မန္တလေး – ၂၀၂၁ မေ ၃၁ (မော်ကွန်း)
မန္တလေးမြို့မှာ အရပ်ဝတ်နဲ့ လိုက်လံပစ်ခတ်ဖမ်းဆီးတာတွေ ရှိနေပေမယ့် သပိတ်တပ်ပေါင်းစုတွေဟာ ဒီကနေ့ မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးစုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ ချမ်းမြသာစည်မြို့နယ် ကျောင်းသားများသမဂ္ဂ၊ အမရပူရမြို့နယ် ကျောင်းသားသမဂ္ဂ အစရှိတဲ့ အဖွဲ့တွေစုပေါင်းပြီး မြို့တွင်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
ဒါ့အပြင် အောင်မြေသာစံကျောင်းပေါင်းစုံသပိတ်နဲ့ မဟာအောင်မြေလူထုသပိတ်စစ်ကြောင်းတို့ကလည်း မြို့တွင်းတစ်နေရာမှာ ပူးပေါင်းချီတက်ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမြို့တွင်းမှာ ယူနီဖောင်းနဲ့တင်သာမက အရပ်ဝတ်တွေနဲ့ပါ လိုက်လံစစ်ဆေးနေပြီး ပစ်ခတ်ဖမ်းဆီးမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း သံဃသပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပြီး သံဃာတော်အချို့နဲ့ လူအချို့ ဖမ်းဆီးခံခဲ့ရပါတယ်။
ဓာတ်ပုံ – RDM ၊ CJ
#Dailynews

