်း ခဲ့တဲ့ ၁၂ ချက်မှာလည်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တိုက်ရိုက် ပတ်သက်တဲ့ နိုင်ငံရေးမူ
တစ်ချက်မှမပါဝင်ခဲ့ပါဘူး။ ညီလာခံမှာ ဆုံးဖြတ်အတည်ပြုလိုက်တဲ့မူဆိုတာ
ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက် အားဖြင့် မပတ်သက်တဲ့ “ကျား၊ မ တန်းတူရေး မူ” သာ
ဖြစ်ပါ တယ်။ ဒီလိုဖြစ်ရတာ ဒုတိယအကျော့ ပင်လုံအစည်းအဝေးနဲ့ တတိယအကျော့
ပင်လုံအစည်းအဝေးကြား တစ်နှစ်ကြာ ကာလ အတွင်းမှာ အမျိုးသားအဆင့်
နိုင်ငံရေးဆွေးနွေးပွဲတွေ ပီပီပြင် ပြင် မကျင်းပနိုင်ခဲ့လို့သာ ဖြစ်ပါတယ်။
ပြည်နယ်အလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်တဲ့အတွက်
ဖက်ဒရယ်အခြေခံမူတွေ ထွက်ပေါ်မလာခဲ့လို့ UPDJC က ကျား၊ မ တန်းတူရေးကို
နိုင်ငံရေးမူအဖြစ် ဆွေးနွေးဖို့ တင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီတော့လည်း
ဖက်ဒရယ်အခြေခံမူတွေ ချမှတ်ပေး နိုင်စွမ်းမရှိတဲ့ အဆန်ချောင်
ဟန်ဆောင်ငြိမ်းချမ်းရေးညီလာခံ  ဖြစ်သွားခဲ့ရပါတယ်။

၂၁
ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ဒုတိယအကျော့ အစည်းအဝေး နောက်ပိုင်းကာလတွေမှာ
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့်နေရာနဲ့ ပတ်
သက်ပြီး အချိန်အတော်ကြာအောင် ညှိနှိုင်းမရ ဖြစ်ခဲ့ကြပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက အမျိုးသားအဆင့် ဆွေးနွေးပွဲကို
တောင်ကြီး သို့မဟုတ် ပင်လုံမှာ ကျင်းပချင်ပေမယ့် တပ်မတော်က မိုင်းပန်မှာပဲ
ကျင်းပခွင့် ပေးခဲ့ပါတယ်။ ဒီအငြင်း ပွားမှုကို ခြောက်ကြိမ်မြောက် JICM အစည်းအဝေးမှာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ လင်းခေးမြို့မှာ ကျင်းပဖို့
သဘောတူခဲ့ကြပါတယ်။ ၂၀၁၇ နှစ်ကုန်ပိုင်းက ရှမ်း ပြည်နယ်ထဲက ၁၄ မြို့နယ်မှာ RCSS က
အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေ ကျင်းပတဲ့အခါ
မြို့နယ် အများစုမှာ တပ်မတော်က ကျင်းပခွင့် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်အနေအထားကို
အကြောင်းပြုပြီး ၂၀၁၈ ဇန်န၀ါ ရီ ၈ ရက်မှာ RCSS အဖွဲ့က အမျိုးသားအဆင့်
ဆွေးနွေးပွဲတွေ ကျင်းပရေးကို ယာယီရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီကိစ်္စအပေါ် ထိုင်း
နိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ NCA လက်မှတ်ရေးထိုးထားတဲ့
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့ရဲ့ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
ဦးဆောင်အဖွဲ့  (PPST) ကလည်း ဇန်န၀ါရီ ၁၂ ရက် မှာ  နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ
လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ပြီးမှသာ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁
ရာစုပင်လုံအစည်းအဝေးကို တက်ရောက်မယ်လို့ ထုတ်ပြန်ကြေ ညာလိုက်ပါတယ်။ ဒါကြောင့် ၂၀၁၈
ဇန်န၀ါရီလကုန်ပိုင်းမှာ ကျင်းပမယ့် တတိယအကျော့ ၂၁ ရာစုပင်လုံအစည်းအဝေးကို အစိုးရက
ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

