၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Interview ဖြစ်ပါသည်။
ကျော်ဇေယျ မေးမြန်းသည်။
မြန်မာနိုင်ငံရဲ့ အနည်းဆုံး အခကြေးငွေနှုန်းထား သတ်မှတ် မှုအသစ်ဟာ မကြာတော့တဲ့ကာလမှာ ဒုတိယအကြိမ် ပြင် ဆင်ပြောင်းလဲသတ်မှတ်မှုအဖြစ် အတည်ပြုတော့မှာ ဖြစ်ပါ တယ်။ အစိုးရက အသစ်ပြဋ္ဌာန်းသတ်မှတ်မယ့် နှုန်းထားကို တစ်နာရီလုပ်အားခ ၆၀၀ ကျပ်နှုန်းအဖြစ် သတ်မှတ်ဖို့ ကြေ ညာထားပါတယ်။ အစိုးရရဲ့ ထုတ်ပြန်မှုအပေါ်မှာ တချို့ အလုပ် ရှင်နဲ့ အလုပ်သမားအဖွဲ့အစည်းတွေဟာ မကြေလည်မှုတွေ ဖြစ်ပေါ်နေတာလည်း ရှိပါတယ်။ ဒါကြောင့် အနည်းဆုံး အခ ကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီမှာ တတ်သိ ပညာရှင်အဖြစ် ပါဝင်ဆောင်ရွက်နေသလို စီးပွားရေးပညာ ရှင်လည်း ဖြစ်တဲ့ စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဒါရိုက် တာဖြစ်သူ ဦးဇော်ဦးကို မော်ကွန်းမဂ်္ဂဇင်းက တွေ့ဆုံ မေးမြန်း ခဲ့တာတွေထဲက အချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။
မော်ကွန်း။ ။ အလုပ်သမားဝန်ကြီးဌာနကတော့ အသစ်သတ်မှတ်မယ့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ထုတ်ပြန်လိုက်ပြီ။ ဥပဒေအရဆိုရင် ဒီနှုန်းထားဟာ လာမယ့် ၃ လပိုင်းလောက်ဆိုရင် တရားဝင်နှုန်းထားတစ်ခု ဖြစ်လာတော့မယ်။ ဒီဟာကို အနည်း ဆုံး အခကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီအနေနဲ့ ဘယ်လို သတ်မှတ်ပေးခဲ့တာလဲဆိုတာ ရှင်းပြပေးပါ။
ဦးဇော်ဦး။ ။ အခုထွက်ပေါ်လာတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်တဲ့ဟာကို အလုပ်သမား ကိုယ်စားလှယ်တွေ လက်ခံတဲ့အတွက် သတ်မှတ်ခဲ့တာ။ ဒီနှုန်းထားသတ်မှတ်မှုကို အလုပ်ရှင်တွေဘက်က လုံး၀ လက်ခံတာ မဟုတ်ဘူး။ အဲဒီအခါ ဝန်ကြီးနဲ့ အခြားအဆင့်မြင့်အရာရှိကြီးတချို့ အချင်းချင်းခေါင်းချင်းရိုက်ပြီး စဉ်းစားကြတော့ နောက်ဆုံး အခြေအနေက အလုပ်သမားတွေ လုံး၀ ကျေနပ်တဲ့အထိ ပေးမှရမယ် ဆိုတာမျိုး စဉ်းစားခဲ့ကြတယ်။
ညှိနှိုင်းမှုတွေမှာ နှစ်ဖက်က ကွာဟချက်တွေ ဖြစ်ပေါ်နေတယ်။ ဒီဟာကို နှစ်ဖက်မျှတအောင် ကြားချပေးမယ်ဆိုပြီး ဆွေးနွေးကြ တဲ့အချိန်မှာ အလုပ်ရှင်ဘက်က တစ်ရက်လုပ်ခ အလုပ်ချိန် ရှစ် နာရီအတွက် ၄,၀၀၀ ကျပ် ကနေ လုံး၀ မလျော့ဘူး ဆိုတာ ဖြစ် တယ်။ အလုပ်သမားကိုယ်စားလှယ်တွေကလည်း ၅,၀၀၀ ကျပ် ကနေ လုံးဝမဆင်းဘူးဆိုတာတွေ ဖြစ်တယ်။
အဲဒီတော့ နှစ်ဖက်စလုံးက လုံး၀ ညှိလို့မရဘူးဆိုရင်တော့ ပိုပြီးတော့ သင့်တော်ပြီးတော့ ဘက်တစ်ဖက်က သဘောတူနိုင်မယ့် နှုန်းထားကို အရင်ညှိ။ ပြီးတော့မှ ကျန်တဲ့ သဘောမတူနိုင် တဲ့ဘက်မှာ ဘာတွေ ဘယ်လို ထပ်ပြီးတော့ တူညီအောင် လုပ်ရ မလဲဆိုတာမျိုး စဉ်းစားပြီးတော့ လုပ်ကြဖို့။ အဓိကကတော့ အလုပ်သမားဘက်ကို ပိုဇောင်းပေးစဉ်းစားပေးဖို့ ဆိုပြီးတော့ ကျွန်တော်တို့ဘက်က အကြံပြုလိုက်တယ်။
အဲဒီအပေါ်မှာ ပြည်ထောင်စုဝန်ကြီးကလည်း ၄,၈၀၀ ကျပ် ဆိုပြီးတော့ ပြောလိုက်တယ်။ အဲဒီအခါမှာ တက်ရောက်လာတဲ့ အလုပ်သမားကိုယ်စားလှယ်တွေဟာ သူတို့အချင်းချင်းကြား လည်း တော်တော်လေး ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးကြတယ်။ ပြီးတော့ ၄,၈၀၀ သတ်မှတ်မှုကို လက်ခံတယ်ဆိုပြီး ပြောတဲ့အခါ မှာ အစိုးရဘက်က အဲဒီနှုန်းထားကို အတည်လုပ်လိုက်ပြီးတော့ အလုပ်ရှင်တွေကိုတော့ ကန့်ကွက်လိုက ကန့်ကွက်နိုင်တယ်ဆိုပြီး နည်းဥပဒေအရ ဖွင့်ပေးထားတဲ့ လမ်းကြောင်းတွေကို ပြောပြ လိုက်တယ်။
ဆိုလိုတဲ့သဘောက ၄,၈၀၀ သတ်မှတ်ရင်လည်း မကန့် ကွက်လိုတဲ့ အလုပ်ရှင်တွေကလည်း အများကြီးရှိတယ်။ ကဏ္ဍ တော်တော်များများက ဘာမှ ကန့်ကွက်စရာအကြောင်းမရှိဘူး။ လက်ရှိ သူတို့ကိုယ်တိုင်က အလုပ်သမားတွေကို ၄,၈၀၀ အထက် မှာ လုပ်ခကို ပေးချေနေတာကိုး။
၄,၈၀၀ သတ်မှတ်မှာကို အကြီးအကျယ်ကန့်ကွက်ပြီး ဆွေးနွေးပွဲမှာ တော်တော်လေးကို ဆက်ဆွေးနွေးလို့ မရတဲ့အထိ ဖြစ်သွားတာက၊ အကျပ်အတည်းဖြစ်သွားတာက အထူးသဖြင့် စက်မှုကုန်ထုတ်ကဏ္ဍက လုပ်ငန်းရှင်တွေပေါ့။ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းက လူတွေပေါ့။
အထည်ချုပ်နဲ့ အခြားစက်မှုကုန်ထုတ်ကဏ္ဍက လူတွေက တော့ သူတို့ဟာ အလုပ်သမားအများကြီးကို ခန့်ထားရတယ်။ အလုပ်သမား အယောက်သုံးလေးငါးဆယ်နဲ့ လည်ပတ်နေတဲ့ စက်ရုံတွေဆိုရင်တော့ ဘာမှ မပြောပလောက်ပေမယ့် ရာနဲ့ချီတဲ့ အလုပ်သမားတွေ ခန့်ထားရတဲ့ သူတို့စက်ရုံတွေကျတော့ ပြဿနာတွေ ရှိတယ်ဆိုပြီးတော့ အခုသတ်မှတ်ချက်ကို လုံး၀ ကန့်ကွက်ပါတယ်ဆိုပြီးတော့ စက်မှုကုန်ထုတ်ကဏ္ဍက လူတွေ က ပြောကြတယ်။
ဒီနေရာမှာ ကျွန်တော်မြင်တာကတော့ သူတို့ကဏ္ဍဟာ လည်း အရေးကြီးတာ မှန်တယ်။ သို့သော် သူတို့ကဏ္ဍဘက်မှာ ဖြစ်နိုင်ခြေရှိတာက အစိုးရအဖွဲ့အနေနဲ့ပေါ့နော်၊ တခြားဖြေလျော့ လို့ ရတဲ့ဟာတွေကို ဒီကဏ္ဍအတွက် ဦးစားပေးပြီး ဖြေလျော့ပေး ရင် ဒီအချိန်မှာ သင့်တော်မယ်လို့ ကျွန်တော်လည်း အကြံပေး ခဲ့တယ်။
ဘာကြောင့်လည်းဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပြီး ခဲ့တဲ့နှစ်မှာ အများဆုံး ဖိတ်ခေါ်ခဲ့တာဟာ ဒီစက်မှုကုန်ထုတ်ကဏ္ဍ၊ အထည်ချုပ်တွေက ဖြစ်တယ်။ အဲဒီတော့ သူတို့ကို နိုင်ငံတော် အစိုးရက အနည်းဆုံး အခကြေးငွေမှာတော့ အားလုံးနဲ့ တစ်ပြေး ညီ လုပ်ရမှာဖြစ်တဲ့အတွက် သူတို့ကဏ္ဍကို လစ်ဟာပေးခဲ့လို့ မရဘူး။
သို့သော်လည်းပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရှုထောင့်က ကြည့်မယ်ဆိုရင် သူတို့ဟာ အကောင်းဆုံး ဆွဲဆောင်နိုင်တဲ့သူ တွေဆိုတော့ ဘယ်လိုမျိုးအနေနဲ့ အခွန်ကင်းလွတ်ခွင့်တွေ ပေး လဲ။ ရင်းနှီးမြှုပ်နှံတဲ့သူကို ပေးလို့မရရင် ရင်းနှီးမြှုပ်နှံတဲ့သူရဲ့ မိတ် ဖက်ဖြစ်တဲ့ ပြည်တွင်းလုပ်ငန်းတွေကိုရော မပေးသင့်ဘူးလား စသည်ဖြင့် စဉ်းစားမယ်ဆိုရင် အစိုးရအနေနဲ့ စဉ်းစားပေးနိုင် စရာတွေ အများကြီးရှိတယ်။
မော်ကွန်း။ ။ ကျွန်တော် မြေပြင်မှာတွေ့ရှိမှုတချို့ကို ပြန်ပြော ပြရရင် ဒီနှုန်းထားသစ်သတ်မှတ်မှုနဲ့ ပတ်သက်ပြီးတော့ တချို့ အလုပ်သမားအဖွဲ့အစည်းတွေဟာ ကန့်ကွက်ဖို့ လုပ်နေတာတွေ ရှိပါတယ်။ ဆရာပြောတော့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာ အလုပ်သမားကိုယ်စားလှယ်တွေကိုယ်တိုင် လက်ခံထားတဲ့ နှုန်း ထားဆိုတော့ သူတို့ အခုလို ကန့်ကွက်ဖို့ ပြင်ဆင်တာဟာ ဘာ ကြောင့် ဖြစ်ရတယ်လို့ ထင်ပါသလဲ။
