ရန်ကုန်- ၂၀၂၃ မတ် ၂၈ (မော်ကွန်း)
တာမွေအဝိုင်းထိပ်ခုံးတံတားအောက်မှာ ဒီနေ့မနက် ၁၀:၀၀ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ယာဉ်ထိန်းရဲမေတစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
တာမွေခုံးကျော်တံတားအောက်၊အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ဝင်းဘရားသားအလူမီနီယံဆိုင်ရှေ့မှာ ယာဉ်ကြောရှင်းလင်းနေတဲ့ ယာဉ်ထိန်းတပ်ကြပ်ကြီးတင်မင်းနဲ့ယာဉ်ထိန်းရဲနှစ်ဦးက်ို တာမွေခုံးကျော်တံတားပေါ်ကနေ အမည်မသိအဖွဲ့တစ်ဖွဲ့ကလက်ပစ်ဗုံးနဲ့ပစ်ခတ်သွားတာလို့စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုကဖော်ပြပါတယ်။
“အကျယ်ကြီးပဲကြားလိုက်တယ်။ အုန်းကနဲပဲ။ အိမ်တော်တုန်တယ်လို့။” လို့ ဖြစ်စဉ်ဖြစ်ပွါးရာအနီးအနားတွင်နေထိုင်တစ်ဦးကပြောပါတယ်။
ဒီတိုက်ခိုက်မှုကိုဘယ်အဖွဲ့ကပြုလုပ်တယ်ဆိုတာတော့မသိရသေးပါဘူး။
ရန်ကုန်မြို့မှာ မနေ့ကကျရောက်တဲ့ တော်လှန်ရေးနေ့တစ်ရက်တည်းမှာပင် အတည်ပြုလို့ရတဲ့ဗုံးပေါက်ကွဲမှု ၁၁ ခု နဲ့ မြေပြင်သပိတ်လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ကင်းထောက်အဖွဲ့ထံမှသိရပါတယ်။
#Dailynews

