ကျော်ဇေယျ
မတ်- ၁၉
ပညာရေးဝန်ကြီးဌာနက ဖော်ဆောင်နေသည့် ဗဟိုချုပ်ကိုင်မှုလျော့ချကာ စာသင်ကျောင်းများသို့ ဘဏ္ဍာငွေခွဲဝေသည့် အစီအစဉ်အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၅၄ သန်း ထောက်ပံ့မည်ဟု ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ယခုရန်ပုံငွေကို သြစတြေးလျနိုင်ငံအစိုးရ၊ ဒိန်းမတ်နိုင်ငံအစိုးရနှင့် ဖင်လန်နိုင်ငံအစိုးရတို့က အဓိက ထည့်ဝင်ကူညီခြင်း ဖြစ်ပြီး ကမ္ဘာ့ဘဏ်က ဦးဆောင်လျက်ရှိသည့် အလှူရှင်ပေါင်းစုံ၏ဘက်စုံရန်ပုံငွေအစီအစဉ် ခေါင်းစဉ်အောက်မှတဆင့် ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ယခုထောက်ပံ့မည့်ရန်ပုံငွေဖြင့် နိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းများတွင် အားလုံးအကျုံးဝင်မှုတိုးတက်စေရေး၊ ဆရာအရည် အသွေးတိုးတက်စေရန်အားဖြည့်ရေးနှင့် ဆင်းရဲနွမ်းပါးကလေးများ၏ အတန်းကူးပြောင်းနှုန်းတိုးတက်စေရေးတို့တွင် အဓိ က ပံပိုးမည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။
ပညာရေးဝန်ကြီးဌာနက ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကတည်းမှ နိုင်ငံတစ်ဝှမ်းတွင် အကောင်အထည် ဖော်နေသော ယခုအစီ အစဉ်ကို ကမ္ဘာ့ဘဏ်က ပံ့ပိုးကူညီနေခြင်းဖြစ်ပြီး တိုင်းရင်းသားဒေသများရှိ စာသင်ကျောင်းများမှ ကလေးသူငယ်များကို ငွေကြေးထောက်ပံ့သည့် အစီအစဉ်များလည်း ပါဝင်သည်။