ဦးဇော်ဦး။ ။ တစ်ရက်အလုပ်ချိန် ရှစ်နာရီအတွက် အနည်းဆုံး လုပ်ခ ၄,၈၀၀ ကျပ်ကို ဘာကြောင့် သတ်မှတ်ရသလဲဆိုရင် တိုတိုပြောရရင် ကုန်ဈေးနှုန်းတွေ ကြီးလာလို့။
အဲဒီတော့ ဒီဟာအတွက်ကို ဖူလုံ လုံလောက်တဲ့ အတိုင်း အတာအထိရောက်အောင် နိုင်ငံတကာမှာဆိုရင်လည်း သတ် မှတ်ထားတာတွေ ရှိတယ်။ တစ်နေ့ကို ကယ်လ်လိုရီ ဘယ် လောက်စားပေးမှ လူတစ်ဦးဟာ အလုပ်လုပ်နိုင်မယ်ဆိုတာတွေပေါ့။
အဲဒီ သတ်မှတ်ကယ်လ်လိုရီကို ပြည့်ဖို့ဆိုရင် အလုပ်သမား တစ်ယောက် ဈေးထဲမှာ ဝယ်ခြမ်းရတဲ့ ကုန်ဈေးနှုန်းတွေကရော ဘယ်လို ဖြစ်နေသလဲပေါ့။ အဲဒါကို ကျွန်တော်တို့ ခေါ်တာက Living Wave လို့ ခေါ်တယ်။
အခြေခံသဘောတရားကတော့ အနည်းဆုံး အခကြေးငွေ သည် အလုပ်သမားတစ်ယောက်က အဲဒီလောက်တော့ အနည်း ဆုံးဝင်ငွေရမှ သူဟာ စားလောက်ရုံလေး။ ပြီးရင် သူ့ရဲ့ မိသားစု ရပ်တည်နိုင်ရုံလေး။ အဲဒီတော့မှလည်း သူဟာ အလုပ်ကို လာပြီး လုပ်နိုင်ရုံလေးပေါ့။
ပြီးရင်တော့ ကျန်တဲ့ကိစ်္စကတော့ သူ့ရဲ့အရည်အချင်း၊ သူ့ရဲ့ ကြိုးစားအားထုတ်မှု ၊ သူ့ရဲ့ ရိုးသားမှု၊ ဒါတွေကိုကြည့်ပြီးတော့ သူ့ကို တဖြည်းဖြည်းနဲ့ လုပ်ခကို တိုးပေးသွားတဲ့ စနစ်ပေါ့။ အနည်းဆုံး အခကြေးငွေကတော့ အနိမ့်ဆုံးပဲ၊ အဲဒီထက်တော့ နိမ့်လို့ မရဘူး။ ဒါက သဘောတရားပေါ့။
ဒါကို နိုင်ငံတကာစံနှုန်းနဲ့ ညှိနိုင်တာက ခုနကပြောတဲ့ ကယ်လ်လိုရီဆိုတာနဲ့ ညှိနိုင်တာ။ ဆိုလိုတာက လူတစ်ယောက်မှာ အနည်းဆုံးလိုတဲ့ ကယ်လ်လိုရီ ဘယ်လောက်ရှိမလဲ ဆိုတဲ့ဟာကို သတ်မှတ်ထားရင်၊ စားပုံစားနည်းတွေကတော့ မတူဘူးပေါ့။ ကျွန်တော်တို့ ဒီနိုင်ငံမှာဆိုရင်တော့ ထမင်းစားမယ်ပေါ့ဗျာ။ ဟင်းတစ်မယ်ပါမယ်ပေါ့။ ဆိုကြပါစို့၊ တရုတ်ပြည်မှာ ဆိုရင်တော့ ခေါက်ဆွဲတစ်ပွဲ ဖြစ်ရင် ဖြစ်မှာပေါ့။ ကြက်ဥတစ်လုံး ထည့်ရင် ထည့်မယ်ပေါ့ စသဖြင့်ပေါ့။
နဂိုမူလ ၃,၆၀၀ ကျပ် သည် ၂၀၁၅ တုန်းက တွက်ချက်မှုနဲ့ အခု ဈေးတွေထဲမှာ သွားပြီး ကျွန်တော်တို့ ကြည့် လိုက်တဲ့အခါမှာ အခြေခံစားသုံးကုန်ဈေးနှုန်းတွေဟာ အင်မတန် ကြီးနေတဲ့ အတွက်ကြောင့် အလုပ်သမားတစ်ယောက်ဟာ ကယ်လ်လိုရီ လုံလောက်စွာနဲ့ အလုပ်လုပ်နိုင်ဖို့ လိုတဲ့ စရိတ်ဟာ များသွား ပြီပေါ့။
များသွားတဲ့အတွက် အနည်းဆုံး အခကြေးငွေကို မြှင့်ပေး ရမယ်ဆိုတာဟာ လူတိုင်း လက်ခံပါတယ်။ ၃,၆၀၀ နဲ့တော့ ဘယ် လိုမှ ဆက်ပြီး ထားလို့ မရတော့ဘူးဆိုတာကို အလုပ်ရှင်ဘက်က လည်း လက်ခံတယ်။ အလုပ်ရှင်တွေထဲမှာမှ အခုကန့်ကွက်ကြတဲ့ စက်မှုကုန်ထုတ်၊ အထည်ချုပ်တွေကလည်း လက်ခံပါတယ်။
နိုင်ငံတော်တော်များများမှာက အနည်းဆုံး အခကြေး ငွေကို တစ်ခါသတ်မှတ်လိုက်ပြီဆိုရင် တချို့ နိုင်ငံတွေမှာ ငါးနှစ် လောက်အထိ မတိုးဘူး။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် အခုထက်ထိ မတိုးဘူး။ ဒီအနည်းဆုံးအခကြေးငွေမှာပဲ ထားထားတယ်။ ဆိုလိုတဲ့သဘောက သူတို့တိုင်းပြည် စီးပွားရေးမှာ အခြေခံစား သောက်ကုန်ဈေးနှုန်းတွေဟာ သိပ်ပြီး မတက်တဲ့အတွက်ကြောင့် မို့သူတို့က တိုးပေးစရာ မလိုဘူး။
သို့သော် အဲဒီငါးနှစ်အတွင်းမှာ ကြိုးစားပြီးတော့ အရည် အချင်းတွေ အရမ်းများလာတယ်ဆိုတဲ့ လူတွေကိုတော့ များရင် များသလို ပေးရမယ်ဆိုတဲ့ ကဏ္ဍအလိုက် စည်းကမ်းချက်တွေက တော့ သူတို့ဆီမှာ ရှိတယ်။ အဲဒါကတော့ သူ့ကဏ္ဍတိုင်းမှာ သူ့ ဈေးကွက်ရဲ့ သဘောတရားအတိုင်း ပေးသွားကြတာပဲ။
ဆိုလိုတဲ့သဘောကတော့ ကြိုးစားသလောက်၊ အလုပ်လုပ် သလောက် မပေးဘူးဆိုရင် အဲဒီဈေးကွက်က အလုပ်သမားဟာ နောက်ဈေးကွက်ကို ပြောင်းသွားတဲ့ သဘောပါပဲ။ ဈေးကွက်ရဲ့ သဘောကိုက ကျွမ်းကျင်လုပ်သားတွေကို ပေးရမယ်ဆိုတော့ အဲဒီဘင်္ဂလားဒေ့ရှ်မှာ အနည်းဆုံးအခကြေးငွေ ၆၉ ဒေါ်လာ လောက် သတ်မှတ်တဲ့အချိန်မှာ အထည်ချုပ်တွေမှာ ဒေါ်လာ ၁၀၀ ကျော် ရတဲ့ လူတွေလည်း ရှိနေတယ်။ ၁၅၀ လောက်အထိ ရတဲ့ လူတွေလည်း ရှိတယ်။ ဒါပေမဲ့ သူတို့ဆီမှာ ဘယ်အလုပ် သမားမှ ဒေါ်လာ ၇၀ အောက်ကို လျော့ပြီး ရကြတာ မရှိဘူး။
ကျွန်တော်တို့ဆီမှာတော့ ၃,၆၀၀ သတ်မှတ်လိုက်တဲ့အချိန် ပြီးခဲ့တဲ့ကာလနဲ့ကြည့်တဲ့အခါမှာ တစ်လကို ၂၅ ရက်၊ ၂၆ ရက် နှုန်း အလုပ်ဆင်းတယ်လို့ သတ်မှတ်တွက်မယ်ဆိုရင် တစ်လ ဒေါ်လာ ၈၀ လောက်ရှိတယ်။ အဲဒီဝန်းကျင်ရှိတယ်။ အဲဒီတော့ ပြီးခဲ့တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်မှုမှာကတည်းက ဘင်္ဂလားဒေ့ရှ်ရဲ့ အထက်မှာတော့ ကျွန်တော်တို့က ရောက် နေတယ်။
လုပ်သားအများစုကို အသုံးပြုရတဲ့ စက်မှုကုန်ထုတ်ကဏ္ဍလုပ်ငန်းနယ်ပယ်မှာ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေဟာ ဘင်္ဂလား ဒေ့ရှ်ရှိတယ်။ ကမ္ဘောဒီယားရှိတယ်။ လာအိုရှိတယ် စသည်ဖြင့် ပေါ့နော်။ ကျွန်တော်တို့ အနည်းဆုံးအခကြေးငွေကို စဉ်းစားတဲ့ အခါမှာ ပြည်တွင်းရဲ့ လိုအပ်ချက်ကို ကြည့်ရတာရှိတယ်။
ပြီးရင် နိုင်ငံတကာ လိုအပ်ချက်ကတော့ လုပ်အားကို အခြေပြုပြီး ရပ်တည်တဲ့ နိုင်ငံတွေရဲ့ အနည်းဆုံးအခကြေးငွေနဲ့ ယှဉ်နိုင်အောင် ကျွန်တော်တို့ နိုင်ငံရဲ့ သတ်မှတ်ချက်ကို စဉ်းစားရ တာတွေ ရှိတယ်။
ကမ္ဘောဒီးယားက ၁၁၅ ဒေါ်လာ လောက်ရှိတယ်။ ထိုင်း နိုင်ငံကတော့ ၃၀၀ လောက်ရှိတယ်။ လာအိုကတော့ ကျွန်တော် မသေချာဘူး၊ ၁၈၀ ဒေါ်လာလောက်ရှိမယ်နဲ့ တူတယ်။ ပြောရ ရင်တော့ ကျွန်တော်တို့က အနည်းဆုံး အခကြေးငွေ သတ်မှတ်မှု မှာ အာဆီယံနိုင်ငံတွေထဲမှာ ပြီးခဲ့တဲ့ ကာလတုန်းက အနည်းဆုံး ကို ယူထားတယ်။
အခု ဘာကြောင့် ၄,၈၀၀ ကျပ် သတ်မှတ်သလဲဆိုတော့ အနည်းဆုံးလုပ်ခကို တိုးမယ်ဆိုတဲ့နေရာမှာ တိုးဖို့ သင့်တယ် ဆို တဲ့ဟာကို အရင်ဆုံး သဘောတူညီချက် ယူလိုက်တယ်။ နိုင်ငံ တော်အစိုးရဘက်က နောက်တစ်ခု ဘာကို ထပ်ပြီးတော့ စဉ်းစား သလဲဆိုတော့ ဒေသတစ်ခုနဲ့ တစ်ခုက မတူကြဘူး။ မတူတဲ့ အတွက်ကြောင့် ချင်းမှာ၊ ရခိုင်မှာ၊ ရှမ်းမှာ ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ဟာပေါ့။ အဲဒါကို ကျွန်တော်တို့ စဉ်းစားခဲ့ကြတယ်။
