ရန်ကုန် – ၂၀၂၁ နိုဝင်ဘာ ၃၀ (မော်ကွန်း)
NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ဟာ စစ်ကောင်စီရဲ့ စစ်ကြောရေးကနေ ပြန်လည်လွတ်မြောက်လာပြီး တစ်လကျော်အကြာမှာ နှလုံးရောဂါနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။
မုံရွာအောင်ရှင်ရဲ့ ဈာပနကို ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
မုံရွာအောင်ရှင်ဟာ အသက် (၇၇)နှစ်ရှိပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး နဲ့ ဒီလှိုင်းစာစောင်ရဲ့ အယ်ဒီတာချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
မုံရွာအောင်ရှင်ဟာ ယခင်က ပန်းနာရင်ကြပ်ရောဂါခံရှိပြီး နေအိမ်မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
#Dailynews

