ရန်ကုန်- ၂၀၂၀ ဩဂုတ် ၁၄ ( မော်ကွန်း)
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ လချမှတ်ခံရသော ကနေဒါနိုင်ငံသား တရားဟောဆရာ စောဒေးဗစ်လားသည် ပြစ်ဒဏ်ကာလပြီးဆုံးကာ ယနေ့ည လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည်ဖြစ်ကြောင်း လေဆိပ်ရှိ မော်ကွန်း၏ သတင်းရင်းမြစ်တစ်ဦးက သတင်းပေးပို့သည်။
စောဒေးဗစ်လားသည် ရန်ကုန်မှ ည ၉နာရီခွဲ KOREAN AIR လေယာဉ် အမှတ်စဉ် KE – 472 ဖြင့် တောင်ကိုရီးယားနိုင်ငံမှတဆင့် ကနေဒါနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။
Photo – Supplies
#Dailynews