ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၉ (မော်ကွန်း)
စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ဟာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဖိနှိပ် စောင့်ကြပ်နေပေမယ့် လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ပျက်ရက်မရှိတဲ့ ကလေးမြို့ ပင်မသပိတ်ဟာ ဒီကနေ့ဆို ၃၂၅ ရက်မြောက်ရှိလာခဲ့ပါပြီ။
အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကလေးမြို့ နတ်ချောင်းနဲ့ နတ်မြောင်းရွာတွေကို လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ပြီးချိန်မှာလည်း ရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဟာ ရွာတွေကို မီးရှို့ကာ ပြည်သူတွေကို ဖမ်းဆီးတာတွေ၊ ပစ်သတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအပါအဝင် အထောက်အပံ့အကူအညီတွေ လိုအပ်နေပါတယ်။
ဓါတ်ပုံ – CJ