စဉ်းစားတဲ့အခါ ဒီအနည်းဆုံး အခကြေးငွေ တိုးပေးနိုင်ဖို့ အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ သဘောထားပေါ့။ ပြည်ထောင်စုရဲ့ သဘောထားကတော့ ဘယ်လိုရှိပါတယ်။ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ သဘောထားကတော့ ဘယ်လို ရှိပါ တယ် ဆိုတာတွေကို သဘောထားကောက်ခံမှု ကိစ်္စတွေဟာ တတိယအကြိမ် အစည်းအဝေးလောက်မှာ အဲဒီကိစ်္စတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်။
အပြန်ပြန်အလှန်လှန် ဆွေးနွေးကြတဲ့အထဲမှာ ဥပမာ အား ဖြင့် ရန်ကုန်လိုဟာမျိုးက ပိုပြီးတော့ဈေးကြီးတယ်။ ဈေးကြီးတဲ့ အတွက်ကြောင့်မို့ သူ့ကိုတော့ များများသတ်မှတ်။ ဧရာဝတီတို့၊ ပဲခူးတို့ ဆိုရင်တော့ ဈေးသိပ်မကြီးဘူး၊ အဲဒီအတွက်ကြောင့် သူ တို့ဆီမှာတော့ နည်းနည်းလျှော့ပြီး သတ်မှတ် ဆိုပြီးတော့ ဒေသ အလိုက် လုပ်ကြမလားဆိုတဲ့ဟာကို မေးကြတယ်။
ကျွန်တော်တို့ အဲဒီမှာ နံပါတ်တစ်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရုံး (International Labour Organization-ILO) ရဲ့ အကြံဉဏ်ကို ကျွန်တော်တို့ယူခဲ့တယ်။ ILO ကတော့ ကျွန်တော်တို့ နိုင်ငံလို အတွေ့အကြုံ သက်တမ်း နုနယ်သေးတဲ့ နိုင်ငံတွေမှာဆိုရင် ဒီ အနည်းဆုံးအခကြေးငွေ သတ်မှတ်မှုကို လောလောဆယ်မှာတော့ ဒေသ၊ ကဏ္ဍ မခွဲဘဲနဲ့ လုပ်ပါ ဆိုပြီး တော့ သူတို့ဘက်က ပြောလာတယ်။
အဓိက သူတို့ ဘာကြောင့် ပြောရလဲဆိုတော့ ဥပမာအား ဖြင့် ဒေသနဲ့ ကဏ္ဍတွေကို ကျွန်တော်တို့က ခွဲထုတ်လိုက်မယ် ဆိုရင် ဘယ်လို ဖြစ်သွားနိုင်သလဲဆိုတော့ လုပ်အားစီးဆင်းမှုမှာ မလိုလားအပ်တဲ့ ဟာတွေ အများကြီး ဖြစ်လာနိုင်တယ်။
ရန်ကုန်ကတော့ အနည်းဆုံး အခကြေးငွေ များမယ်၊ ပဲခူး မှာတော့ နည်းမယ်ဆိုရင် ရှင်းရှင်းပြောရရင် စက်ရုံတွေဟာ ပဲခူး ဘက်ကိုပဲ ပုံသွားမလားပေါ့။ ပုံသွားတဲ့အခါ ပဲခူးဘက်ကရော ဒီ ဟာက ကောင်းသလား၊ ဆိုးသလားပေါ့။
ရန်ကုန်ကတော့ အခုအချိန်မှာ ဘာပဲပြောပြော အလုပ် သမားတွေလည်း အများကြီး ပိုနေတယ်။ ရန်ကုန်မှာ ရှိနေတဲ့ အလုပ်လက်မဲ့ဦးရေ ဟာလည်း ပိုပြီး များတယ်။ ရန်ကုန်မှာ လုပ်အားကို အခြေပြုတဲ့ စက်ရုံတွေကို ပိုပြီးတည်တာကတော့ နိုင်ငံရဲ့ လိုအပ်ချက်အရ ဆိုရင်၊ ဈေးကွက်ရဲ့ လိုအပ်ချက်အရ ဆိုရင် ဒါဟာ ဖြစ်သင့်တဲ့ဟာ။
ဒီနေရာမှာ အစိုးရဘက်က အလုပ်သမားတွေနဲ့ မဖြေရှင်းချင်လို့ ဘဲ ဖြစ်ဖြစ်၊ အလုပ်ရှင်တွေနဲ့စကားမပြောချင်လို့ဘဲ ဖြစ်ဖြစ် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတစ်ခုကို အစိုးရ စိတ်ကြိုက်သတ်မှတ် ပြီး အနည်းဆုံး အခကြေးငွေကို သတ်မှတ်လိုက်ရင် ဈေးကွက်ရဲ့ လိုအပ်ချက်ကြောင့် မဟုတ်တော့ဘဲ၊ ဈေးကွက်ရဲ့ ရောင်းအား၊ ဝယ်အားတွေကြောင့် မဟုတ်တော့ဘဲ အလုပ်သမားဥပဒေတစ် ရပ်က ဈေးကွက်ရဲ့ အလားအလာတွေကို ဝင်နှောက်ယှက်သလို မျိုး ဖြစ်စေတယ်။ ဒါဟာ ဈေးကွက်ဖွံ့ဖြိုးရေးရှုထောင့်အပိုင်းက ကြည့်ရင် မဖြစ်သင့်ဘူးပေါ့။
အဲဒါကြောင့် ကျွန်တော်တို့လို တိုင်းပြည်မျိုးတွေမှာဆိုရင် ဒေသအလိုက်၊ ကဏ္ဍအလိုက် အနည်းဆုံး အခကြေးငွေကို ခွဲခြား သတ်မှတ်မယ်ဆိုရင် ပြဿနာတွေ ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ သတိထားပြီးတော့ လုပ်သင့်တယ်လို့ ILO က အကြံပြုတာ။
ဥပမာအားဖြင့် အမေရိကားလို နိုင်ငံမျိုးဆိုရင် ဈေးကွက် တွေ အားလုံးဟာ တည်ငြိမ်သွားပြီဗျာ။ နယ်နဲ့ မြို့နဲ့က ဘာမှ အခက်အခဲ မရှိတော့ဘူး။ အလုပ်သမားကလည်း နယ်မှာ ၁၀ တန်းအောင်တဲ့ အလုပ်သမားနဲ့ မြို့မှာ ၁၀ တန်းအောင်တဲ့ အလုပ်သမားတွေရဲ့ အရည်အချင်းကလည်း သူတို့ နိုင်ငံမှာ အတူတူပဲ။ သူတို့ နိုင်ငံတွေမှာ တခြားပေးထားချက်တွေဟာ ညီနေတဲ့ အတွက်ကြောင့် သူ့ဒေသနဲ့ သူ့ပြည်နယ်အလိုက် သူ့ရဲ့ အစိုးရက နေပြီးတော့ သူ့ရှုထောင့်ကနေ သူဆုံးဖြတ်တဲ့ဟာက အထက်မှာပြောခဲ့တဲ့ ဈေးကွက်ကို ဘာမှ ပျက်သွားစရာ၊ ထိခိုက်စရာ အကြောင်းမရှိဘူး။
ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာဆိုရင်တော့ အလုပ်သမားဥပဒေကြောင့် ဈေးကွက်တွေဟာ ရွေ့ကုန်မယ်။ ဈေးကွက်တွေဟာ ရှုပ်ထွေးကုန်မယ်ဆိုရင် ဒါဟာ ဈေးကွက်အပေါ်မှာ အများကြီး ထိခိုက်နစ်နာနိုင်စရာရှိတယ်။ အဲဒီ အတွက်ကြောင့်မို့လို့ တစ်ပြေးညီပဲ သတ်မှတ်ဖို့ သင့်တယ်ဆိုတာ ကို ILO ဘက်က ပြောလာတာတွေ ရှိတယ်။
နောက်တစ်ခုကတော့ ဘာလဲ ဆိုရင် ဥပဒေစိုးမိုးရေး ရှုထောင့်ကပေါ့။ ဥပဒေစိုးမိုးရေးရှုထောင့်ဟာလည်း အရေးကြီး တယ်။ ဘာကြောင့်လဲဆိုရင် ဥပဒေဟာ တစ်ခု သတ်မှတ်ပြီးရင် အဲဒီဟာကို လိုက်ပြီးတော့ စည်းကြပ်ရမယ်။ ဆိုလိုတာက ဥပဒေ က ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူနဲ့ သတ်မှတ်ထားရင် ဘာမှ ပြဿနာမရှိဘူး။ ဒါပေမဲ့ ဥပဒေက တစ်ကျောင်း တစ်ဂါထာ တစ် ရွာ တစ်ပုဒ်ဆန်း ဖြစ်နေရင် အဲဒီ ဆန်းနေတဲ့ နေရာတိုင်းမှာက အဲဒီဆန်းနေတာကို သိတဲ့ အလုပ်သမားအရာရှိ၊ အလုပ်သမား စစ်ဆေးရေးမှူးတွေပေါ့။ သူတို့ကလည်း ပိုပြီးတော့ သီးခြား စဉ်း စားရမယ့် ဟာတွေ ဖြစ်လာတယ်။
အဲဒီတော့ ကျွန်တော်တို့လို ဝန်ကြီးဌာနတိုင်းမှာ ဝန်ထမ်း ကို လုံလုံလောက်လောက် မခန့်နိုင်သေးတဲ့ ပြဿနာ၊ အလုပ် သမားစစ်ဆေးရေးမှူးတွေကိုလည်း စနစ်တကျ မလုပ်နိုင်သေး တဲ့ နိုင်ငံတွေမှာဆိုရင် ဒီလို ဒေသအလိုက် အနည်းဆုံး အခကြေး ငွေ သတ်မှတ်မှုဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်။ တခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေက အတွေ့အကြုံတွေကို ကြည့်ရင် လည်း အဲဒီအတိုင်းပဲ တွေ့ရတယ်။
အဲဒါကြောင့် ILOဘက်က အကြံပြုတာကတော့ ရိုးရှင်း လွယ်ကူပြီးတော့ ထိရောက်တဲ့ ဥပဒေ သက်ရောက်မှုကို စည်း ကြပ်ပေးနိုင်မယ့် အင်အားရှိပြီဆိုတော့မှသာ အထက်မှာ စဉ်း စားခဲ့တဲ့ ကဏ္ဍအလိုက်၊ ဒေသအလိုက် ခွဲခြားပြီး အခကြေးငွေ သတ်မှတ်တယ်ဆိုတဲ့ဟာက ဖြစ်သင့်တယ်လို့ အကြံပြုတယ်။ မဟုတ်ရင် အကုန်လုံးဟာ ရှုပ်ထွေးပြီးတော့ ဥပဒေ သက်ရောက် မှုတွေမှာပါ အားနည်းတာတွေ ဖြစ်လာနိုင်တယ်လို့ အကြံပြု တယ်။