ဒီလို
အစိုးရအဖွဲ့က ကျင်းပခွင့်ပြုထားတဲ့ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို
တပ်မတော်က ကျင်းပခွင့် ပိတ်ပင်လိုက်ခြင်းဟာ အရှိန်မြင့်လာတဲ့ အစိုးရရဲ့
ငြိမ်းချမ်းရေး လမ်းစဉ်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒတွေအကြား ပွတ်
တိုက်မှုဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ခဲ့ကြပါ တယ်။ အဓိကအားဖြင့်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ တပ်မတော်ရဲ့
ငြိမ်းချမ်းရေးမူဝါဒတွေအကြား ကွာ ဟချက်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးသာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လမ်းပြမြေပုံ ခုနစ်ချက်အရ ငြိမ်းချမ်း ရေး ၂၁ ရာစုပင်လုံ
ဆွေးနွေးပွဲတွေ ကျင်းပရင်း ဖွဲ့စည်းပုံပြင်ဆင် သွားရေး ဖြစ်ပါတယ်။
တပ်မတော်ဘက်ကတော့ ငြိမ်းချမ်းရေးမူ ၀ါဒ ခြောက်ချက်ကို ဆုပ်ကိုင်ရင်း ၂၀၀၈
အခြေခံဥပဒေဘောင် အတွင်းကသာ တည်ဆောက်ရေးဖြစ်ပါတယ်။

၂၀၁၅
အာဏာလွှဲပြောင်းခါနီး ငြိမ်းချမ်းရေးဗိသုကာ ဖြစ် ချင်တဲ့ သမ်္မတဟောင်း ဦးသိန်းစိန်
ကတိုက်ကရိုက် ချုပ်ဆိုပေး လိုက်တဲ့  NCA စာချုပ်မှာ မရှင်းလင်းမှုတွေ၊ အဓိပ်္ပာယ်နှစ်ခွ
ဖွင့် လို့ရတဲ့ အသုံးအနှုန်းတွေ၊ မပီပြင်တဲ့ လုပ်ငန်းစဉ်တွေ ရှိနေခဲ့ပါ တယ်။
ဒါတွေကြောင့် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေအကြား
အဓိပ်္ပာယ်ကောက်ယူမှု လွဲတာ တွေ ပေါ်ပေါက်နေခဲ့ရပါတယ်။ NCA လမ်းပြမြေပုံ အဆင့် ၃ အရ
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးကို တပ်မ တော်လည်း
ထောက်ခံလက်မှတ်ရေးထိုးခဲ့တာပါပဲ။ ဒါပေမဲ့ ဒီ ဆွေးနွေးပွဲတွေကို ဘယ်လို ပုံစံ၊
ဘယ်လို နေရာအနေအထားမှာ ဘယ်လို လုပ်ထုံးလုပ်နည်းနဲ့ ကျင်းပမယ်ဆိုတာကို တိတိပပ ရှင်း
လင်းဖော်ပြထားတာ မရှိခဲ့ပါဘူး။ တကယ်တမ်းကျင်းပတဲ့အခါ RCSS က အမျိုးသားအဆင့်
နိုင်ငံရေးဆွေးနွေးပွဲအကြို လူထု တွေ့ဆုံပွဲတွေ ပြည်နယ်အနှံ့ ကျင်းပဖို့
ကြိုးစားလာတဲ့အခါ တပ် မတော်က တားဆီးပိတ်ပင်လာကြတာ ဖြစ်ပါတယ်။ ဒီလို အမျိုး
သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်မရရင် ၂၁ ရာစု
ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ တင်ပြဆွေးနွေးစရာ နိုင်ငံရေး ပြဿနာရယ်လို့
ရှိတော့မှာ မဟုတ်ပါဘူး။

