စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၂၂ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြားမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ၆၂၁ ရက်မြောက်နေ့အဖြစ် ဒီကနေ့ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်နဲ့အတူ ဒေသခံပြည်သူတွေနဲ့ ရွာပေါင်းစုံသပိတ်ဟာပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ညပိုင်း ၇:၃၀ ဝန်းကျင်အထိ အာဏာသိမ်းစစ်တပ်ဟာ ချင်းတွင်းတံတားကနေ လက်ပံတောင်းကြေးနီစီမံကိန်းထိ ပစ်ခတ်နေဆဲဖြစ်ပါတယ်။
ဝမ်ပေါင်ကြေးနီစီမံကိန်းဆီကိုလာတဲ့ တွဲကားတွေကို လုံခြုံရေးပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဒီကနေ့ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကို တပ်ဖြန့်ခဲ့တာကြောင့် ဒေသခံ ၆၅၀၀ ဝန်းကျင်ဟာ ထွက်ပြေးနေကြရပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