လက်တွေ့မှာက တိုင်းဒေသကြီးပြည်နယ်တွေဘက်က ပြန် ပို့လာတဲ့ နှုန်းထားတွေရဲ့ ကွာဟမှုကို ကြည့်လိုက်တဲ့အခါမှာ ကွာဟမှုဟာ တစ်နယ်နဲ့ တစ်နယ်၊ ဒေသတစ်ခုနဲ့ တစ်ခု သိပ်ကွာဟ မနေဘူး။ ဘာမှ မကွာတဲ့အတွက် ဒေသအလိုက်၊ ကဏ္ဍအလိုက် မခွဲတော့ဘဲနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပဲ လုပ်မယ်ဆိုတဲ့ ဟာကို နောက်တစ်ဆင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်အဖြစ် ကျွန် တော်တို့ ရခဲ့တယ်။
အဲဒါက ဘာကို ပြောချင်တာလဲဆိုတော့ အနည်းဆုံး အခ ကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီရဲ့ လုပ်ငန်းတွေက နှုန်းထားသတ်မှတ်မှု ပေါ်ပေါက်ရေးတစ်ခုတည်းကိုပဲ လုပ်နေ တာမဟုတ်ဘူး။ ဒီစနစ်ကို ဘယ်လို ခိုင်အောင်လုပ်မလဲဆိုတာ ကိုပါ ကျွန်တော်တို့က ဦးစားပေးပြီးတော့ စဉ်းစားခဲ့တာ။
ဆိုတော့ စနစ်ထဲမှာ ပါတဲ့ဟာတွေက အခုပြောနေတဲ့ အနည်းဆုံး အခကြေးငွေဆိုတာ ပါတယ်။ ပြီးရင် လစာစနစ် ဆိုတာ ပါတယ်။ ပြီးရင် အချိန်ပိုဆိုတဲ့ ဟာတွေ ပါတယ်။ ပြီးရင် လုပ်အားစွမ်းရည်ဆိုတဲ့ ကိစ်္စတွေ ပါတယ်။ အနည်းဆုံး အခ ကြေးငွေ ဆိုတာက လစာထုတ်ပေးတဲ့ စလစ်မှာကြည့်လိုက်ရင် အောက်ဆုံးနားမှာရှိတယ်။
နောက်ထပ် ကျွန်တော်တို့ ဘာကို ဆွေးနွေးဖို့ ရှိသေးသလဲ ဆိုရင် ဒီ လစာစလစ်တွေမှာ နည်းနည်းလေး အလုပ်သမားတွေ ဘက်က နစ်နာတာတွေရှိတယ်။ အလုပ်ရှင်တွေဘက်ကလည်း နစ်နာတာတွေရှိတယ်။
အလုပ်သမားတွေဘက်က ဘာနစ်နာသလဲဆိုတော့ အလုပ်သမားတွေက အထူးသဖြင့် အရည်အချင်းရှိပြီးတဲ့ အလုပ် သမားတွေဟာ နည်းနည်း နစ်နာတယ်။ နစ်နာတာ ဘာလဲဆို တော့ အနည်းဆုံး အခကြေးငွေရဲ့ သဘောတရားက အနိမ့်ဆုံး လုပ်ခရနေတဲ့ လူတွေကို ကာကွယ်ပေးတာ။
အဲဒီတော့ အနိမ့်ဆုံးရနေတဲ့ လူတွေကို နည်းနည်းလေး မြှင့်ပေးလိုက်တာနဲ့ များများရနေတဲ့ သူတွေနဲ့ နည်းနည်းလေး ရနေတဲ့ သူတွေဟာ နည်းနည်းလေး နီးသွားတယ်။ လစာနှုန်း ထားဟာ ကပ်သွားတယ်။ ခင်ဗျားတို့ သတင်းမီဒီယာတွေမှာ ဆိုရင် အငယ်တန်းသတင်းထောက်နဲ့ အယ်ဒီတာရဲ့ လစာဟာ အရင်တုန်းက တစ်သိန်းလောက် ကွာနေရာကနေ အခုတော့ ငါးသောင်းလောက်ပဲ ကွာတော့မယ်ဆိုရင် အယ်ဒီတာဘက်က လည်း သူ့ရဲ့ လုပ်ငန်းခွင် ရပ်တည်မှုအပေါ်မှာ နည်းနည်း ဒွိဟ ဖြစ်လာသလိုပေါ့။ အရှေ့မှာ ၃,၆၀၀ သတ်မှတ်တုန်းကလည်း ဒီပြဿနာတွေ ဖြစ်ခဲ့ရတယ်။
အလုပ်ရှင်တွေက အနည်းဆုံးအခကြေးငွေကို သတ်မှတ် လိုက်တဲ့အတွက် အနည်းဆုံးရနေတဲ့ သူတွေကိုတော့ တိုးပေး လိုက်ပြီးတော့ များများရနေတဲ့ သူတွေကိုတော့ ဒီအတိုင်းပဲ ထား ပစ်ကြတယ်။ အဲဒါဟာ လစာစနစ်ကြောင့် အလုပ်သမားတွေ ဘက်က နစ်နာသွားတဲ့ဟာပေါ့။
အလုပ်ရှင်တွေဘက်ကျတော့လည်း ဘယ်လိုဖြစ်သလဲဆို ရင် အလုပ်သမားတွေဟာ အနည်းဆုံး ပေးနေရတဲ့သူတွေဟာ ပိုပြီး တိုးပေးလိုက်ရပေမယ့်လည်း သူတို့ဟာ အလုပ်ကို ပိုပြီး လုပ် မလာကြဘူး။ ငွေပိုရတဲ့အတွက် လုပ်ချင်စိတ်တွေ ဖြစ်လာပြီး တော့ ပိုတိုးလုပ်ပေးတဲ့၊ အလုပ်ရှင်ဘက်ကို ပြန်ကြည့်တဲ့ စိတ်တွေ ဖြစ်လာတာမျိုး မရှိဘူး။ မရှိဘဲနဲ့ ဆူလွယ်နပ်လွယ်တွေ လုပ်ကြတဲ့ ဟာတွေ ဖြစ်နေကြတယ်။ တစ်နေရာကနေ နောက်တစ်နေရာကို ပြောင်း၊ နောက်တစ်နေရာကနေ နောက်တစ်ရာကိုပြောင်း စသဖြင့်ပေါ့။
ဘာကြောင့်လဲဆိုရင် သူတို့က အနည်းဆုံးပဲ ရတာဖြစ်တဲ့ အတွက် နည်းနည်းလေး ပိုပင်ပန်းလာပြီဆိုရင် နောက်တစ်နေ ရာကို ပြောင်းလုပ်လည်း ဒီလခပဲ ရတာဆိုတော့ အလုပ်သမား တွေဟာ အလွယ်တကူ ပြောင်းတာ၊ သွားတာတွေ ဖြစ်ကြတယ်။
အဲဒါကို ကာကွယ်ဖို့ ဆိုရင် အလုပ်ရှင်ရော၊ အလုပ်သမားရော ပူး ပေါင်းဖို့ လိုတယ်။ အဲဒီတော့ လစာစနစ်ကို ပိုပြီး ကောင်းအောင် လုပ်ဖို့ လိုတယ်။ အဲဒီတော့ အလုပ်သမားမှတ်တမ်းပေါ့။
နိုင်ငံဝန်ထမ်းတွေမှာဆိုရင် နိုင်ငံဝန်ထမ်းမှတ်တမ်းဆိုတာ ရှိတယ်။ ဒါပေမဲ့ ပုဂ်္ဂလိကကဏ္ဍက အလုပ်သမားတွေမှာ အဲဒီ မှတ်တမ်း မရှိဘူး။ အဲဒီ မှတ်တမ်းစနစ်ကိုလည်း လုပ်ဆောင်ကြဖို့ ဆိုတာကို ဆွေးနွေးပွဲမှာ နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုချတယ်။
လစာစနစ်မှာ အလုပ်ရှင်ဘက်မှာရော အလုပ်သမားဘက်မှာပါ ပွင့်လင်းမြင်သာစွာနဲ့ လုပ်အားတန်ဖိုးကို အသိအမှတ်ပြုတဲ့ စနစ် ဖော်ဆောင်ဖို့ပေါ့။
အခု အလုပ်သွားလျှောက်တဲ့အခါ ရဲစခန်းထောက်ခံစာ လောက်ပဲလိုတယ်။ ဒါပေမဲ့ လစာစနစ်ပြုပြင်ပြောင်းလဲရင်တော့ အခုလောက်နဲ့ မရတော့ဘူး။ လေဘာကတ်သဘောမျိုးပဲ။ ဒါ ပေမဲ့ ဒီစနစ်သစ်က လေဘာကတ်ထက် ပိုပြီး ဘက်ပေါင်းစုံတဲ့ မှတ်တမ်းမျိုး ထိန်းနိုင်တာမျိုး ဖြစ်မယ်။ ဌာနဆိုင်ရာ ဝန်ထမ်း တွေကတော့ အခုကတည်းက ရှိတယ်။ မင်နီသားခံရတာ၊ သတိ ပေးခံရတာတွေရှိတယ်။ ဝန်ထမ်းရာဇဝင်မှာ အကုန်ရှိနေတယ်။ အဲဒီစနစ်ကို ရေရှည်မှာ ဖော်ဆောင်ဖို့ပေါ့။ ဒီဟာက လုပ်မယ် ဆိုရင်လည်း သိပ်မခက်ပါဘူး။
အချိန်ပိုလုပ်ခကလည်း အခုက ဘယ်လိုဖြစ်နေသလဲ ဆို တော့ မြန်မာနိုင်ငံတစ်ခုပဲ အာဆီယံနိုင်ငံအများစုနဲ့ နှိုင်းယှဉ် လိုက်ရင် အချိန်ပိုလုပ်ခသည် အနိမ့်ဆုံးလုပ်ခလစာထက် နှစ်ဆ ဆိုပြီး သတ်မှတ်ထားတယ်။ အာဆီယံနိုင်ငံအများစုက တစ်ဆခွဲပဲ သတ်မှတ်ထားတယ်။
အဲဒီတော့ ပြဿနာက ဘာလဲဆိုတော့ အနည်းဆုံး အခ ကြေးငွေ သတ်မှတ်လိုက်ပြီးဆိုတာနဲ့ အချိန်ပိုဆင်းရတဲ့ ကဏ္ဍ တွေမှာ အလုပ်ရှင်တွေဘက်မှာ စိန်ခေါ်မှုတွေ ရှိသွားရတယ်။ အချိန်ပိုဆင်းရပြီဆိုတာနဲ့ နင့်ခနဲ အလုပ်ရှင်ဘက်က ပေးရတာ ကိုး။ အဲဒီမှာ တချို့သော အလုပ်သမားတွေကလည်း ပုံမှန် အလုပ် ချိန်အတွင်းမှာ ခိုပြီးတော့ အချိန်ပို အလုပ်ဆင်းချင်တာမျိုးတွေ လည်း ရှိကြတယ်။ လုပ်ခ နှစ်ဆရအောင်ဆိုပြီး လုပ်တဲ့ အလုပ် သမားတချို့လည်း ရှိနေတယ်။ အဲဒီတော့ အလုပ်ရှင်တွေဘက်က လည်း နစ်နာတာတွေ ရှိတယ်။
ဖြစ်နိုင်ရင်တော့ အနည်းဆုံးအခကြေးငွေရဲ့ ရည်ရွယ် ချက်ကတော့ လူတစ်ယောက်ဟာ ဒီလခနဲ့သာ စားရုံ၊ သောက်ရုံ လုံလောက်ပြီဆိုရင် ဒီလူဟာ လိုအပ်ရင်တော့ အချိန်ပိုလုပ်ပေါ့။ မလိုအပ်ရင်တော့ အိမ်ပြန်ပြီး မိသားစုနဲ့ နေရင်လည်း လူမှုရေး အရ အများကြီး အကျိုးအမြတ်တွေ ရနိုင်တယ်။ ဒီအလုပ်သမား တွေဟာ ကျန်းမာရေးနဲ့ ပတ်သက်ပြီးလည်း ပိုပြီး ကောင်းလာနိုင် စရာတွေ ရှိတယ်။ အဲဒီတော့ အလုပ်သမားတွေဟာ ရေရှည် အလုပ်လုပ်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အနည်းဆုံး အခ ကြေးငွေကို သတ်မှတ်ပေးတာမျိုး ဖြစ်တယ်။