ဆိုခဲ့တဲ့အတိုင်း
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်ခြင်းဟာ အဓိကအားဖြင့် NCA
စာချုပ် ရေးဆွဲချုပ် ဆိုချိန်ကတည်းက ဘယ်နည်း ဘယ်ပုံ ကျင်းပရမယ်ဆိုတာကို တိတိပပ
ဆွေးနွေးလမ်းဩန်ခဲ့ခြင်း မရှိတဲ့အတွက် အငြင်းပွား စရာတွေ ဖြစ်လာခဲ့ပါတယ်။ ဒီလို
အငြင်းပွားစရာတွေ ရှိလာတာ ကို UPDJC ကလည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်စွမ်း မရှိ
ခဲ့ပါဘူး။ တပ်မတော်ရဲ့ သဘောထားက အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲတွေကို
သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နယ်မြေမှာ
ကျင်းပခွင့်ပေးဖို့သာ ဖြစ်တယ်။ မြို့ ကြီးပြကြီးတွေမှာ တက်ပြီး ကျင်းပစရာမလိုဘူး။
ဒါ့အပြင် NCA စာချုပ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့
ဆိုတာသာ ပြဋ္ဌာန်းထားပြီး လူထုတွေ့ဆုံပွဲတွေ ကျင်းပဖို့ ဆိုတာ  မပါဘူး။ ဒါပေမဲ့
ရှမ်းပြည်ထူထောင်ရေးကောင်စီ (RCSS) က ဦးစွာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီး
သို့မဟုတ် ပင်လုံမှာ ကျင်းပခွင့်တောင်းဆိုမှုကို တပ်မတော်က ကန့်ကွက်ခဲ့ခြင်း ဖြစ်
တယ်။ ဒါ့အပြင် ရှမ်းပြည်နယ်က မြို့နယ် ၁၄ ခုမှာ RCSS က ဦးဆောင်ပြီး
လူထုတွေ့ဆုံပွဲတွေ ကျင်းပရေး အစီအစဉ်ကိုလည်း
NCA ထဲမှာ မပါဝင်လို့ တပ်မတော်က တားဆီးပိတ်ပင်ခဲ့တယ် ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ
ဒီလို အငြင်းပွားစရာပြဿနာ တွေ ရှိလာရင် အဓိက ဆွေးနွေးညှိနှိုင်း ဖြေရှင်းပေးရမှာ UPDJC
အဖွဲ့ရဲ့ တာဝန်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ UPDJC အဖွဲ့အနေနဲ့ ထိ ထိရောက်ရောက်
ညှိနှိုင်းဖြေရှင်းပေးနိုင်စွမ်း မရှိခဲ့ဘူး။ ဒီလို ဘာ ကြောင့် ဖြစ်ရသလဲဆိုတော့ UPDJC
အစည်းအဝေးကို ထိထိ ရောက်ရောက် အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ စုံစုံညီ ညီ
ဘယ်တော့မှ မတက်ရောက်ခဲ့ကြဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ UPDJC အစည်းအဝေး
ခြောက်ကြိမ်မှာ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
နှစ်ကြိမ်ပဲ တက် ရောက်နိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့
အစည်းအဝေးမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေရဲ့
ထိပ်သီးခေါင်းဆောင်ငါးဦး တက်ရောက်ဖို့ ပျက် ကွက်ခဲ့ပါတယ်။ အလားတူ
တပ်မတော်ဘက်ကလည်း ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် မတက်ရောက်နိုင်ခဲ့ဘဲ ဒုချုပ်
ဒုတိယ
       ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသာလျှင်
တက်ရောက်ခဲ့ပါတယ်။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို ထိန်းသိမ်းပဲ့ကိုင်ပေးရမယ့် UPDJC
မှာ တောင် ဒီလို  “ဗိုလ် မရှိ ဘိတ် မရှိ”
ဖြစ်နေမှတော့ ခုလို ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကြီး ရှေ့မတိုး နောက်မဆုတ်သာ
သောင်တင်နေ ရတာ သိပ်တော့ မဆန်းလှပါဘူး။

ဒီလို
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး သောင်တင်နေစဉ် သေ နတ်သံတွေ ဟိန်းညံနေပြန်တာတော့
ရှမ်းမြောက်ဒေသမှာပါပဲ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူ
ထောင်ရေးကောင်စီ (RCSS) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့
တအာန်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) တွေအကြား လေးပွင့်ဆိုင်တိုက်ပွဲတွေ
ဖြစ်ပွားနေခဲ့ကြပါတယ်။ MYANMAR INSTITUTE FOR PEACE AND SECURITY(MIPS)
  ရဲ့  မြို့နယ်အဆင့်
ပဋိပက်္ခစောင့်ကြည့်ရေး အချက်အလက်မှာ မှတ်တင်ထားချက် အရ ၂၀၁၈ ဇွန်မှာ လက်နက်ကိုင်
ပဋိပက်္ခ ၁၇ ကြိမ် ဖြစ်ပွားခဲ့ရာ မှ ဇူလိုင်မှာ ၂၉ ကြိမ်အထိ လက်နက်ကိုင်တိုက်ပွဲတွေ
တိုးပွား များပြားလာခဲ့ပါတယ်။ အလားတူ ဇွန်တွင် မြို့နယ်ပေါင်း ၁၁ မြို့ နယ်မှာ
လက်နက်ကိုင် ပဋိပက်္ခ ဖြစ်ပွားခဲ့ရာမှ ဇူလိုင်မှာ မြို့နယ် ၁၄ မြို့နယ်အထိ
လက်နက်ကိုင်ထိတွေ့မှုနယ်ပယ် ပိုမိုကျယ်ပြန့် လာခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်
ပဋိပက်္ခ ဖြစ်ပွားမှုနှုန်း ထား အမြင့်ဆုံးမြို့နယ်တွေကတော့ ရှမ်းပြည်နယ်အတွင်းရှိ
နမ့်ဆန်၊ သီပေါနဲ့ မိုင်းကိုင်မြို့နယ်တွေပဲ ဖြစ်ကြပါတယ်။ ရှမ်းပြည် နယ်
မြောက်ပိုင်း နမ်္မတူမြို့နယ် မိုင်းမုကျေးရွာအုပ်စုအတွင်း RCSS နဲ့ SSPP။ TNLA
ပူးပေါင်းအဖွဲ့ရဲ့ တိုက်ပွဲတွေဟာ နေ့ စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွားခဲ့ကြပါတယ်။
ဒါကြောင့် တောင် ကြီးမြို့မှာ ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး RCSS နဲ့ ရှမ်းပြည် ပူး
ပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) တို့ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။  SSJAC
အဖွဲ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ကြပါတယ်။ ဒီလို
တွေ့ဆုံဆွေးနွေးပြီး နောက်တစ်ရက်မှာပဲ နမ်္မတူမြို့နယ် ကောင်းဟုန်းကျေးရွာအနီးမှာ RCSS
နဲ့ SSPP။TNLA ပူးပေါင်းအဖွဲ့တို့ သုံးရက်တိုင် ဆက်လက် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ဆိုရရင် ရှမ်းပြည်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားသာ မက
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း အကြားမှာပါ တိုက်ပွဲတွေ
ဖြစ်ပွားလာတဲ့အထိ အခြေအနေ ရှုပ်ထွေးတင်းမာ လာခဲ့ပါတယ်။

