ဆားလင်းကြီး-၂၀၂၂ ဇွန် ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် လင်းစာကျက်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒီနေ့ ၁၁ နာရီဝန်းကျင်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
“ဒေသခံကာကွယ်ရေး မဟာမိတ်ညီနောင်များစုပေါင်းကာ စိန်ပြောင်း လက်နက်ကြီး ၆၀မမ၊ ၈၀မမ၊ ၁၂၀မမတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။
၎င်းရွာများအပြင် အန်ီးနားရှိကျေးရွာများမှ ပြည်သူများရှောင်တိမ်းနေရပြီး ဖမ်းဆီခံထားရသူများလည်းရှိကြောင်းသိရပါတယ်။
လူသားဒိုင်းကဲ့သ်ို့ ဖမ်းဆိီးထားကြောင်းသိရသဖြင့် ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ ပြန်လည်ဆုတ်ခွာခဲ့ခြင်းဖြစ်ပါတယ်”လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဆားလင်းကြီးမြို့နယ်ထဲက ငွေသာကျေးရွာနဲ့ လင်းစာကျက်ရွာတွေကို ဖျက်ဆီးမီးရှို့နေပြီး လင်းစာကျက်ရွာမှာ အင်အား ၇၀ ဝန်းကျင်တပ်စွဲထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဒေသခံကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ Salingyi Border Task Force – SBTF ၊BDF၊Monywa Inventor၊Triple Two၊Alpha Special Forceတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ဆိုပါတယ်။
Video: SBTF
#Dailynews