သို့သော်လည်းပဲ ဒီအပေါ်မှာ အခွင့်အရေးယူတဲ့ သူတွေ ဟာ အလုပ်ရှင်ဘက်မှာလည်း ရှိနေတယ်။ အလုပ်သမားဘက်မှာ လည်း ရှိနေတယ်။ သိုးမည်းဆိုတာက နေရာတိုင်းမှာ ရှိနေ တာပေါ့။
ဒီလုပ်အားစွမ်းရည်ကို မသတ်မှတ်ပေးနိုင်သရွေ့ကတော့ တကယ် အလုပ်လုပ်ရတဲ့သူနဲ့ အလုပ်မလုပ်နိုင်တဲ့သူတွေဟာ တန်းတူတွေဖြစ်နေပြီး နစ်နာမှုတွေ ရှိနေဦးမှာပဲ။ ဘာကြောင့်လဲ ဆိုရင် ဒါကို စနစ်တကျ မသတ်မှတ်ထားလို့ ။ ဒီအတွက်ကြောင့် ရသင့်တဲ့လူက မရဘဲနဲ့ မရသင့်တဲ့လူတွေက လုပ်အားခ ပိုရနေ တာတွေဟာ ရှိနေကြတယ်။ အဲဒါကြောင့် လုပ်အားစွမ်းရည်နဲ့ ပတ်သက်ပြီးတော့ ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာ တွေလည်း ကျွန်တော်တို့ ဆွေးနွေးဖြစ်ကြတယ်။
အဲဒီတော့ ဒီ အနည်းဆုံးအခကြေးငွေ စနစ်ထဲမှာ နှုန်းထား သတ်မှတ်မှုဟာ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အကြိတ်အနယ် ပြောခဲ့ရတယ်။ ဒါပေမဲ့ ကျန်တဲ့အပိုင်းတွေမှာလည်း ကျွန်တော်တို့ ဟာ အများကြီးကို ဆွေးနွေးဖြစ်ခဲ့ပြီး နားလည်မှုတွေ ရထား ပါတယ်။ ရှေ့ကို ဘယ်လို ဆက်လုပ်ကြမလဲဆိုတဲ့ လမ်းပြမြေပုံ လည်း ရခဲ့တယ်။ အဲဒါဟာ ပြီးခဲ့တဲ့ အနည်းဆုံး လုပ်ခလစာ သတ် မှတ်ရေး ဆွေးနွေးမှုတွေကနေရတဲ့ ရလဒ်ပေါ့။
ဒီနေရာမှာ လူတွေက ထင်နေတာက ရလဒ်ကိုကြည့်လိုက် ရင် နှုန်းထားသတ်မှတ်မှုကိုပဲ မြင်နေကြတယ်။ တကယ်တော့ လစာစနစ်ထဲမှာ တခြားဟာတွေ အများကြီး ရှိနေပါသေးတယ်။ ဒီဟာကို လူတွေ သတိမူမိသင့်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီလစာစနစ်တစ်ခုလုံးကို ကောင်း အောင် မလုပ်ပြန်ရင်လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ အမြင်မှာ ကျွန်တော်တို့ နိုင်ငံကို အမြင်စောင်းနိုင်စရာတွေ အများကြီး ရှိပါတယ်။
ဘယ်လိုအမြင်စောင်းနိုင်သလဲဆိုတော့ အလုပ်သမားတွေ က ဒီမိုကရေစီအစိုးရဆိုတော့ တောင်းပြီပေါ့။ ခက်နေတာက ဒီမိုကရေစီအစိုးရတစ်ရပ်ဟာ အားနည်းနေပြီဆိုရင်တော့ အလုပ်သမားတွေ ဖိအားပေးတဲ့နောက်ကိုသာ လိုက်နေတယ်ဆို ရင် ဒီလို တိုင်းပြည်မျိုးမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေကလည်း ကြည့်ကြပြီပေါ့။
အနည်းဆုံး အခကြေးငွေကို နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ် ကြိမ်၊ အမြဲတမ်း ဒီနိုင်ငံက တက်နေတယ်ဆိုရင် အဲဒီတိုင်းပြည်ဟာ ရေရှည်မှာ တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းအားဟာ အရမ်း ကျသွားနိုင်စရာလည်း ရှိပါတယ်။
ကျွန်တော်တို့ သတိပြုရမှာက ကိုယ်နဲ့ယှဉ်ပြိုင်နေတဲ့ နိုင်ငံ အများစုသည် အနည်းဆုံး အခကြေးငွေကို သတ်မှတ်တဲ့အခါမှာ ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်တဲ့နိုင်ငံတွေက အများ ကြီး မဟုတ်ဘူး။
ဒေသတွင်းနိုင်ငံတွေမှာ အနည်းဆုံးအခကြေးငွေကို သတ် မှတ်နေတာဟာ ကျွန်တော်တို့ နိုင်ငံလိုမျိုး၊ ဖြစ်စဉ်အပိုင်းကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့က အားလုံးပါဝင်တဲ့၊ အားလုံးဆွေး နွေးတဲ့လုပ်ငန်း။ အဲဒီလုပ်ငန်းဟာ တစ်ဖက်က ကြည့်ရင် ကျင့် ဝတ်ပိုင်းအရပေါ့နော်။ နိုင်ငံတကာရဲ့ လူ့အခွင့်အရေးရှုထောင့်ကို တန်ဖိုးထားမှုတွေအရ ကြည့်ရင်တော့ ကောင်းမွန်တဲ့ စံနှုန်းဆိုပေ မယ့်လည်း အမြတ်ရရေးကိုကြည့်တဲ့ တချို့သော နိုင်ငံတကာ ဈေးကွက်မှာ ဈေးအသက်သာဆုံးကို လိုက်ရှာနေတဲ့ ရင်းနှီးမြှုပ်နှံ မှု လုပ်တဲ့သူတွေရဲ့ ရှုထောင့်က ကြည့်ရင်တော့ ဒီလိုနိုင်ငံမျိုးမှာ အားနည်းချက်ရှိတယ်ဆိုတဲ့ အမြင် ဖြစ်စေတာက ကျွန်တော်တို့ နိုင်ငံအတွက် အရမ်းနစ်နာစရာ ဖြစ်နေရတယ်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကလည်း ဒီတိုင်းပြည်ဟာ ဈေးကြီးနေပြီဆိုတဲ့ အမြင်တွေ ရှိကောင်းရှိသွားမယ်။
သို့သော် ကျွန်တော်တို့သည် တခြားဘက်မှာလည်း ဒီစနစ် ကြီးတစ်ခုလုံးကို ခိုင်မာအောင် လုပ်နေတယ်ဆိုတဲ့ ဟာကို ပြဖို့။ ဘာကြောင့် ပြဖို့လိုသလဲဆိုတော့ ဒီဟာရဲ့ ရည်ရွယ်ချက်က ဘာ လဲဆိုရင် အလုပ်ရှင်အလုပ်သမား ဆက်ဆံရေးဟာ အပြုသဘော ဆောင်ပြီးတော့ လုံးဝကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးတော့ ဆွေးနွေး ပြီးတော့မှ နှစ်ဦးနှစ်ဖက်စလုံး မျှတတဲ့ ပုံစံ နဲ့ သွားနေတယ်။
ဒီအတွက်ကြောင့်မို့ နှုန်းထားသတ်မှတ်တဲ့နေရာတွေမှာ တခြားနိုင်ငံတွေလို ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တွေ မဖြစ်ဘူး။ သွေး ထွက်သံယိုတွေမဖြစ်ဘူး။ ဆန်္ဒပြတာတွေ မဖြစ်ဘူး။ စားပွဲဝိုင်းမှာ အားလုံးထိုင်ပြီးတော့ ဆွေးနွေးသတ်မှတ်လို့ ရတဲ့ အနေအထား ရှိတယ်။ တောင်းဆို တိုက်ပွဲဝင်ပြီးမှ သတ်မှတ်ပေးရတဲ့ အနေ အထားတွေ မရှိဘူး ။
ဒါဆိုရင် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေဘက်က ဘယ် လိုကြည့်မလဲဆိုရင် ကျွန်တော်တို့နိုင်ငံနဲ့ ကေ်္ဘာဒီးယားနဲ့ ယှဉ် ကြည့်ရင် ကေ်္ဘာဒီယားရဲ့ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး ဟာ ကျွန်တော်တို့လောက် သိပ်မကောင်းဘူး။ ဘင်္ဂလားဒေ့ရှ်နဲ့ ကြည့်မယ်ဆိုရင်လည်း သူတို့မှာလည်း ပြဿနာတွေ ရှိနေတယ်။
အဲဒီတော့ ကျွန်တော်တို့နိုင်ငံသည် တစ်ဖက်ကကြည့်ရင် နှုန်းထားကို မြှင့်လိုက်တယ်ဆိုပေမယ့် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးတွေ၊ နှုန်းထား သတ်မှတ်မှုတွေမှာ ကျွန်တော်တို့ နိုင်ငံဟာ အပြုသဘောဆောင်တယ်ဆိုတာကို ပြနိုင်တယ်ဆိုရင် ပြဿနာ မရှိနိုင်ဘူးဆိုတဲ့ဟာက တစ်ချက်ပေါ့။
အခုက ဘင်္ဂလားဒေ့ရှ်က လုံး၀ အနည်းဆုံးအခကြေးငွေကို မတိုးဘူး။ ထိုင်းကတော့ အခု တိုးဖို့ လုပ်နေကြတယ်။ ကေ်္ဘာဒီး ယားက တိုးသွားပြီဆိုတော့ ကျွန်တော်တို့ အခု တိုးထားတဲ့ နှုန်း ထားသည် အာဆီယံနိုင်ငံတွေထဲမှာ ပြဿနာ မရှိတဲ့ နှုန်းထား ဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ ယှဉ်ရင်တော့ သူက မတိုးတဲ့အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ အမြင်မှာတော့ ဘင်္ဂလားဒေ့ရှ်က မတိုးဘူးဆိုတဲ့ အမြင်တွေ ဖြစ်နေသေးတယ်။