စက်တင်ဘာ
၇ ရက်က ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ နမ့်ခမ်းမြို့မှာ
တအာန်းလက်နက်ကိုင်အဖွဲ့  (TNLA) က ဖမ်းဆီးထားတဲ့ နန်းမိုဟွမ် ပြန်လွှတ်ပေးရေး
အတွက် မိသားစုနဲ့အတူ နိုင်ငံရေးအင်အားစုများက ဆန်္ဒဖော် ထုတ်ခဲ့ကြပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကို စာပို့ တောင်းဆိုခဲ့သလို ရှမ်းတိုင်းရင်းသား
များ ဒီမိုကရက်တစ်ပါတီ (ြှီဏ) ကလည်း နိုင်ငံတော်သမ်္မတ နဲ့ ကာကွယ်ရေးဦးစီးချုပ်ထံ
စာပေးပို့ တောင်းဆိုခဲ့ကြပါတယ်။ စက်တင်ဘာ ၁၀ ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဥက်္ကဋ္ဌ
အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့်
ငြိမ်းချမ်းရေးအဖွဲ့ (NRPC) က နန်းမိုဟွမ်ကို လွှတ်ပေး ဖို့  TNLA ကို
တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ TNLA အကောက် ခွန်ဝန်ထမ်းတွေကို ထိခိုက်သေဆုံးစေသည်အထိ
ဝတ်္တရား နှောင့် ယှက်ခဲ့တဲ့ နန်းမိုဟွမ်ကို ပြန်လွှတ်ရန် အကြောင်းမရှိကြောင်း TNLA
သတင်းနှင့် ပြန်ကြားရေးဌာနမှ ဗိုလ်မှူး တာအိုက် ကျော်က တုံ့ပြန် ပြောကြားခဲ့ပါတယ်။

လက်ရှိကာလ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တန့်အီနေ ချိန်မှာ ပြည်တွင်းစစ်အတွင်း
ပါဝင်လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ရှုပ်ရှုပ်ထွေးထွေး
အပြန်အလှန် ပဋိ ပက်္ခဖြစ်တဲ့ တိုက်ပွဲတွေ တိုးပွားလာခြင်းဟာ ပြည်တွင်းစစ် သက်
ဆိုးရှည်မယ့် လက်္ခဏာ၊ ငြိမ်းချမ်းရေး အလှမ်းဝေးနေမယ့် သဘောတွေသာ ဖြစ်လို့
တိုင်းရင်းသားပြည်သူတွေအတွက် နာ ပြီးရင်း နာစရာတွေသာ ဖြစ်လာပါလိမ့်မယ်။

#MawKunMagazine

ဆက်သွယ်မှာယူနိုင်စေရန်…….

         

OFFICE    : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.   

: 0931340239

: 09791663065

 

website: www.mawkun.com

facebook: @mawkunmagazine

mawkun.chronicle@gmail.com

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."