ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၂၃ (မော်ကွန်း)
ပြီးခဲ့တဲ့ ဩဂုတ်လကစလို့ ဖားကန့်မြို့ကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ခဲ့တာဟာ ခုဆို သုံးလကျော်ရှိပါပြီ။
ဖားကန့်မြို့က ပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့စဉ်ရက်ဆက် လမ်းမတွေပေါ်တက်ပြီး ဆန္ဒပြနေဆဲပါ။
ဒီကနေ့ ဆန္ဒပြပွဲမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ခံကြိုဆိုခဲ့ကြပါတယ်။
#Dailynews