နိုင်ငံတကာပုံရိပ်မှာ အနည်းဆုံး အခကြေးငွေနှုန်းထား မြှင့်တင်မှုကြောင့် ဒီနိုင်ငံကို ထိခိုက်သွားမှာကိုလည်း အလုပ်ရှင် တွေဘက်က စိုးရိမ်နေတာတစ်ခုပေါ့။ အလုပ်ရှင်တွေဟာ ဘာကို စိုးရိမ်သလဲဆိုတော့ အခု နှုန်းထားတိုးမြှင့်တဲ့အတွက် သူတို့ အိတ်ထဲက စိုက်လိုက်ရတာတွေအတွက်လည်း စိုးရိမ်နေတယ်။ ဒါ့အပြင် သူတို့အိတ်ထဲကို နောက်ထပ် ရောက်လာနိုင်မယ့် ငွေ ကြေးတွေ မလာတော့မှာ၊ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုတွေ မလာ တော့မှာကိုလည်း စိုးရိမ်နေကြတယ်။ သူတို့မှာတော့ အပူနှစ်ခု ရှိနေတာပေါ့။
မော်ကွန်း။ ။ နိုင်ငံတစ်ခုမှာ အနည်းဆုံးအခကြေးငွေကို သတ် မှတ်တဲ့အခါမှာ အခြား ကိုယ့်ရဲ့ ပြိုင်ဘက်နိုင်ငံတွေကိုလည်း ကြည့်ရသေးတယ် ဆိုတဲ့ သဘောကို ဆရာ ရှင်းပြနေတယ်လို့ ကျွန်တော် သဘောပေါက်ပါတယ်။ ဒါပေမဲ့ အခု နှုန်းထား တိုးမြှင့် သတ်မှတ်တာတောင်မှ ကျွန်တော်တို့နိုင်ငံရဲ့ အနည်းဆုံး လုပ်ခ နှုန်းဟာ ဘာကြောင့် အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ အနည်းဆုံး နှုန်းထား ဖြစ်နေရသေးတာလဲ။
ဦးဇော်ဦး။ ။ အနည်းဆုံးအခကြေးငွေ တိုးဖို့ ချိန်ဆကြတဲ့အခါမှာ အနည်းဆုံး အခကြေးငွေ နည်းဥပဒေမှာ အချက် ကိုးချက် ပေး ထားပါတယ်။ အများနားလည်အောင် ကျွန်တော် အဲဒီဟာကို ပြောရရင် အပိုင်းက နှစ်ပိုင်းပဲ ရှိပါတယ်။
တစ်ပိုင်းက ကျွန်တော်တို့ နိုင်ငံရဲ့ မက်ခရိုတွေပေါ့။ မက်ခရို စီးပွားရေးနဲ့ ပတ်သက်တဲ့ ဩန်ကိန်းတွေကို ကြည့်ရပါတယ်။ ဥပမာအားဖြင့် ငွေကြေးဖောင်းပွနှုန်း၊ ကုန်ဈေးနှုန်းတို့၊ လူနေမှု စရိတ်တို့၊ ငွေလဲနှုန်းတို့၊ အခြားနှုန်းတွေလည်း အများကြီး ရှိသေး တယ်။ ဒါက မက်ခရိုအဆင့်မှာ ကြည့်ရတဲ့ဟာတွေပေါ့။
နောက်တစ်ပိုင်းဖြစ်တဲ့ မိုက်ခရိုအဆင့်မှာဆိုရင် အလုပ် သမားတွေရဲ့ လိုအပ်ချက်က ဘယ်လိုရှိသလဲ။ အလုပ်ရှင်တွေရဲ့ ပေးနိုင်စွမ်းတွေရော ရှိရဲ့လား။ ပြီးရင် ဒီကဏ္ဍတွေဟာ တိုးတက် နေသလား၊ ဆုတ်ယုတ်နေသလား ဆိုတာတွေကို ကြည့်ရတယ်။ အဲဒါတွေကတော့ မိုက်ခရိုအဆင့်မှာပေါ့။
အဲဒီတော့ မိုက်ခရိုအဆင့်ကို ကြည့်ရင်တော့ အလုပ် သမားနဲ့ အလုပ်ရှင်တွေဟာ ဘဲစားဘဲချေပါပဲ။ အလုပ်သမားတွေ လိုအပ်နေတာလည်း မှန်တယ်။ အလုပ်ရှင်တွေဘက်ကလည်း ပေးဖို့ ခက်နေတာ၊ ပေးနိုင်စွမ်းအား မရှိဘူးဆိုတာလည်း အမှန်ပဲ ဖြစ်နေတယ်။ အဲဒီတော့ မိုက်ခရိုအဆင့်က အခြေအနေ မှာတော့ ကျွန်တော်တို့ဟာ ဘယ်ဘက်ကိုမှ လိုက်လို့ မရဘူး။
အဲဒီတော့ ပထမဆုံးအဆင့် ကျွန်တော်က စီးပွားရေးပညာ ရှင်တစ်ယောက်အနေနဲ့ အကြံပြုတာက တခြားနိုင်ငံတကာတွေ နဲ့လည်း ချိန်လို့ရအောင် မက်ခရိုအဆင့်ကို များများစဉ်းစားပြီး တော့ အခြေခံသင့်တယ်ဆိုတာကို ပြောခဲ့တယ်။ ပြောတဲ့အခါ မက်ခရိုအဆင့်မှာဆိုရင် ဥပမာအားဖြင့် ကုန်ဈေးနှုန်းပေါ့။ နောက် ငွေကြေးဖောင်းပွမှုနှုန်း ဘယ်လောက် ရှိနေသတုံးပေါ့။
ကျွန်တော်တို့ နိုင်ငံရဲ့ ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန် ထားတဲ့ ငွေကြေးဖောင်းပွမှုနှုန်းအရဆိုရင်တော့ ခြောက်ရာခိုင် နှုန်းနဲ့ ခုနစ်ရာခိုင်နှုန်းလောက် ရှိနေတယ်။ သို့သော် ကျွန်တော်တို့ ရဲ့ နေထိုင်စားသောက်မှုနှုန်းကို ကောက်ကြည့်မယ်ဆိုရင် ဈေး တွေထဲမှာ သွားမေးကြည့်ရင်တော့ အခြေခံစားသောက်ကုန် တွေရဲ့ ကုန်ဈေးနှုန်းတက်နေတာဟာ ၁၀ ရာခိုင်နှုန်း အထက်မှာ ရှိနေတယ်။
ပြီးရင် တွက်ချက်ရတာက ငွေလဲနှုန်း။ ငွေလဲနှုန်းဟာ ၂၀၁၅ တုန်းက တစ်ဒေါ်လာကို ၁၁၅၀ ကျပ်လောက် ရှိနေတာက နေ အခုက ၁၃၅၀ ကျပ် ပတ်ဝန်းကျင်လောက်ဖြစ်နေတယ်။ ကျပ် ၂၀၀ လောက် တက်နေတယ်။ ကျွန်တော်တို့ရဲ့ ငွေတန်ဖိုးဟာ ကျသွားတယ်။
ဥပမာ-အရင်တုန်းက မြန်မာငွေ တစ်ကျပ်နဲ့ ရေသန့် တစ် ဘူး ဝယ်လို့ရရင် အခုအခါမှာတော့ တစ်ကျပ်နဲ့ ရေသန့်တစ်ဘူး ဝယ်လို့ မရတော့ဘူး။ တကယ်လို့ ခင်ဗျားက တစ်ကျပ်ပဲ ရနေ တယ်ဆိုရင် ခင်ဗျားအတွက် မကိုက်တော့ဘူး။ အဲဒါဟာ ငွေတန် ဖိုးကျသွားတယ်ဆိုတဲ့ သဘောပါပဲ။
ငွေတန်ဖိုးကျတဲ့အခါ ပိုပြီး နစ်နာတာက အလုပ်သမားတွေ နစ်နာတယ်။ အလုပ်ရှင်တွေကတော့ ငွေတန်ဖိုးကျသွားတဲ့ အတွက် ပိုပြီးတော့တောင် အကျိုးရှိသွားစေတယ်။ အဲဒီတော့ ငွေတန်ဖိုးကျနေတာကြောင့်လည်း အလုပ်သမားဘက်ကို စဉ်း စားပေးရမယ်ဆိုတဲ့ တွေးခေါ်မှု ကျွန်တော်တို့ဘက်မှာ ဖြစ်တယ်။
ဒီတော့ နိုင်ငံတကာ မျက်နှာစာကို ပြန်ပြီးတော့ သွားရမယ် ဆိုရင် အခု သတ်မှတ်တဲ့ ၄,၈၀၀ နှုန်းကို အခုပေါက်နေတဲ့ ၁,၃၅၀ ဝန်းကျင်ဆိုတဲ့ ငွေလဲနှုန်းနဲ့ ကြည့်မယ်ဆိုရင် ၃ ဒသမ ၅ ဒေါ်လာ လောက်ရှိ တယ်။ ပြီးခဲ့တဲ့ ၂၀၁၅ အနည်းဆုံးအခကြေးငွေ စတင် သတ်မှတ် တုန်းကဆိုရင် အနည်းဆုံးလုပ်ခဟာ အဲဒီတုန်းက ငွေလဲနှုန်းအရ ၃ ဒသမနဲ့ ၂ ဒေါ်လာလောက် ရှိတယ်။ အဲဒီတော့ အခု နှုန်းထား ပြင်ဆင်သတ်မှတ်မှုဟာ ဒသမသုံးလောက် တက် လာတယ်ပေါ့။
အဲဒီတော့ ဒသမ ၃ တက်လာတာသည် တကယ်တော့ ၁၀ ရာခိုင်နှုန်းလောက်ပဲ တိုးတယ်လို့ ပြောနိုင်တယ်။ ဆိုလိုတာက အနည်းဆုံး အခကြေးငွေ ပြင်ဆင်သတ်မှတ်မှုနှုန်းထားကို ဒေါ် လာနဲ့ ချိန်ကြည့်တဲ့အခါ ၁၀ ရာခိုင်နှုန်းလောက် တက်တာဟာ နိုင်ငံတကာအမြင်မှာရော၊ နိုင်ငံတကာမှာ လုပ်လေ့လုပ်ထရှိတဲ့ ပုံစံတွေအရရော ဒါဟာ အလုပ်သမားခ အများကြီး တက်သွား တယ်ဆိုတဲ့ နှုန်းထား မဟုတ်ပါဘူး။
အဲဒီတော့ နိုင်ငံတကာမျက်နှာစာမှာ အလုပ်ရှင်တွေဘက် က စိတ်ပူတဲ့ သူတို့ဆီကို ထပ်ပြီးတော့ အပ်ကုန်တွေ အပ်ပါတော့ မလားဆိုတဲ့ ကိစ်္စတွေ။ သူတို့ဈေးကွက်ကနေပြီး တခြားဈေးကွက် ကို ရောက်သွားတော့မလားဆိုတဲ့ ကိစ်္စတွေ။ အလုပ်ရှင်တွေရဲ့ စိုး ရိမ်ပူပန်မှုတွေကို ကျွန်တော်တို့က ကာပြီးသားဖြစ်မယ်ဆိုတဲ့ ဟာ က ဒီနှုန်းထားပြင်ဆင်မှု ဖြစ်စဉ်မှာ စဉ်းစားချက်က ရှိပြီးသား ဖြစ် ပါတယ်။
ဒီမှာ အလုပ်သမားတွေဘက်ကို ကျွန်တော်တို့က တောင်း ပန်ချင်တာက ဒီထက်ပိုပြီး နှုန်းထားကို သတ်မှတ်မယ်ဆိုရင် တော့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်ဟာ လေးဒေါ်လာ ကို ကျော်သွားတယ်ဆိုရင်၊ အလုပ်သမားတွေ တောင်းဆိုတဲ့ အနိမ့်ဆုံး ၅,၆၀၀ သတ်မှတ်ပေးပါဆိုတဲ့ တောင်းဆိုမှုကို လိုက် လျောရင် လေးဒေါ်လာကျော်သွားပြီ။ လေးဒေါ်လာကျော်သွားရင် ထိပ်စီးပြောင်းသွားပြီ။ ထိပ်စီးပြောင်းသွားရင် ကျွန်တော်တို့နိုင်ငံ ရဲ့ နိုင်ငံတကာ မျက်နှာစာဈေးကွက်အခြေအနေဟာ အင်မတန်မှ အကြီးအကျယ်ကို ဂယက်ရိုက်ခတ်လိမ့်မယ်။
