ဆိပ်ဖြူ – ၂၀၂၂ ဒီဇင်ဘာ ၂၈ (မော်ကွန်း)
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရေထွက်ကျေးရွာကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်၊ စစ်သားတွေ ဒီကနေ့မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာပြီးနောက် စစ်ရှောင် အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦးကိုပစ်သတ်သွားတယ်လို့ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အင်အား ၇၀ ဝန်းကျင်နဲ့ ရေထွက်ကျေးရွာကိုစစ်ကြောင်းဝင်လာချိန်မှာ အသက် ၄၅နှစ်အရွယ် ဦးဋ္ဌေးဝင်းကိိုပစ်သတ်သွားတာလိို့ပြောပါတယ်။
” စစ်ကြောင်းက နှစ်ကြောင်းခွဲလာတာ၊ သူက ရွာထဲပြန်ဝင်လာချိန်မှာ အရှေ့စစ်ကြောင်းနဲ့သူနဲ့တွေ့တော့သူက နောက်ပြန်လှည့်တာ၊ နောက်စစ်ကြောင်းနဲ့တွေ့ပြီးပစ်ခံရတာ၊ခေါင်းထိသွားတယ်၊ ဦးနှောက်တွေတောင်အပြင်ထွက်နေတာ”လို့ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ရေထွက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက်စစ်ကြောင်းထိုးတာဖြစ်ပြီး ပထမအကြိမ်စစ်ကြောင်းထိုးတုန်းကလည်း ရွာသားတစ်ဦးပစ်ခတ်ခံခဲ့ရပေမယ့် မစိုးရိမ်ရဘူးလို့ သူကပြောပါတယ်။
ရေထွက်ကျေးရွာမှာ အိမ်ခြေ ၁၉၀ ဝန်းကျင်နဲ့ ရွာသား ၁,၀၀၀ ဝန်းကျင်ရှိပြီး စစ်ကြောင်းထိုးလာတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ မနေ့ကနောက်ဆုံးစောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လက်ချက်နဲ့ နွေဦးတော်လှန်ရေးအတွင်းကျဆုံးရသူ အနည်းဆုံး ၂,၆၆၂ ဦးရှိလာပါပြီ။
ပုံစာ – သေဆုံးသူ
ဓာတ်ပုံ – Supplied
#Dailynews

