စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၁၉ (မော်ကွန်း)
စစ်ကိုင်း၊ မတ္တရာနဲ့ ဝက်လက်မြို့နယ်တွေက စစ်ရှောင် ၁၀၀၀ ဝန်းကျင်နေထိုင်နေတဲ့ ရေလယ်ကျွန်းဒေသကစစ်ရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၁၇ရက်နေ့မှာ မီးရှို့သွားတာကြောင့် အခက်အခဲတွေထပ်မံကြုံတွေ့နေရကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းက စစ်ရှောင်စခန်းဘက်ကိုစစ်ကြောင်းထိုးလာပြီးနောက် မီးရှို့သွားတာကြောင့် ယခုလက်ရှိစစ်ရှောင်တွေ နေထိုင်စားသောက်ဖို့အခက်ခဲတွေရှိနေတယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုတာဝန်ရှိသူ ကိုကောင်းကင်ကပြောပါတယ်။
” ကျွန်တော်တို့က စစ်ရှောင်စခန်းကိုရွာအပြင်မှာထားတာ၊စစ်ရှောင်စခန်းလို့လည်းရေးထားတယ်၊ ဒါကလုံးဝမှားစရာမရှိဘူး၊အဲ့ဒါကိုရှို့သွားတာပါ၊သတင်းပေးဒလန်ရှိလို့လို့လည်းထင်ပါတယ်”လို့ ကိုကောင်းကင်ကပြောပါတယ်။
စစ်ရှောင်စခန်းကို စစ်ရှောင်၂၀၀ ကနေစခဲ့တာဖြစ်ပြီး အခုချိန်မှာ မီးရှိူ့ခံရတဲ့ရွာများတာကြောင့်စစ်ရှောင်ဦးရေက ၁၀၀၀ ဝန်းကျင်ရှိလာပြီဖြစ်တယ်လို့သူကပြောပါတယ်။
“အခုလောလောဆယ်တော့ စစ်သားတွေကမီးရှို့သွားတော့ နေစရာရော ၊စားစရာရောမရှိတော့ဘူး၊နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ တစ်စုစီထားထားရတယ်၊ ရာသီဥတုက အေးတော့ စောင်၊ အနွေးထည်တွေ လိုအပ်နေတာ”လို့ ကိုကောင်းကင်ကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုဝင်ဘာ ၁၇ရက်နေ့ကစစ်ကိုင်းမြို့နယ်၊ စဥ့်ကိုင်တောင်ရွာ ၊ဝက်လက်မြို့နယ်၊ စဥ့်ကိုင်မြောက်ရွာ ၊ စစ်ကိုင်းမြို့နယ်တောင်ရင်း၊ တောင်ရွာ အပါအဝင် ရွာဆယ်ရွာကိုမီးရှို့သွားတယ်လို့ ပြောပါတယ်။
ရေလယ်ကျွန်းဒေသက စစ်ရှောင်တွေအတွက် စားနပ်ရိပ်က္ခာ ၊ နေရာထိုင်ခင်း၊ ဆေးဝါး၊ အနွေးထည်နဲ့စောင်တွေလိုအပ်နေပါတယ်။
ပုံစာ – မီးရှို့ခံရတဲ့စစ်ရှောင်စခန်း
ဓာတ်ပုံ – Supplied
#Dailynews

