ရန်ကုန်- ၂၀၂၃ မေ ၁၁ (မော်ကွန်း)
လာမယ့် သုံးရက်အတွင်း ဆိုင်ကလုန်းမိုခါအန္တရာယ်ကျရောက်မယ်လို့ကြေညာထားတဲ့ရခိုင်ပြည်နယ်စစ်တွေမြို့မှာကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေပြီလို့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဝံလက်ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
“မုန်တိုင်းကျလို့ပြောင်းရွှေ့မယ်ဆို ဘယ်shelter တွေကိုပြောင်းရွှေ့မယ်ဆိုတာမျိုးတွေလုပ်ထားတာတွေရှိတယ်။ ဥပမာ အာဂျတ်တော်ကုန်းလိုနေရာပေါ့။ အကယ်လို့ချီတက်လာကြမယ်ဆိုရင် အဲ့နားကဘုန်းကြီးကျောင်းရှိတယ်။ အဲ့ကုန်းကလည်းကြီးနေတော့ အဲဒီကိုရွှေ့ပြောင်းကြဖို့ကြိုတင်ပြီး စုရပ်လိုလုပ်ထားတာပေါ့။” လို့သူက ပြောပါတယ်။
မိုးလေဝသခန့်မှန်းပေးနေသူဦးဝင်းနိုင်ကတော့ ဆိုင်ကလုန်းမုန်တိုင်းပြင်းအားတိုက်ရိုက်ထိခိုက်နိုင်တဲ့မြို့တွေကတော့ စစ်တွေ၊ကျောက်ဖြူ၊ သံတွဲ နဲ့ ဂွမြို့တွေဖြစ်တယ်လို့ဆိုပါတယ်။
ရခိုင်ပြည်နယ််မှာ စစ်တွေမြို့အပါအဝင် တစ်ခြားမြို့တွေမှာဆိုလည်း မြို့နယ်အသီးသီးကို အရပ်ဖက်အဖွဲ့အစည်းတွေကစားနပ်ရိက္ခာဆေးဝါးတွေထောက်ပံ့ပေးနေတာတွေလည်းရှိတယ်လို့ ဝံလက်ဖောက်ဒေးရှင်းထံမှသိရပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဆိုင်ကလုန်းမိုခါဟာ မေလ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား နဲ့ မြန်မာနိုင်ငံကျောက်ဖြူမြို့ကြား၊ စစ်တွေမြို့အနီးကနေ ဖြတ်ကျော်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။
မိုခါကြောင့် လူဦးရေသုံးသန်းခန့် ထိခိုက်နိုင်ကြောင်း ကမ္ဘာ့သဘာဝဘေးအန္တရယ်ဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ် (GDACS) မှ အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားပါတယ်။
#Dailynews

