ရန်ကုန်၊ ၂၀၂၀ ဇန်နဝါရီ ၁၅
တပ်မတော်မှလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများနှင့်ကုမ္ပဏီအဖွဲ့အစည်းများကို နိုင်ငံတကာလုပ်ငန်းရှင်များ သပိတ်မှောက်ရန် Burma Campaign UK က စာရင်းပြုစုကာ ယမန်နေ့က အသစ်ထပ်မံဖြည့်စွက်ခဲ့သည်။
ဘဏ်နှင့်ငွေကြေးလုပ်ငန်းများ၊ စီးကရက်နှင့်အဖျော်ယမကာလုပ်ငန်းများ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဖျော်ဖြေရေးနှင့် မီဒီယာလုပ်ငန်း၊ အစားအသောက်၊ ကျန်မာရေးဝန်ဆောင်မှု၊ စက်မှုလုပ်ငန်းနှင့် နိုင်ငံတကာဆိပ်ကမ်းများ စသည့်ကဏ္ဍများအပါအဝင် လုပ်ငန်းအမျိုးစားပေါင်း ၁၅ ခုပါဝင်ပြီး ၎င်းကုမ္ပဏီများနှင့် လုပ်ငန်းများသည် တပ်မတော်ကိုယ်ပိုင်၊ သို့မဟုတ် ဖက်စပ်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများဖြစ်သည်ဟု ဆိုသည်။
၎င်းတို့ထဲတွင် မြန်မာပြည်တွင်းရောင်းအားအကောင်းဆုံး မြန်မာဘီယာနှင့် Red Ruby စီးကရက်၊ ပြည်တွင်းမိုဘိုင်းဖုန်းကွန်ရက်တွင် နောက်ဆုံးမှဈေးကွက်မိတ်ဆက်ခဲ့သော်လည်း အဆင့်သုံးသို့ ရောက်ရှိလာသည့် MyTel တို့လည်း ပါဝင်သည်။





#dailynews