အဲဒီအခါကျရင် စက်မှုကုန်ထုတ်ကဏ္ဍတွေတင် မဟုတ် တော့ဘူး။ အထည်ချုပ်တွေတင် မဟုတ်တော့ဘူး။ တခြား ကဏ္ဍတွေကိုပါ ဂယက်ရိုက်ခတ်မယ့် သဘောလည်း ရှိနေတယ်။ အဲဒီ ဂယက်ရိုက်မှုတွေ ဖြစ်လာတဲ့အခါ ယခုလက်ရှိ စီးပွားရေး အကျပ် အတည်းကို ရင်ဆိုင်နေရတဲ့ အစိုးရတစ်ရပ်အနေနဲ့ ဒါကို ဖြေရှင်း ဖို့ ဆိုတာဟာ အတော်ခက်သွားလိမ့်မယ်။
အလုပ်ရှင်တွေ နစ်နာတာကိုလည်း သိပ်ပြီးတော့ လျစ် လျူရှုထားဖို့ မကောင်းပါဘူး။ ကျွန်တော့်အမြင်ကတော့ စက်မှု ကုန်ထုတ်လုပ်ငန်းကဏ္ဍမှာ လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့သူ တွေသည် ကျွန်တော်တို့ နိုင်ငံအတွက် အားကိုးရမယ့် လူတွေလို့ ယူဆတာကြောင့်ပါ။
ဘာကြောင့်လဲဆိုရင် ဒီရင်းနှီးမြှုပ်နှံသူတွေဟာ အများ ကြီး ဝီရိယ စိုက်ထားထားရတယ်။ သစ်ခုတ်ရောင်းတဲ့ လုပ်ငန်း ရှင်တွေ မဟုတ်ပါဘူး။ မြေကြီးဦးအောင်ရယူထားပြီး မြေပြန် ရောင်းစားတဲ့ လုပ်ငန်းရှင်တွေလည်း မဟုတ်ပါဘူး။ သူတို့တွေက ထုတ်လုပ်မှုကနေ ရောင်းချမှုအထိ အစကနေ အဆုံး ကိုယ်တိုင် ဆောင်ရွက်ကြရတဲ့ သူတွေ။ ဒီလို လူတွေကို နိုင်ငံတော်ကသာ ပံ့ပိုးပေးမယ်ဆိုရင် ပံ့ပိုးသင့်တဲ့ အကောင်းဆုံး လုပ်ငန်းရှင်တွေ ထဲမှာ ပါပါတယ်။ ကျွန်တော် အလုပ်သမားတွေဘက်ကို ပြောတာ ရှိပါတယ်။ အရမ်းကာရော ဆန်္ဒတွေ ထွက်မပြကြပါနဲ့လို့။ ဒီ အချိန်မှာ အလုပ်သမားတွေ ဆန်္ဒထွက်ပြရင် အလုပ်ရှင်တွေပဲ နာမှာ။ ဘာကြောင့်လဲဆိုတော့ လူထုစိတ်ကြိုက် ရွေးချယ်ထားတဲ့ လူထုအစိုးရဟာ ဆန်္ဒထွက်ပြတာကြောင့် လူထုထောက်ခံမှု လျော့သွားမှာ မဟုတ်ဘူး။ အစိုးရမှာက ထောက်ခံသူတွေက ရှိပြီးသား။ အဲဒီတော့ အလုပ်သမားတစ်စု ဆန်္ဒပြတာကိုလည်း အစိုးရဟာ ဂရုစိုက်ချင်မှ ဂရုစိုက်မယ်။
မော်ကွန်း။ ။ အစိုးရပိုင်းက အလုပ်သမားကို ကူညီသလို အလုပ် ရှင်တွေကိုလည်း ကူညီရမယ်ဆိုတာတွေက ဘယ်လိုဟာမျိုးတွေ ကို ပြောတာလဲခင်ဗျ။ နည်းနည်းလောက် ရှင်းပြပေးပါလား။
ဦးဇော်ဦး။ ။ အလုပ်ရှင်ဆိုတာက စက်မှုကုန်ထုတ်လုပ်ငန်းကဏ္ဍ က လူတွေကို ပြောတာပါ။ အဓိက ဒီလူတွေဟာ လုပ်သားအများ ကြီးကို အလုပ်ပေးနိုင်တဲ့ သူတွေပေါ့။ အစိုးရအနေနဲ့ အခွန်ပိုင်းနဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာတွေမှာ ဖွံ့ဖြိုးအောင် လုပ် ပေးခြင်းနဲ့ သူတို့ကို ကူညီနိုင်တာတွေလည်း ရှိပါတယ်။
အခြေခံအဆောက်အအုံထဲမှာဆိုရင် ဥပမာပေးရရင် ကျွန် တော်တို့ဆီမှာ လျှပ်စစ်နဲ့ ပတ်သက်ရင် စက်မှုဇုန်တွေကို မီးဖြတ်၊ လူနေအိမ်ခြေတွေကိုတော့ မဖြတ်နဲ့ ဆိုတဲ့ သဘောတရားတွေ လည်း ရှိခဲ့ကြတယ်။ ဒါကတော့ နည်းနည်း နိုင်ငံရေး ပါတာပေါ့။
စက်မှုဇုန်ကို မီးဖြတ်လိုက်တာကြောင့် လုပ်ငန်းရှင်တွေမှာ ပြဿနာရှိသွားတာ မှန်ပေမယ့် လူနေအိမ်တွေကို မီးသွားဖြတ် ခဲ့ရင် လမ်းပေါ်ထွက်လာမှာတွေ ရှိတာကိုး။ အလုပ်ရှင်တွေက လမ်းပေါ် မတက်ကြဘူးလေ။
ပြဿနာက ဒီလိုစဉ်းစားပုံမျိုးတွေဟာ ခဏပန်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရေရှည်မှာ မကောင်းပါဘူး။ ဖြစ်နိုင်ရင် တော့ စက်မှုဇုန်တွေကို မီးဖြတ်တာမျိုး လုပ်ဆောင်တာကို အစိုးရ အနေနဲ့ သတိထားပေးဖို့ လိုပါတယ်။ ခုနက ပြောပြတဲ့ လုပ်အား ကို အခြေပြုပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေဟာ အမှားအယွင်း မခံကြဘူး။ အဲဒီလို အပိုင်းတွေမှာဆိုရင် မီးဖြတ်တောက်ပစ်မယ့် သူတွေဟာ တော်တော်လေးကို သတိထားသင့်ပါတယ်။
ဘယ်လိုနေရာတွေကို မီးဖြတ်မှာလဲ။ ဘယ်နေရာတွေကို တော့ မီးမဖြတ်ဘူးလဲ။ ဒီလိုဟာလေးတွေကအစ အစိုးရပိုင်းက စဉ်းစားပေးဖို့ပေါ့။ ဒါဟာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဘက်က ဒီကဏ္ဍတွေကို ဘယ်လို ပံ့ပိုးပေးမလဲဆိုတာ ထည့်စဉ်းစားပေးဖို့ ပေါ့။ စီမံ/ဘဏ္ဍာဝန်ကြီးဌာနအနေနဲ့ကလည်း အခွန်ပိုင်းဆိုင်ရာ တွေမှာ စဉ်းစားပေးဖို့။ စီမံ/ဘဏ္ဍာ ဆိုရင် အမြတ်ခွန်ရှိတယ်။ အကောက်ခွန်လည်း ရှိတယ်။
အကောက်ခွန်ကျတော့ သူများတွေ မစဉ်းစားကြတဲ့ ဟာက အခြားလုပ်ငန်းအမျိုးအစားတွေက အကောက်အခွန် တစ်ခါပဲ သွားတယ်။ ဒီလုပ်သားအများအပြားကို အသုံးပြုနေတဲ့ အထည်ချုပ်လုပ်ငန်းတွေပေါ့၊ စက်မှုကုန်ထုတ်လုပ်ငန်းတွေပေါ့။ သူတို့က အကောက်ခွန် နှစ်ခါ သွားရတယ်။ အဲဒီတော့ အစိုးရ အနေနဲ့ သူတို့ကို ဘယ်လိုအပိုင်းတွေမှာ ဖြေလျော့ပေးမလဲပေါ့။
ပြည်ပကနေဝင်လာတဲ့နေရာမှာ အခွန်ဖြေလျော့မှုတွေ ပေးမလား၊ ပြည်ပကို အထွက်မှာ အခွန်ဖြေလျော့မှုတွေ ပေး မလားပေါ့။ ကျွန်တော် အလိုအရတော့ အထွက်မှာ ဖြေလျော့ပေး မှာပေါ့။ ဒီပစ်္စည်းတွေဟာ ဘာနဲ့မှ ရောပြီး သယ်သွားနိုင်စရာမှ မရှိဘူး။ အကောက်ခွန်ဌာနဘက်ကလည်း လုပ်လို့ ရတဲ့၊ လုပ် ပေးနိုင်တဲ့ ဟာတွေ ရှိပါတယ်။ စာအုပ်ကြီးအတိုင်း ကိုင်ထားပြီး လုပ်ဆောင်ရင်တော့ ဒီလုပ်ငန်းရှင်တွေ ခံတော့ပေါ့ဗျာ။ စောင့် တော့ပေါ့။
ဒီလုပ်ငန်းရှင်တွေရဲ့ ပြဿနာက တစ်ရက်ပိုပြီး စောင့်လိုက် ရတယ်ဆိုရင် ရာနဲ့ ချီ၊ ထောင်နဲ့ ချီတဲ့ ဒေါ်လာတွေ ဆုံးရှုံးကုန်ရ တယ်။ နှစ်ရက်ပိုစောင့်ရရင် ပိုနစ်နာတယ်။ ဘာကြောင့်လဲဆိုရင် ဒီနိုင်ငံမှာလို မစောင့်ရတဲ့ တိုင်းပြည်တွေက ပို့နေတာတွေလည်း ရှိနေတာကိုး။
မော်ကွန်း။ ။ အခု အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ဟာ ၁၀ ဦးနဲ့ အထက် လုပ်ငန်းတွေကို သက်ရောက်စေမယ်လို့ ကြေ ညာထားတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဝေဖန်မှုတွေ ရှိနေ ပါတယ်။ ဒီသုံးသပ်ချက်တွေအပေါ် ဘယ်လို မြင်ပါသလဲ။
ဦးဇော်ဦး။ ။ အနည်းဆုံးအခကြေးငွေဥပဒေမှာက ငါးဦးနှင့် အထက် လုပ်ငန်းတွေကို သတ်မှတ်နိုင်သည်လို့ ပြောထားတော့ အဓိပ်္ပာယ်ဖွင့်ဆိုတာက သတ်မှတ်နိုင်သည်လို့ ဖြစ်ပြီးရမည်လို့ မဆိုထားဘူး။ ဒါကို ကျွန်တော်တို့ စဉ်းစားသေးတယ်။ ငါးဦးနှင့် အထက် လုပ်ငန်းအားလုံး သတ်မှတ်ရမည်လို့ လုပ်လိုက်ရင် ဘယ်သူတွေ နစ်နာကုန်မလဲ။ ဆိုတော့ အခု အိမ်ဆိုင်လေးတွေ၊ တစ်နိုင်တစ်ပိုင် လုပ်ကြတဲ့ဟာတွေ စသဖြင့် အကုန်လုံးကို ထိ ခိုက်ကုန်မယ်။
ကောင်းတာကတော့ အားလုံးကို အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရင် ပိုကောင်းတာပေါ့။ သို့သော်လည်းပဲ အထက်မှာ ပြောခဲ့သလိုပါပဲ။ ဥပဒေတွေကို သတ်မှတ်ပြီးရင် တကယ်ရော စည်းကြပ်နိုင်ကြရဲ့လားပေါ့။ ၁၀ ယောက်ရှိတယ်၊ ၁၅ ယောက် ရှိနေတယ်ဆိုတာကို တကယ်ရော လိုက်ကြည့်နိုင်ရဲ့လားပေါ့။ ဒီ ဟာတွေ မလုပ်နိုင်သေးဘဲနဲ့ သတ်မှတ်ခဲ့မယ်ဆိုရင် လိုက်နာ ဆောင်ရွက်တဲ့ လုပ်ငန်းရှင်က ပိုပြီးနစ်နာရပြီးတော့ မလိုက်နာတဲ့ လူတွေက အေးဆေးပဲ ဆက်နေလို့ ရတယ်ဆိုရင် အဲဒီဥပဒေက အရာမရောက်တဲ့ ဥပဒေမျိုး ဖြစ်သွားမှာပေါ့။
မူအရတော့ ကျွန်တော်တို့ဟာ အနည်းဆုံး အခကြေး ငွေနှုန်းထား သတ်မှတ်မှုကို အလုပ်သမားတိုင်း ရသင့်တယ်လို့ မူချထားတဲ့အတွက်ကြောင့်မို့ တဖြည်းဖြည်းနဲ့ ရသင့်တဲ့ အလုပ် သမားတွေရဲ့ နယ်ပယ်တွေ ကျယ်လာအောင် ဆိုပြီး ပထမအကြိမ် တုန်းက သတ်မှတ်ထားတဲ့ ၁၅ ဦးကနေ အခု ၁၀ ဦးကို လျှော့ ချလိုက်တာ ဖြစ်ပါတယ်။ ဥပဒေအရ သတ်မှတ်ထားတဲ့ ငါးဦးနှင့် အထက် ဆိုတာနဲ့လည်း ဒါဟာ ကိုက်ညီပါသေးတယ်။
ဒီနေရာမှာ စက်မှုဝန်ကြီးဌာနက ကျွန်တော်တို့ကို ရှင်းပြ တဲ့ဟာ တစ်ခု ရှိသေးတယ်။ သူ ရှင်းပြတော့မှ ရှုပ်ကုန်တာက သူတို့က အသေးစားလုပ်ငန်းကို အလုပ်သမား ၃၀ အထိ သတ် မှတ်လိုက်ပြီတဲ့။ သူတို့ဘက်က သဘောထားကလည်း ၃၀ နဲ့ သတ်မှတ်လို့ သင့်ပါတယ်ဆိုတဲ့ သဘောထားလည်း ရှိနေတယ်။
သို့သော်လည်း ကျွန်တော်တို့ကတော့ သူတို့ပြောတာကို မယူ တော့ဘူး။ အဲဒီလို လုပ်ခဲ့ရင် ကျိန်းသေပေါက် အလုပ်သမားတွေ ဘက်က အကြီးအကျယ် ပြဿနာရှာနိုင်တယ်ပေါ့။ နိုင်ငံတကာ အလုပ်သမားရေးရာ ရှုထောင့်တွေက လူတွေ၊ လူ့အခွင့်အရေး ရှုထောင့်တွေက လူတွေကလည်း ထပြီး ပြဿနာရှာနိုင်သေး တယ်။ လူ့အခွင့်အရေး ရှုထောင့်အရ ရခိုင်တင်မက အလုပ်သမား အရေးမှာပါ ပြဿနာ ရှာခံရရင် ဒုက်္ခဟ ဆိုတဲ့ စဉ်းစားချက်တွေ လည်း ကျွန်တော်တို့ ကြည့်ခဲ့ပါတယ်။
မော်ကွန်း။ ။ ဒါဆိုရင် အာဆီယံဒေသတွင်းထဲကမှ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေကို မဆိုလိုပါဘူး။ ကိုယ်နဲ့ ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ တိုင်း ပြည်အဖြစ် သတ်မှတ်ခံထားရတဲ့ အခြားနိုင်ငံတွေထက်တောင် ကျွန်တော်တို့ နိုင်ငံရဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ချက်ဟာ နိမ့်ကျနေသေးတာကို တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။
ဦးဇော်ဦး။ ။ အဓိကကတော့ ကျွန်တော်တို့ နိုင်ငံဟာ လုပ်အားကို အခြေပြုတဲ့ နိုင်ငံမဟုတ်ဘူး။ သဘာဝအရင်းအမြစ်ကို ရောင်း စားပြီးတော့ ထိန်းထားရတဲ့ နိုင်ငံ။ နောက် အာဆီယံ ဒေသတွင်း အခြားနိုင်ငံတွေအားလုံးနဲ့ အနည်းဆုံး အခကြေးငွေ နှုန်းထား မတူညီနေတာက ကျွန်တော်တို့ဟာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ မှု ခံခဲ့ရတဲ့ နိုင်ငံ။ အဲဒီတော့ ကျွန်တော်တို့မှာ မိတ်နိုင်ငံပေါ့။ ကျွန် တော်တို့ကို လာပြီး ပုံအပ်မယ်တို့၊ ကျွန်တော်တို့ ဆီကနေ ရသမျှ ယူမယ်တို့ ဆိုတဲ့ နိုင်ငံတွေဟာ ကျွန်တော်တို့မှာ အရင်တုန်းက အများကြီး မရှိခဲ့ဖူးဘူး။
မိတ်နိုင်ငံဟာ ၂၀၁၃ ကျမှ ဥပရောပသမဂ်္ဂက စီးပွားရေး ပြန်လည်ဖွင့်ပေးလိုက်တော့မှ စပြီး ရလာတာ။ ပြီးရင် ၂၀၁၆ ကျမှ အမေရိကန်ထပ်ဖွင့်ပေးတော့ နည်းနည်းလေး ထပ်ရလာ တယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ မိတ်နိုင်ငံ ရှာဖွေထားနိုင်တာဟာ အများကြီး ရှိမနေသေးဘူး။
အခု ဒီကြားထဲမှာ ပြဿနာတစ်ခုက ရခိုင်အရေးကိစ်္စ ထ ဖြစ်တော့ မိတ်နိုင်ငံက ပြန်လျော့သွားဖို့ပဲ ရှိနေတယ်။ ထပ်တိုး လာဖို့က မရှိဘူး။ ပြီးရင် ကျွန်တော်တို့ရဲ့ လုပ်အားကဏ္ဍဆိုတာကို ပြောနေတာက အထည်ချုပ်လောက်ရှိတာ။ ဒီဟာနဲ့ စနေရတာ။ လာအိုတို့၊ ကေ်္ဘာဒီယားတို့၊ ဗီယက်နမ်တို့မှာက အမျိုးစုံ ရှိနေပြီ။
အဲဒီနိုင်ငံတွေမှာ လုပ်အားကို အသုံးပြုပြီးတော့ အထည် ချုပ်တာကအစ ကွန်ပျူတာဆင်တဲ့အထိ လုပ်ငန်းမျိုးစုံ ရှိနေပြီ။ ဆမ်ဆောင်းကုမ်္ပဏီဆိုရင် ဗီယက်နမ်မှာပေါ့။ ကုန်ခဲ့တဲ့ ဆယ်နှစ် လောက်မှာ ကွန်ပျူတာ ချစ်ပ် အသေးလေးတွေကို တပ်ဆင်တဲ့ အလုပ်သမားတွေဟာ အခုအခါမှာ ကွန်ပျူတာအကြီးကြီးတွေ အထိ တပ်ဆင်တဲ့ အလုပ်သမားတွေ ဖြစ်သွားပြီ။ ဒီအလုပ်သမား တွေပဲနော်။ ပြောချင်တာက သူတို့နိုင်ငံတွေရဲ့ လုပ်အားဈေးကွက် တိုးတက်မှုဟာ ကျွန်တော်တို့ထက် အများကြီး အရှေ့ကို ရောက် သွားပြီ။
ပြီးတဲ့အခါ သူတို့မှာက ကဏ္ဍကြီးက အကြီးကြီးပဲ။ လုပ် အားကဏ္ဍမှာ ကျွန်တော်တို့မှာ ခန့်ထားနိုင်တာက အခုလော လောဆယ်မှာ ဒါတောင် အတည်မပြုရသေးဘူးနော်။ လုပ်သား ဟာ လေးသိန်းနဲ့ ငါးသိန်းကြားမှာပဲ ရှိနေတယ်။ မိတ်ကလည်း တစ်နိုင်ငံ၊ နှစ်နိုင်ငံပဲ ရှိနေတယ်။
ဒီအချက်တွေကြောင့် အနည်းဆုံး အခကြေးငွေသတ်မှတ်မှု ကို ကျွန်တော်တို့ဟာ အရမ်း သတိထားရတယ်။ တကယ်လို့ တခြားနိုင်ငံတွေထက်ပိုပြီး လုပ်လိုက်ရင် မိတ်တွေလည်း လျော့ သွားနိုင်တယ်။ ဈေးနှုန်းချင်း တူသွားရင်တောင် နိုင်ငံတကာ အလုပ်အပ်မယ့်သူတွေဟာ ကျွန်တော်တို့ဆီကို မလာတော့ဘဲ အခြားပြိုင်ဘက် နိုင်ငံတွေကို ရောက်သွားနိုင်စရာတွေ ရှိတယ်။ တခြားနိုင်ငံတွေမှာက အထည်ချုပ်မရှိလည်း သင်တန်းလေးတွေ သွားတက်ပြီးတော့ အခြားလုပ်ငန်းတွေကို ဝင်လုပ်လို့ ရတယ်။ ဒီနိုင်ငံမှာကသင်တန်းတက်ပြီး အခြားအလုပ် ပြောင်းမယ် ဆိုရင် တောင် အဲဒီအလုပ်တွေ ရှိမနေဘူး။ အထည်ချုပ်ရယ်၊ ဖိနပ် ချုပ်ရယ်၊ စားသောက်ကုန်ရယ် ဒီလောက်ရှိတာ။ လုပ်အား အခြေပြုလုပ်ငန်းဟာလည်း လေးမျိုးလောက်သာ ရှိသေးတာ။ သူများနိုင်ငံတွေလို အများကြီး ရှိမနေဘူး။
ကျွန်တော်တို့မှာတော့ ရွေးချယ်စရာ သိပ်ပြီး ရှိမနေဘူး။ အဲဒါကြောင့် အလုပ်သမားတွေကို တောင်းပန်ချင်တာက ဒီ အချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးရောက်ရှိနေတဲ့ အဆင့် ဟာ ဒီလောက်ပဲ လုပ်ပေးနိုင်တဲ့ အခြေအနေမှာ ဖြစ်နေတာ ကြောင့် ကိုယ့်နိုင်ငံက အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာ မဟုတ်ပါဘူးလို့။ ကျွန်တော်တို့ဟာ အခြားသူတွေကို အမီလိုက် နိုင်ဖို့ အများကြီး လိုနေပါသေးတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ။